၃၀ မေ ရန်ကုန်၊ ၊ယူကွန်
Flash Flooded in Rangoon City
မေလ ၂၉ ရက်နေ့ ကတည်းက မြန်မာနိုင်ငံရန်ကုန်မြို့ တွင်မိုးသည်းထန်စွာရွာသွန်းသဖြင့် နေ ရာ
အချို့ တွင်ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေသည် ။ မေလ ၃၀ ရက် မနက် အစောပိုင်းကတည်းက
ဆက်တိုက် ရွာသွန်းသော မိုးကြောင့် လမ်း၅၀ တစ်ဝိုက် ဗိုလ် တစ်ထောင် ၊ရေကျော် နှင့် မင်္ဂလာ
တောင်ညွန့် မြို့ နယ်များတွင် ရေမြောင်းများပိတ်ဆို့ ပြီးလမ်းမပေါ်တွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
မြောက်ဥက္ကလာ နှင့် တောင်ဥက္ကလာ တွင် လည်း ရေကြီးမှုများရှိ ပြီး သံသုမာလမ်း နှင့် သစ္စာလမ်း
တစ်ဝိုက်တွင် ရေမြောင်းများပိတ် ဆို့ မှုကြောင့် နေအိမ်များထဲထိရေများဝင်ရောက်သည်။
မြို့ ပတ်ရထားလမ်း နှင့် ရန်ကုန် -မန္တလေးမီးရထားလမ်း ပုသိမ်ညွန့် ဘူတာနေရာတွင် မီးရထားသံ
လမ်းပေါ်ရေကျော် ခြင်းကြောင့် ရထားခရီးစဉ် များနှောင့်နှေးသည် ဟုသိရသည်။ဘောက်ထော်၊အ
ဝိုင်းလေး နှင့် ကြားမှတ်တိုင်ဘက် တွင်လည်းရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။
