၁ ဇွန် ရန်ကုန်၊ ၊ယူကွန်
Police Enter Myanmar True News Journal Head Office

စစ်အစိုးရ၏ စာပေစီစစ်ရေးမှ ခွင့်မပြုသောသတင်း နှင့် ဆောင်းပါးများကိုဖေါ်ပြခဲ့ မှုကြောင့် နှစ်ကြိမ်
တိုင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခြင်းခံခဲ့ရသည့် သစ္စာ ဂျာနယ်တိုက်ရှိရာဗိုလ်တစ်ထောင်လမ်းသွယ်တစ် အိမ်နံပါတ် ၂၃ အား ရဲနှင့် ရပ်ကွက် အာဏာပိုင်များအပါ ထောက်လှမ်းရေး ခြောက်ယောက်ခန့် က မေလ ၂၅ ရက်
နေ့ ည က၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်းဂျာနယ်သည့် ထိုဂျာနယ်နှင့် နီးစပ်သည့် စာနယ်ဇင်းဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။
သစ္စာ ဂျာနယ်တိုက်မှ ၀န်ထမ်းတစ်ဦးက မေလ ၂၂ ရက်နေ့ တွင် အင်းစိန်ထောင်ရှေ့၌ “မှန်တာပြောသစ္စာ”ဟု ကြေညာရောင်းချခဲ့သောကြောင့် ထိုကဲ့သို့ ထောက်လှမ်းရေးက ၀င်ရှာခြင်းဖြစ်သည်။စစ်အစိုးရ လက်အောက်ရှိ ပြည်တွင်းထုတ် ဂျာနယ်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲဆိုသော သတင်းကို ပြည်သူများက စိတ်ဝင်စားကြသော် လည်း စာပေစီစစ်ရေးက ပေးသည့်သတင်းသာ ဖေါ်ပြရသဖြင့် စာနယ်ဇင်းသမားများက မကျေနပ်ဟုသိရသည်။
မြန်မာနိုင်ငံ၏ လူကြိုက်များသောဂျာနယ်တစ်စောင်ဖြစ်သည့်သစ္စာဂျာနယ်တိုက်အား
ထောက်လှမ်းရေးက ထိုသို့ ဝင်ရောက် ရှာဖွေခြင်းခံရသည့် အတွက် ပြည်တွင်းဂျာနယ် မီဒီယာများလည်း ၎င်းတို့ ၏ပုဂ္ဂလ လုံခြုံရေးအတွက် စိုးရိမ်မကင်းရှိလျှက် ဖြစ်သည်။
၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေး မဖယ်ရှားခံရခင် အချိန်ကအောင်အေး(ရန်ကုန်တက္ကသိုလ်)
ဦးစီးသည့် နိုင်ငံတကာစီးပွာရေးဂျာနယ်မှာ လည်းထိုကဲ့ သို့ စစ်ထောက်လှမ်းရေးက ၀င်ရောက်ရှာဖွေခံခဲ့ရဖူးသည်။
