ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ်စေတီတော် သုံးနှစ်အတွင်းသုံးကြိမ်မြောက်ပြိုကျရာ ရေတပ်သားတစ်ဦးသေ

၃၁ မေ ရန်ကုန် ၊                 ၊ဟိန်းခိုင်ထွန်း

Historic Danoke Pagoda Collapse 1 Dies 10 Injuries and 45 Wounded

ပြိုကျသွားသည့် ဓနုတ်စေတီတော်
ပြိုကျသွားသည့် ဓနုတ်စေတီတော်

Updated 1 ..ဓနုတ် စေတီတော် ၀န်းကျင်ကို စစ်တပ်က
ပိတ်ထားပြီး မည်သူမျှ ၀င်ခွင့် မပြု

Updated 2..ဓနုတ်စေတီ တော်ပြိုကျသည့်သတင်းကို
ပြည်တွင်း ထုတ်ဂျာနယ် များတွင်ဖေါ်ပြခွင့် မပြုသော်လည်း
တွံတေး ရှိဘုန်းတော် ကြီးတစ်ပါးမိန့် ကြားသည်. “ကြိုင်
ကြိုင်တို့ အခြေမခိုင် ယိုင်တော့မယ် ဆိုတာ ဓနုတ် က အ
ဟုတ် သတိပေး
” ဆိုသော မိန့် မှာချက် ရန်ကုန်တွင် ပျံ့ နှံ့

(NEWS)မေလ ရ ရက်နေ့ က ဒေါ်ကြိုင်ကြိုင် ထီးတော်တင်ကာ ဌာပနာပိတ်ပွဲ ကျင်းပခဲ့သည့် ဒလ မြို့ နယ်ရှိနှစ်၂၃၀၀ သက်တမ်းရှေးဟောင်းသမိုင်းဝင် ဓနုတ် စေတီတော် ကြီးမှာ မေ လ ၃၀ ရက်နေ့ နေ့ လည် ၂ နာရီ အချိန်ခန့် ကစေတီ တော်ကြီး၏ ထီးတော် နေရာမှ စတင်ပြိုကျကာ မိနစ်အနည်းငယ် အတွင်းစေတီ တော်တစ်ခုလုံးပြိုကျပျက်
စီးခဲ့သည် ။စေတီတော် ပြိုကျမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိ ခဲ့သော ဒုတပ်ကြပ်တစ်ဦးမှာ ယနေ့ မနက် အစောပိုင်းက ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာတင်ဌာန တွင် ကွယ်လွန်သွား
ပြီဖြစ်ကြောင်း ထိုဌာနတွင် တာဝန်ကျသော ဆရာဝန် တစ်ဦးက အတည်ပြုပြောကြားသည်။
စေတီတော် ပြိုကျမှုကြောင့် လူပေါင်း၅၀ ထက် မနည်းဒဏ်ရာရရှိကာ ဒဏ်ရာရရှိ သော ဧရာဝတီရေတပ်စခန်းမှ တပ်သားများကို အမှတ် ၂စစ်ဆေးရုံ နှင့်ရန်ကုန်ဆေးရုံကြီးအရေးပေါ်
လူနာတင်ဌာနများသို့ ပို့ ဆောင်ပေးထားပြီး လုပ်အားပေးအရပ်သားများကိုမူ ဒလ နှင့်
တွံတေးဆေးရုံများ သို့ သာတင်ပို့ ထားသည်။ အရပ်သား ဆယ်ဦးထက် မနည်း နှင့် စစ်သားသုံးဦးမှာစိုးရိမ်ရသည့် အခြေအနေရှိသည် ။

ဓနုတ်စေတီတောကြီးမှာ ၂၇ .၆ .၂၀၀၆ ခုနှစ်က တစ်ခါပြိုကျခဲ့ပြီး ၊နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် အချိန်ကတစ်ခါ နှင့် ယခု တစ်ခါသုံးထပ်မံပြိုကျခြင်းဖြစ်သည်။စေတီတော် မှ ဂေါပက တစ်ဦး၏ပြောပြချက်အရ ထိုစေတီတော်ကြီးကို ထပ်မံတည် ထားသည့် ဟံသာဝတီ မင်း ဗညားဦးမှာ သားဖြစ်သူဗညားနွဲ့  (ရာဇဓိရာင်္ဇ )ပုန်ကန်မှုကြောင့် အရေးမလှဖြစ်နေစဉ် တွင် တစ်ခါပြိုကျသည် ဟုဆိုသည်။ဗညားဦး သည် မဂဒူးတည် ထောင်ခဲ့သော မုတ္တမ နန်းနေရာကို ဟံသာဝတီ သို့ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။

ဒေါ်ကြိုင်ကြိုင် နှင့် သမီးသုံးဦးစုပေါင်းပြီးထီးတော် တင်ခဲ့သည့် ဓနုတ်စေတီတော်ပြိုကျမှုကြောင်
့ပြည်သူများက အတိတ်နိမိတ် မကောင်းဟု ယူဆလျှက်ရှိသည်။စေတီတော် ပြိုကျမှုကြောင့် ဒလနှင့်ဓနုတ်စေတီတော် ပြေးဆွဲသော ဒလမြို့ နယ်ရှိကားလိုင်းများကို ပိတ်ထားသည် ဟုသိရသည်။

ဓနုတ်စေတီတော် ကြီးကိုထီးတော်တင်သည့်နေ့ ကည်းစစ်ကားက ခရီးသည် တင်ကားကို ၀င်တိုက်မိ၍ ခရီးသည် အများအပြားဒဏ်ရာရရှိခဲ့သည်။ဓနုတ် စေတီတော်ကြီး အနီးတွင်နေ သော ဒေသခံတစ်ဦးကမူ “ဒီတစ်ကြိမ်ပြိုကျတာ အဆိုးဆုံးပဲ ၀ုန်းခနဲ အသံကြီးမည်ပြီး ဖုန်မှုန့် တွေတက်လာတာ မည်းမှောင် နေတာပဲ ”ဟု Freedom News Group သို့ ပြောသည်။

5 thoughts on “ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ်စေတီတော် သုံးနှစ်အတွင်းသုံးကြိမ်မြောက်ပြိုကျရာ ရေတပ်သားတစ်ဦးသေ

  1. အင်း… နမိတ်မကောင်းတာတော့ အမှန်ဘဲ…
    ယတြာလဲ.. နိုင်မှာမဟုတ်ပါဘူး…
    ဘယ်ကိုပြေးပြီး.. ဘာလုပ်မလဲဆိုတာကိုသာ.. စောင့်ကြည့်ရသေးတာပေါ့…..

    အော်… ဘုန်းကြီး ကိုရိုက်တဲ့အကျိုးတွေ……. ဘုန်းကြီး ကိုရိုက်တဲ့အကျိုးတွေ….

  2. ကံ ကံ၏အကျိုး ဆိုတာ တယ်မှန်ပါလားနော်။ နမိတ်မကောင်းတာတော့ အမှန်ပဲ ။ ဘုရားရိုက်တော့မယ့်အချိန်နီးလာပြီ။
    ဆုတောင်းထားပေါ့။ ဘာဆက်ဖြစ်မလဲ ပြည်သူတွေက စောင့်ကြည့်နေမှာ။ ဒီတစ်ခါတော့ ဘာယတြာမှ မနိုင်တော့ဘူး။
    ကြောက်ဒူးတွေလည်း တုန်နေတော့မှာ သေချာတယ်။

Comments are closed.