၂၈ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Lone Protesters Protests Outside Insein Prison

ယနေ့ ထုတ်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စသည် နိုင်ငံရေးအရအကျိုးတစ်စုံတစ်ရာ သက်ရောက်မှုမရှိ ဟု စစ်အစိုးရကပြောကြားပြီး နာရီအနည်းငယ် အတွင်းမှာပင် အင်းစိန်ထောင်ရှေ့ နှင့် တောင်ဥက္ကလာ ကေတုမာလာ လမ်းဆုံတို့ တွင်ဆန္ဒပြ မှု များဖြစ်ပွားခဲ့သည်။
အင်းစိန်ထောင်ဂိတ်ဝရှေ့ဆန္ဒပြ မှုတွင် အငြိမ်းစားလေတပ် အရာရှိ ဟောင်း အသက် ၅၆ နှစ်အရွယ်ရှိ ဗိုလ်ကြီး ဇော်ညွန့် ဖြစ်သည်။ဒေါ်အောင် ဆန်းစုကြည်ကိုအမြန်လွှတ် ဟူသော စာသားကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ပိတ်စအဖြူရောင်ကို ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ကြွေးကျော်ပြီး ဆန္ဒပြခြင်းဖြစ်သည် ။
ဒေါ်စုလွတ်မြောက်ရေးအတွက် ဆန္ဒပြသူအား ရဲနှင့်အရပ်ဝတ်ထောက်လှမ်းရေးများမှ ချက်ခြင်း
ဖမ်းဆီးသွားပြီး ဟိုင်းလပ်(စ်) တိုင်းဂါးအမျိုးအစား အနီရောင် ကားနံပါတတ် ၂ဂ/၉၅၅၉ သို့ တင်ဆောင်သွားသည်။ သူ နှင့် အဖေါ်အဖြင့်ပါလာ ဟန် တူ သည့် အမျိုးသားတစ်ဦးကို လည်းရဲမှ ထပ်မံဖမ်းဆီးကာ ကားပေါ်သို့ ထပ်မံခေါ်ဆောင် သွားသည်။
ဒေါ်စုလွတ်မြောက်ရေးအတွက် ထောက်ခံဆန္ဒပြသူ ကို ရဲကဖမ်းဆီးချိန်၌ ထောင်အရှေ့မှ
ဆန္ဒထုတ်ဖေါ်သူများ က အနားကပ်လာသော် လည်းလုံ ထိန်းရဲ အဖွဲ့ က ထိုနေရာကို
စက်ဝိုင်းခြမ်းပုံစံဖြင့် ၀ိုင်လိုက်ကာ အသင့်ပါလာ အလူမီနီယံ ဒိုင်းနှင့် နံပါတ်တုတ်များ ဖြင့်
ကာလိုက်သည်။
ယနေ့ ညနေ လေးနာရီခန့် ကလည်း တောင်ဥက္ကလာပ ကေတုမာလာ လမ်းဆုံတွင်ပတ်
ဘလစ်ကာ ကားတစ်စီးပေါ်မှ လူငယ် လေးဦး ခန့် ဆင်းလာပြီး ဒေါ်စု လွတ်မြောက်ရေး အတွက်မြန်မာဘာသာဖြင့်ရေးသားထားသော ပိုစတာ တစ်ခုကို လမ်းဆုံရှိ မီတာရုံးတွင် ကပ်ပြီးနောက် ဒေါ်အောင်ဆုကြည်အမြန်ဆုံးပြန် လွှတ်ပေးဟု ကြွေးကျော်ကာ ချက်ချင်းပင်
မော်တော်ကားပေါ်တက် ၍ ဒဂုံမြို့သစ်ဘက်သို့ မောင်းထွက်သွားသည် ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးက Freedom News Groupသို့ ပြောသည်။
ရန်ကုန်မြို့ တွင် အာဏာပိုင်များကလည်း ဆန္ဒပြပွဲ နှင့် ဗုံးပေါက်ကွဲမှု များဖြစ်ပွားလာမည် ဟုအချို့နေရာများတွင် သတိပေးကာ လုံခြုံရေးများတိုးမြှင့်ချထားသည်။
