စစ်အစိုးရက လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ကို ပယ်ချသည့်အကြောင်း မြန့် မာ့ရုပ်မြင်သံကြားမှယနေ့ ထုတ်လွှင့်
၂ရ မေ ရန်ကုန်၊                   ၊တင်ကျော်ကျော်စိုး
Burma Junta Rejects UNSC Demand Release Aung San Suu Kyi And All Political Prisoners
ရွေးကောက်ပွဲ ၁၉ နှစ်ပြည့်ရန်ကုန်မြို့ တွင် ဖေါက်ခွဲရေးသမား၂၉ ဦးရောက်နေပြီဟု စစ်အစိုးရ လိုလားသော အုပ်စုများကစာဝေ
ရွေးကောက်ပွဲ ၁၉ နှစ်ပြည့်ရန်ကုန်မြို့ တွင် ဖေါက်ခွဲရေးသမား၂၉ ဦးရောက်နေပြီဟု စစ်အစိုးရ လိုလားသော အုပ်စုများကစာဝေ
(သတင်းနှင့်သတင်းသုံးသပ်ချက်)
မေလ ၂၂ ရက်နေ့ နေ့ စွဲဖြင့်   ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုမှုကို မြန်မာစစ်အစိုးရက ပယ်ချလိုက်ကြောင်းကိုယနေ့ ညမြန်မာ့ရုပ်မြင်သံကြားအစီအစဉ် မှထုတ်လွှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးတရားစွဲဆို ထားခြင်းသည် နိုင်ငံရေးအရ အကျိုးသက်
ရောက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာ နိုင်ခြင်းမရှိ သဖြင့် ဥပဒေ နှင့် အညီ ဆက်လက်အရေးယူ
မည်ဟုကြေညာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်နေ အိမ်အကျယ်ချုပ်ဖြင့် ကန့် သတ်ထားသော ကာလ အတွင်း၂၀၀၉ ခုနှစ်မေလ အတွင်းသူမ၏ နေအိမ်သို့ တရားမ၀င် လှို့ဝှက် ၀င်ရောက်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်ထော အား နှစ်ရက်တိုင်နေထိုင်ခွင့်ပြုခြင်း၊
လက်ခံစကားပြောခြင်းအစားအသောက်များကျွေးမွေးခြင်းတို့ကြောင့် ဥပဒေ နှင့် အညီ
အရေးယူဆောင်ရွက်ချက် ကို ဆက်လက်လုပ်ဆောင်မည် ဟု ကြေညာသွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသား များအားယခင် လများက လွှတ်ပေးခဲ့ပြီးဖြစ်သောကြောင့် စစ်အစိုးရအနေဖြင့်လမ်းပြမြေပုံပါ အချက်များအတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ပဉ္စမ အဆင့်ဖြစ်သည့် ရွေးကောက်ပွဲကို ဆက်လက်၍ လုပ်ဆောင်သွားမည် ဟု ကြေညာခဲ့သည်။
ထိုကြေညာချက် နှင့် ပတ်သက်၍ ရန်ကုန်မြို့ ရှိ သတင်းစာဆရာ ကြီးတစ်ဦးက “ဝေ့လည်ကြောင်
သတင်းတပ်ယမန် နေ့ ကလည်း အင်းစိန်ထောင်းတွင်း ရှိ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ နှင့်ဖွဲ့ တပ်ဖွဲ့ မှုး ရဲမှုးချုပ် မြင့်သိန်း ဒုရှေ့နေ ချုပ် ဦးမြင့်နိုင် တို့ ၁၀/က ၁၀/ခ ပုဒ်မတို့  နှင့် ပတ်သက်၍ ပြောဆိုမှု များကို ထုတ်လွှင့် ခဲ့သည်။
(ထို သတင်းနှင့် ပတ်သက်၍ ဘန်ကောက်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူ ဦးကျော်လင်းဦး၏
သုံးသပ်ချက်)
ဒေါ်စုကို တရားရုံးတင်ပြီး တရာစွဲတာဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုမရှိဘူးလို့ ပြောတာ အံ့သြတယ်။ ခု အဲဒါဘယ်လောက် အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာ အာစီယံအပါအ၀င်၊ လုံခြံုံရေး ကောင်စီတို့၊ ဥရောပသမဂ္ဂ တို့၊ နောက်အမေရိကန်တို့က ကျယ်ကျယ်လောင်လောင်ပြောဆိုလာတာ
ဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုပဲပေါ့။ နောက်ပြီး အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေအပါအ၀င် ကိုယ်စာလှယ်ပေါင်း ၁၀၀၀ ကျော်နဲ့တွေ့ဆုံးဆွေးနွေးရေးဖြစ်ခဲ့တယ်ဆိုတာလဲ အငြင်းပွားဖွယ်ပဲ။ အဲဒီလို စစ်အစိုးရဘက်က တရားဝင် ကြေငြာချက်ထုတ်တာကို ဘာမှ မပြောလိုပေမယ်၊ ဒါဟာ ပြသနာတွေကို ဖြေရှင်းတာမဟုတ်ဘူးဆိုတာ သူတို့ဟာ သူတို့လဲသဘောပေါက်ပါတယ်။ ဒီကြေငြာချက်ကြောင့် အခု လုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာက ဝေဖန်နေတဲ့ ဖိအား ပေးမှုတွေ ရပ်သွားမှမဟုတ်သလို၊ သူတို့ပြောသလို ဒေါ်စုကို ဥပဒေအရ ဆက်လက်အပြစ်ပေးထောင်ချသွားမယ်ဆိုယင် ပြည်ပကနေ သာမကပဲ ပြည်တွင်းမှာပါ အုံကြွမှုတွေဖြစ်နိုင်တယ်။ စစ်တပ်အတွင်းက မကျေနပ်မှုတွေ ပေါက်ကွဲလာပြီး စစ်အစိုးရအတွက် ခုထက်ပိုဆိုးတဲ့ အနေအထေားကို ရောက်သွားမှာဖြစ်တယ်။ ခုဆိုယင် အပစ်အခတ်ရပ် တိုင်းရင်းသားတွေကို နယ်ခြားစောင့်တပ် ဖွဲ့ရေးကိစ္စဟာ မရေရာတဲ့ အနေအထားမှာရှိနေတယ်။ ဒီအခြေအနေမှာ ဒေါ်စု နဲ့ အယင်ပြေလည်အောင် လုပ်ပြီးမှ တိုင်းရင်းသားအရေးကို ကိုင်တွယ်သင့်တယ်။ ဒါမှမဟုတ်ယင် တခြားနိုင်ငံတွေရဲ့ ပယောဂတွေ ပါလာပြီး တိုင်းရင်းသား တွေကို နယ်ခြားစောင့်ဖွဲ့ရေး၊ ဒါမှမဟုတ် လက်နက်ဖြုတ်သိမ်းရေးဟာ အောင်မြင်မှာမဟုတ်ဘူး
ဟု ဦးကျော်လင်းဦးက ပြောသည်။