ဆန္ဒပြပွဲများဖြစ်ပွားပါက ဓာတ်ပုံရိုက်သူကိုလည်းဖမ်းရန် စွမ်းအားရှင်များကိုလည်း ညွှန်ကြားထား

၂၉ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Junta Wanted Citizen Journalists

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူကို စွမ်းအားရှင်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများက ဖမ်းဆီးနေ စဉ် ဓာတ်ပုံ-ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူကို စွမ်းအားရှင်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများက ဖမ်းဆီးနေ စဉ် ဓာတ်ပုံ-ဒီဗွီဘီ

ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ဆန္ဒပြသူသာမက အနီးရှိ ဓာတ်ပုံ ၊ဗီဒီယို ကင်မရာ မှတ်တမ်းတင်
သူများကို လည်းဖမ်းဆီးရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုးက နေ့ စားဖြင့် စောင့်ကြည့်ဖမ်းဆီးရေးတာဝန်
ကို ယူထားသော စွမ်းအားရှင် များနှင့် ကြံဖွတ်များ ကိုညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ၏ လူစည်ကားရာနေရာများတွင် ရဲလုံခြုံရေးများနှင့်အတူ အသင့်ချထားသော စွမ်းအား
ရှင်နှင့် ကြံ့ဖွတ် များကို ရဲတပ်ဖွဲ့ ၏ အမိန့် ပေးမှု အောက်တွင် ထားရှိ သည် ဟု ရန်ကင်းမြို့ နယ်မှ ရ၀တ အဖွဲ့ ဝင် တစ် ဦးက Freedom News Group သို့ ပြောသည်။

ထိုဆယ်အိမ်ခေါင်းက ဆက်၍ “ကျွန်တော် တို့ ရပ်ကွက် က နှစ်ယောက်ဒီနေ့ ထောင်ရှေ့ လုံခြုံရေးအတွက် နှစ်ယောက်ထည့် ရတယ် သူ တို့ ကို ရဲမှုးတစ်ယောက်က ဆန္ဒပြတာတွေ ဘာတွေဖြစ်ရင်ဆန္ဒပြသူရော ဓာတ်ပုံရိုက်သူပါ ဖမ်းဖို့ အမိန့် ပေးထားတယ် လို့ သူတို့ ကပြန်ပြောပြတယ် ”ဟုပြောသည်။

ဆန္ဒပြသူများကို မိပါက ဖမ်းပေးသူများကို အပိုဆောင်းဆုငွေ ထပ်ပေးအုံးမည် ဟု အဆိုပါရဲမှုးက တန်းဖြုတ်ချိန် တွင် ထီဆိုင်များကြော်ငြာသလို မက်လုံးပေးပြောကြားသည်။

ဒေါ်စု အားထောင်ချလျှင်ရန်ကုန်မြို့ တွင် ဆန္ဒပြပွဲများဖြစ်ပွားလာ မည် ဆိုသည့် ဂယက်ကြောင့်
လုံခြုံရေးများတင်းကျပ်ထားသည်။

ယနေ့ အင်းစိန်ထောင်ဂိတ်ဝရှေ့တွင် ဆန္ဒပြ မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အငြိမ်းစားလေတပ် အရာရှိ ဟောင်း အသက် ၅၆ နှစ်အရွယ်ရှိ ဗိုလ်ကြီး ဇော်ညွန့် ဖြစ်သည်။ဒေါ်အောင် ဆန်းစုကြည်ကို
အမြန်လွှတ် ဟူသော စာသားကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ပိတ်စအဖြူရောင်ကို ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ကြွေးကျော်ပြီး ဆန္ဒပြခြင်းဖြစ်သည် ။

ဆန္ဒပြသူ ဗိုလ်ကြီးဇော် ညွန့် အပါအ၀င် အခြားဓာတ်ပုံရိုက်ကူးသူ တစ်ဦးလည်း တစ်ချိန်တည်းတွင်အဖမ်းခံရ သည် ဟု ဆို သည်။ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန်ထောင်တွင်း ဖမ်းဆီးထားပြီးအမှု စတင်စစ်ဆေးသည့် နေ့ မှ စ၍ တက်ကြွသူ အနည်းဆုံးငါးယောက် နှင့် ဓာတ်ပုံရိုက်ကူးသူ နှစ်ယောက်ထက် မနည်း
ဖမ်းဆီးထာပြီးဖြစ် သည် ဟု သတင်းရရှိသည်။

ယခုကဲ့ သို့ ဓာတ်ပုံဆရာများကို ဖမ်းဆီးခိုင်းခြင်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးက
လက Citizen Journalists များ၏ ကြိုးပမ်းမှု ကြောင့် စစ်အစိုးရ၏ လူမဆန်မှု များကို ကမ္ဘာက
မျက်ဝါးထင် ထင် ဓာတ်ပုံ၊ဗီဒီယို များဖြင့် တွေ့ ရှိ သွားသောကြောင့် ဟု ဆိုသည်။

One thought on “ဆန္ဒပြပွဲများဖြစ်ပွားပါက ဓာတ်ပုံရိုက်သူကိုလည်းဖမ်းရန် စွမ်းအားရှင်များကိုလည်း ညွှန်ကြားထား

  1. ထို သူများ ၀ဋ် မှာငရဲ ငရဲမှ တပါးအခြားမရှိ…

Comments are closed.