တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(မေလ)

၃၁ မေ ဘန်ကောက်၊                      ၊Freedom News Group

News Of The Month: Police Passes Yettaw Enter Aung San Suu Kyi House


Freedom News Group
သည်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော
သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးခဲ့ပြီးဖြစ် ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်း
များသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်
ကွဲပျားခြားနားစရာများဖြစ်ပါက ရွေးချယ်၍ဖေါ်ပြပေးသွားမည်ဖြစ် သလို ပြည်သူတို့ ၏ ဘဝ
နှင့်ဆက် စပ်နေသော သတင်းများကို လည်း ရွေးချယ်ဖေါ်ပြမည် ဖြစ်ပါသည်။

ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံးသတင်းဖြစ်ရမည့်ပြင်
စာဖတ်သူများတွင် သာမကပြည်သူများကြားတွင်ပါ အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော
မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။ယခုလအတွက် NEWS OF THE MONTH အဖြစ် မဇ္ဈိမ သတင်းဌာန၏ ယက်တောကြောင့် အခက်ပွေ သည့် သတင်းကို ရွေးချယ်လိုက် ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရမှ မစ္စတာ ဂျွန်ဝီလျှံ ယက်တော ရေကူး၍ ၀င်ရောက်မှုဖြင့် မတရားဖမ်းဆီး တရားဆွဲဆိုထားသည်။ တရားစွဲ ဆိုရသည့် အကြောင်းအရင်းမှာ ဒေါ်စုက ယက်
တော အိမ်သို့ ဝင်ခြင်းကို အကြောင်းမကြား၍ ဟု ဆိုသည်။

ယက်တော က လည်းသူ လာသည့် နှစ်ခေါက် စလုံး နေအိမ် လုံခြုံရေးတာ ၀န်ထမ်းဆောင်နေရ
သောရဲများ က သိသည် ဟု ဆို သည် ။စောဘွဲ့ မှုး၏ သီချင်းထဲက စာသားလို    ကဲ …….အခုဘယ် လိုလုပ်မလဲ  ဟုသာမေးလိုက်ချင်တော့သည်။