၂၇ မေ ရန်ကုန်၊ ၊ယူကွန်
Six Years of Aung San Suu Kyi House Arrest Security Tightened Up

ဒေါ်အောင်ဆန်းစုကြည်အားနေ အိမ်အကျယ်ချုပ်ချထားသည့် သက်တမ်းခြောက်နှစ်ပြည့်သည့် ယနေ့ မေ လ ၂ရ ရက်နေ့ လင်းအာရုဏ်တက်ချိန်မှ စ၍ ရန်ကုန်မြို့ တွင်းရှိ လမ်းဆုံလမ်းခွနေရာ
တိုင်းတွင် ရဲကားရော စစ်ကားများပါ ချထားသည်။
လှည်းတန်းလမ်းဆုံတွင် တာဝန်ကျသော စစ်ဗိုလ်တစ်ဦး၏ Freedom News Group သို့ ပြောပြ
ချက်အရ တောင်တွင်းကြီးနှင့် မကွေးဘက် တွင် တာဝန်ကျသော စစ်တပ်အချို့ ကိုပင်ရန်ကုန်သို့ ဆင့် ခေါ်ပြီးဖြစ်သည် ဟုဆိုသည်။
ယမန်နေ့ မေလ ၂၆ ရက်နေ့ ည က ဆူးလေဘုရားလမ်းအောက်လမ်း (ပန်းခြံမှ ကမ်းနားအထိ )
လမ်းမကြီးကို ယာဉ်သွားလာခွင့်မပေးပဲ ပိတ်ထားသည်။ လှည်းတန်း ဆင်မလိုက် ကုန်းတံတားအဆင်းနှင့် ရွှေဂုံတိုင် ဘိုးဘွားရိပ်သာ အနီးတွင်လည်း မော်တော်ကားများကို ရပ်တန့် ၍ ရှာဖွေစစ်ဆေးမှုများပြုသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်သက်တမ်းခြောက်နှစ်ပြည့်ချိန်တွင် ပြန်လွှတ်ရ
မည်ဖြစ်သော် လည်းစစ်အစိုးရကအမေရိကန်နိုင်ငံသားယက်ထောရေကူးဝင်ရောက်
မှုကိုရိုးမယ်ဖွဲ့ ၍ အမှုဆင်ကာ အင်းစိန်ထောင် တွင်း၌ ဖမ်းဆီးတရားစွဲဆိုထားသည်။
သမိုင်းလမ်းဆုံတွင် စစ်ကားနှစ်စီးအပါအ၀င် ရဲကားခြောက်စီးထိချထားပြီး မြို့တော်ခန်းမရှေ့နှင့် ပြည်ထဲရေးရုံး အဟောင်းနေ ရာတို့ တွင် လမ်းပေါ်၌မော်တော် ကားများအရှိန်မြှင့်မောင်းနှင်း နိုင်ခြင်း
မပြု နိုင်ရန် အတားအဆီးအချို့ ချထားသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင် တွင်းရှိ တရားရုံးတွင် အဌမ မြောက်နေ့ အဖြစ်
တရားစွဲဆိုထားမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
