မြန်မာအစိုးရ၏ အခြေအမြစ်မရှိစွပ်စွဲမှုများ ကိုထိုင်းက ပယ်ချ

၂၆ မေ ဘန်ကောက်၊                 ၊Freedom News Group

Thailand Rejects Burma Attack

ထိုင်း-မြန်မာဆက်ဆံရေးတင်းမာလာပါကမြန်မာဘက်မှ လက်တုံ့ ပြန်သည့်အနေဖြင့်နယ် စပ်ဂိတ်များပိတ်လိုက်ပါက ကုန်ဈေးနှုန်းများတက်လာမည်ကိုပြည် သူများစိုးရိမ်နေကြသည်
ထိုင်း-မြန်မာဆက်ဆံရေးတင်းမာလာပါကမြန်မာဘက်မှ လက်တုံ့ ပြန်သည့်အနေဖြင့်နယ် စပ်ဂိတ်များပိတ်လိုက်ပါက ကုန်ဈေးနှုန်းများတက်လာမည်ကိုပြည် သူများစိုးရိမ်နေကြသည်ဓာတ်ပုံ အေပီ

တနင်္ဂနွေနေ့ ကထုတ်ဝေသည့် မြန်မာ့ အလင်းသတင်းစာတွင် စစ်အစိုးရက အာဆီယံ အဖွဲ့ ၏ အလှည့်ကျ ဥက္ကဌ တာဝန် ယူထားသော ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည် ကို အလေးအနက် ကန့် ကွက်သည်ဟုဖေါ်ပြထားသော ကြေညာချက် ကိုထိုင်းအစိုးရက ပယ်ချလိုက်ကြောင်း မေလ ၂၆ ရက်နေ့ ထုတ်ဝေသည့် သည်နေရှင်း သတင်းစာ တွင်ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်က ထိုင်းနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌတာဝန်ယူထားသည့်အ
တွက်မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေ သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း
စုကြည်အားဖမ်းဆီးထောင်ချရန် ကြိုးစာမှု ကို အာဆီယံ နိုင်ငံများအနေဖြင့် စိုးရိမ်မိသဖြင့် ကြေညာချက်ထုတ်၍ ဒေါ်စုလွတ်မြောက်ရေးတောင်းဆိုရခြင်းဖြစ်သည် ဟု ဆိုသည်။

မေလ ၁၈ ရက်နေ့ က အာဆီယံအဖွဲ့ မှ မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်
တွင်“ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်
ရှောက်ခွင့်ပေးရန်” ထည့်သွင်းတောင်းဆိုထားသည်။

အာဆီယံအဖွဲ့ ၏ ထိုကြေညာချက်ကို ဥရောပ သမဂ္ဂ (အီးယူ) ကချီးကျုးခဲ့သည်။ဥရောပ-အာရှ ၀န်ကြီး အဆင့်ဆွေးနွေးပွဲ သို့ တက်ရန် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ သို့ ရောက်ရှိ နေသည့် ကဆစ် က“မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အနှောင့် အယှက် တစ်ခုခု ဖြစ်သွားမှာကိုထိုင်းနိုင်ငံအနေ နဲ့ မမြင်ချင်ပါဘူး မြန်မာ နိုင်ငံအနေ နဲ့ လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ နောက်နှစ် ရွေးကောက်ပွဲ တို့ အတွက် အရေးပါတဲ့ အချိန်တစ်ခုကိုရောက် နေပြီဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးသင့် ပါတယ်”ဟုသည်နေးရှင်းသတင်းစာကိုပြောသည်။

အာဆီယံ အထွေထွေ အတွင်းရေးမှုးချုပ် ဆူရင်ပစ်ဆူဝမ်ကလည်း မြန်မာစစ်အစိုးရ၏ လုပ်ပုံကိုင်ပုံများကို အာဆီယံ အဖွဲ့ ဝင် နိုင်ငံအားလုံးက စိတ်ပျက်ရသည် ဟုပြောသည်။

ဟနွိုင်းတွင် ကျင်းပနေသည့် ဥရောပ-အာဆီယံ အစည်းအဝေးတွင် လည်းမြန်မာ့ အရေးမှ ထိပ်တန်းရောက်ပြဿနာတစ်ခုဖြစ်နေပြီး ဥရောပသမဂ္ဂကမူ ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုထားသည်။

မြန်မာအစိုးရကမူ ထိုကြေညာချက်သည် အာဆီယံမှ ချမှတ်ထားသည့် ပဋိဥာဉ် ကို ချိုးဖောက်ရာ
ရောက်ပြီး အခြေအမြစ်လည်းမရှိ ဟုစွပ်စွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည် အား ယက်ထောရေကူးဝင်ရောက်သည် ကိုအကြောင်းပြု၍ မတရားအမှု
ဆင်ဖမ်းဆီးရာမှ မြန်မာစစ်အစိုးရမှာ နိုင်ငံတကာ ၏ ကန့် ကွက်ရှုံချဖိအားပေးမှုများကိုအလူးအ
လဲ ခံနေရသည်။