ယနေ့ အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ်သူပိုများလာ ၊ဗကသ နှင့် မျိုးဆက်သစ်လူငယ်အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးလှုံဆော်မှုပြုလုပ်

၂၆ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Students and Activists Launches Free Aung San Suu Kyi Campaign

Generation Wave အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးအတွက် ယနေ့ မနက်က ဒဂုံစင်တာတွင် ဖြန်ဝေခဲ့သည့် လက်ကမ်းစာစောင်
Generation Wave အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးအတွက် ယနေ့ မနက်က ဒဂုံစင်တာတွင် ဖြန်ဝေခဲ့သည့် လက်ကမ်းစာစောင်

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်တရားရုံးတွင် တရားစွဲဆိုထားသည့်သတ္တမမြောက်
နေ့ တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ)နှင့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး
(Generation Wave) တို့ က သမိုင်းလမ်းဆုံ၊ဘုရင့်နောင်လမ်းဆုံ နှင့် ရန်ကုန်မြို့ တွင်းပြေးဆွဲ
လျှက်ရှိ သော ခရီးသည် တင်မော်တော်ကားများပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုထားသော လက်ကမ်းစာစောင်များ ဖြန့် ဝေလျှက်ရှိကြောင်းသတင်းရရှိသည်။

ယနေ့ အင်းစိန်ထောင်ရှေ့တွင် လည်းဆန္ဒထုတ်ဖေါ်သူများပိုမိုများပြားလာပြီး ရဲနှင့် စွမ်းအားရှင်အပါအ၀င် လုံခြုံရေးအင်အားကိုလည်း တိုးမြှင့်ချထားသည်။ယနေ့ တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုချက် ပေးမည်ဖြစ်သည်။

ယနေ့ နံနက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ခင်ရီက သတင်းထောက်များနှင့် သံတမန်များအား ၁၅ မိနစ်ကြာသတင်းစာရှင်းလင်းပွဲငယ် တစ်ခုပြုလုပ်ခဲ့သည် ။ထိုသတင်းစာရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ်သက်တမ်းပြည့်ချိန်တွင်ပြန်လွှတ်ပေးသင့် မပေးသင့်စဉ်းစားနေ ခိုက် ယက်ထော ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည် ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ သံတမန်များ နှင့် သတင်းထောက်များကို တရားရုံးထဲသို့ ဝင်ခွင့်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြည်တွင်းရော ပြည်ပမှာပါ လှုပ်ရှားမှုများပြင်း
ထန်လာရာ ပြည်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသည့် 
မျိုးဆက်သစ်လူငယ် အစည်းအရုံး (Generation Wave)မှာ ၂၀၀ရ ခုနှစ် စက်တင်ဘာ လရွှေဝါရောင် တော်လှန်ရေးနှင့် အတူ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

One thought on “ယနေ့ အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ်သူပိုများလာ ၊ဗကသ နှင့် မျိုးဆက်သစ်လူငယ်အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးလှုံဆော်မှုပြုလုပ်

Comments are closed.