၃၀ မေ စင်္ကာပူ၊ ၊Freedom News Group
U.S Defense Secretary call for Aung San Suu Kyi Release

အမေရိကန်ကာကွယ်ရေးဝန်ကြီးရောဘတ်ဂိတ်က ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်း
သားများ အမြန်ဆုံးပြန်လွှတ်ပေးပြီး စစ်အစိုးရ နှင့် အတိုက်အခံများကြားတွင် အဓိပ္ပာယ်ပြည့်ဝသော
တွေ့ှဆုံဆွေးနွေးပွဲ များအမြန်ဆုံးကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်အားစစ်အစိုးရမှ ဖမ်းဆီးထိမ်းသိမ်းထားသည့် ခြောက်နှစ်ပြည့် နေ့ တွင် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သောပြောင်းလဲမှုများကိုမြင်ချင်ကြောင်း ထို့ အတွက်ကြောင့် ဒေါ်အောင်ဆန်း
စုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရ မည် ဖြစ်ကြောင်း အဆင့်မြင့် အရာရှိ များ၏ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ အတွက် စင်္ကာပူ နိုင်ငံ တွင် ရောက်ရှိနေ သော
အမေရိကန် ကာကွယ်ရေး ၀န်ကြီးက သတင်းထောက် များကို စနေနေ့ တွင်ပြောသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းပြည့်ခါနီးတွင် ဆက်လက်
ဖမ်းဆီးထားနိုင်ရေး အတွက် မတရား အပြစ်ရှာကာ တရားစွဲ ဆိုခြင်း အတွက် နိုင်ငံတကာက ပြစ် တင်ဝေဖန်မှုများ ရှိသည်။
စင်္ကာပူတွင် ကျင်းပနေသော အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာ ဒုကာကွယ်ရေးဝန်
ကြီး ဗိုလ်ချုပ်အေးမြင့်လည်းတက်ရောက်သည်။
