မော်လမြိုင် မြန်မာ့ စီးပွားရေးဘဏ်နှင့် အစိုးရရုံးများ အနီးတွင် ပေါက်ကွဲမှုသုံးခုဖြစ်

၂၇ ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Three Bombs Blasts  in Moulmein

ရွေးကောက်ပွဲ နှစ်ပတ်လည်အခမ်းအနားကျင်းပနေချိန်တွင် အဖွဲ့ ချုပ်ရုံးရှေ့ဉ်နယ်စပ်မှဖောက်ခွဲရေးသမားများဝင်လာပြီဆိုသောစာများကားတစ်စီး ပေါ်မှကျဲချအပြီး (AP Photo)
ရွေးကောက်ပွဲ နှစ်ပတ်လည်အခမ်းအနားကျင်းပနေချိန်တွင် အဖွဲ့ ချုပ်ရုံးရှေ့ဉ်နယ်စပ်မှဖောက်ခွဲရေးသမားများဝင်လာ ပြီ ဆိုသောစာများကားတစ်စီး ပေါ်မှကျဲချအပြီး (AP Photo)

မွန်ပြည်နယ် ၏ မြို့တော်မော်လမြိုင် မြို့ လယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး၊အကောက်ခွန်ရုံး နှင့်စည်ပင်ရုံးတစ်ရုံးအနီးတို့ တွင်ယနေ့ ညနေငါးနာရီခန်အချိန်ကမိနစ်အနည်းငယ်ခြားပြီးပေါက်
ကွဲမှုသုံးကြိမ်ဖြစ်ခဲ့သည်။ဒေသခံများက ဗုံးပေါက်ကွဲသည် ဟု ပြောကြသော် လည်း
မျက်မြင်တွေ့ ရှိသူများက မည်သို့ သောပေါက်ကွဲမှု မျိုးဖြစ်သည်ကိုမှန်းဆရခက်ပြီး
အကြီးစားပေါက်ကွဲမှု တစ်ရပ် ဟုဆိုသည်။

အင်အားမပြင်းထန်လှသော ထိုဗုံးများ၏ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု နှင့်သေပျောက်မှုလည်းမရှိဟု မျက်မြင်တွေ့ ရှိခဲ့သော တက္ကသိုလ်ကျောင်းသားတစ်ဦးက Freedom News Groupသို့ ပြောသည်။

ဗုံးပေါက်ကွဲ မှုကြောင့် မော်လမြိုင်မြို့ တွင်လုံခြုံရေးတင်းကျပ်ထားသော်လည်း ဒေသခံများစိုးရိမ်
ထိတ်လန့် မှုမရှိဟု သိရသည်။တနင်္လာနေ့ ကစစ်အစိုးရထုတ်မြန်မာ့ အလင်းသတင်းစာတွင် နေပြည်တော် ဘူတာရုံရှိ အဆန်ရထားတစ်စီး ၏ အိမ်သာထဲတွင် အသင့်ချိန်ကိုက်ထားသော ဗုံးတစ်လုံးတွေ့ ရှိသည် ဟု ဖေါ်ပြထားသည်။

ထိုဗုံးကိုထောင်ထားသည် မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားများတပ်ဦး
(ABSDF)၏ လက်ချက် ဟု စစ်အစိုးရ သတင်းစာများက စွပ်စွဲထားသည်။မော်လမြိုင်တွင် ဗုံးသုံးလုံးပေါက်ကွဲသည့် နေ့ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရွေးကောက်ပွဲ တွင် အနိုင်ရသည့် ၁၉ နှစ်မြောက်နေ့ ဖြစ်သည်။

ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင် ရွေးကောက်ပွဲအောင်နိုင်ခြင်း
၁၉နှစ်မြောက် နှစ်ပတ်လည် ကျင်းပနေစဉ် အတွင်း အရှိန်ဖြင့်မောင်းလာသော ကားတစ်စီးက ဖောက်ခွဲရေးသမားများရန်ကုန်မြို့ တွင်းရောက်ရှိလာပြီ ဟု ရေးသားထားသောစာများ အဖွဲ့ ချုပ်ရုံးရှေ့တွင်ကျဲချသွားသည်။

ယနေ့ ဗုံးပေါက်ကွဲသည့် မော်လမြိုင်မြို့ သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော် ရန်ကုန် နှင့် ကီလိုမီတာ၁၆၀ (မိုင်၁၀၀)သာ ဝေးသည်။မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ ၏အထင်ကရစီးပွား
ရေးမြို့တော်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန် အကျဉ်းထောင်အတွင်းမတရားအမှုဆင်ဖမ်းဆီး၍ တရားစွဲ
ဆိုထားစဉ် အတွင်းပေါ်ပေါက် နေသော နိုင်ငံရေးမငြိမ်မသက် မှုများကိုအာရုံလွှဲရန် စစ်အစိုးရက
ယခု ကဲ့သို့ ဗုံးများဖေါက်ခွဲ နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ရှိ အလှဖန်တီးရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။