ကျန်းမာရေး မကောင်းစဉ် မတရားဖမ်းဆီးတရားစွဲဆို ခံထားရသည့် ဒေါ်စု လွတ်မြောက်ရေး အမေရိကန် ဟစ်ဟောပ် အဖွဲ့ လှုံဆော်မည်

၃၀ မေ  ချားလော့ မြောက်ကာရိုလိုင်းနား၊                      ၊FNG

Black Eyed Peas Campaign for Burma Democracy Icon

အင်းစိန်ထောင်တွင်းမတရားဖမ်းဆီးတရားစွဲ ဆိုခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်
ရေးအတွက် နိုင်ငံတကာရှိ အနုပညာရှင်များက လည်းသူမအားလွှတ်ပေးရန် တောင်းဆိုတိုက်တွန်း
ခဲ့ကြသည်။အမေရိကန် Hip Hop အဖွဲ့ တစ်ခုဖြစ်သည့် Black Eyed Peas အဖွဲ့ ကမူ ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ သူတို့ ဖျော်ဖြေရေးပွဲ စဉ် များတွင် ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံဆော်မှုများပြုသွားမည်ဖြစ်သည်။၂၀၀၆ ခုနှစ်က ဘန်ကောက်တွင် ဖျော်ဖြေခဲ့သည့် ပွဲစဉ် ၌ ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံဆော်မှုများပြုခဲ့သည်။