ချံပီယံလိဂ်ကောင်းမှု ကြောင့်အပေါင်ဆိုင်များအလုပ်ဖြစ်

၂၈ မေ ရန်ကုန်၊                    ၊ယူကွန်

The United Fans Loose in Champion League Betting

ပွဲမစခင်တွေ့ ရသည့်မန်ယူ ပရိသတ်များ ဓာတ်ပုံ-တယ်လီဂရဖ်
ပွဲမစခင်တွေ့ ရသည့်မန်ယူ ပရိသတ်များ ဓာတ်ပုံ-တယ်လီဂရဖ်

မေလ၂ရရက် နေ့ ကအီတလီ နိုင်ငံရောမမြို့ တွင် ကျင်းပခဲ့သည့် ဥရောပချံပီယံလိဂ်ဗိုလ်လု
ပွဲစဉ်တွင်ဘာကာဟု မြန်မာဘောလုံးပရိသတ်တို့ ခေါ်ဝေါ်ကြသည့် စပိန် ဘောလုံးကလပ် အသင်း ဘာစီလိုနာက အင်္ဂလန်အသင်း မန်ချက်စတာယူနိုက်တက် ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရလိုက် သောကြောင့် မန်ယူဘက်မှ လောင်းကြေးထပ်ထားသည့် မြန်မာပရိတ်သတ်တို့ လောင်းကြေးငွေ အပြည့်ရှုံးနိမ့်ခဲ့ကြသည် ဟု သတင်းရရှိ သည်။

မြန်မာဘောလုံးဝါသနာရှင် များနှင့် ဘောလုံးပွဲလောင်းသူများစိတ်ကြိုက် အသင်းတစ်သင်း
ဖြစ်သည့်မန်ယူ အသင်းမှာ ချံပီယံ လိဂ် ဗိုလ်လုပွဲစဉ်တွင် ရှုံးနိမ့်သွားသောကြောင့် မန်ယူ
ဘက်မှဘောလုံးပွဲလောင်းကြေးထပ် ထားသူများမှာ ရှုံးနိမ့်  သွားကြောင်းသိရသည်။

မြန်မာစံတော်ချိန် နံနက် နှစ်နာရီတွင် ကျင်းပသောချံပီယံလိဂ် ဖိုင်နယ်ပွဲစဉ်နှင့် ပတ်သက်၍ အငှားတက္ကစီ ယာဉ်မောင်းသူတစ်ဦးက “ကျွန်တော်လည်းဒီရက်ပိုင်းလမ်းတွေ ပိတ်ထားလို့ အုံနာခ မကြေတာနဲ့ တစ်ဗုံး(မြန်မာငွေ တစ်သိန်း)မန်-ယူဘက်က တင်လိုက်တာ အကုန်ပြောင် ရော အီတိုး နှိပ်စက်တာလေ” ဟု Freedom News Group သို့ ပြောသည်။

ချံပီယံလိဂ် ဗိုလ်လုပွဲ အတွက် လည်ပယ်ဆယ်ပြားအရှုံးဖြင့်မန်ယူက အထက်ကြေးပေါက်သော်
လည်းနှစ်ဂိုးဂိုးမရှိ ဖြင့်ရှုံးနိမ့်သော ကြောင့် တင်ထားသမျှ အကုန်ပါ ၍ နက်ဖြန် တွင် ငါးမူးသားဆွဲ
ကြိုးကို အပေါင်ဆိုင် ပို့ ရတော့မည် ဖြစ်ကြောင်း တောင်ဥက္ကလာ ပုဏ္ဏမီ ရှိ ကိုအောင်မင်းက ပြောသည်။

မန်ယူ အသင်းရှုံးနိမ့် သောကြောင့် ရန်ကုန်မြို့ တွင်ဘောလုံးပွဲလောင်းသူ အများစုမှာ လောင်းကြေးငွေ ရှုံးနိမ့်ခဲ့ သည့် အတွက် နောက်တစ်နေ့ မနက်တွင် အပေါင် ဆိုင်များ အလုပ်ဖြစ်သည်ဟုသိရသည်။

မြောက်ဥက္ကလာ ခြောက်ကွေ့ အနီးရှိ ရေစက် အပေါင် ဆိုင်မှ ၀န်ထမ်းတစ်ဦးက “မနက် မိုးလင်းဆိုင်ဖွင့် ကတည်းက လာပေါင်ကြတာ မနည်းဘူးစက်ဘီး၊ဆွဲကြိုး၊ဟန်းချိန်း၊လက်စွပ်
ကများတယ်တချို့ လည်း တီဗွီ ၊ရေခဲ သေတ္တာ ၊အောက်စက် လာပေါင်ကြတာ ပိုက်ဆံတောင်
ပြတ်သွားတယ် “ဟု အဆိုပါဆိုင် ၀န်ထမ်း ကပြောသည်။

ဘောလုံးပွဲလောင်းကြေးငွေရှုံးမှုကြောင့် အခြေခံလူတန်းစာ အလွှာမှာ ထိုကဲ့သို့ အပေါင်ဆိုင်ကို အားကိုးရသော် လည်း ငွေကျပ်သိန်းရာချီလောင်းသများမှာ မူ ရန်ကုန်မြို့ ရှိ စိန်ထည်၊ရွှေထည် အပေါင်ခံသူများ နှင့် လက်ကြီး ပစ္စည်းအပ် လက်ခံသူများကို အားကိုးရသည်  ဟုသိရသည်။

လမ်းကျယ် ကားပွဲ စားတန်းမှ ၀ယ်ရောင်းတစ်ဦးက “ဒီနေ့ ဘောလုံးပွဲရှုံးတဲ့ ဗိုက်နာ ကားတွေအများကြီးပဲ မာတ်တူး ၉၈ ကိုတောင် သုံးရာရင် ထုတ်မယ်ဆို တဲ့ သူတောင်ရှိ တယ် ”
ဟုပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းပြည်စီးပွားရေးအခြေအနေ ကြောင့် လောင်းကစားလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သဘောထားကာ ပြည်သူများက လုပ်ဆောင်လာကြသည်။

(ယခင်သတင်း) ချီပီယံလိဂ် ဖိုင်နယ်ပွဲ တွင် လောင်းကြေးငွေပဏာမ ကျပ်ငွေသိန်းဘီလျှံ ၉၀ ကျော်ထိလောင်းကြေးထပ်ကျမည်