တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ

၂ ဇွန် ရန်ကုန်    (ဆောင်းပါး) Omen Come True

ကလန်သံဗျင်

ဓနုတ်စေတီတော်အားမပြိုကျခင် မေလ၈ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ဓနုတ်စေတီတော်အားမပြို ကျခင် မေလ၇ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပုံ-အေပီ

မေလ ၃၀ ရက်နေ့ မှာ ဒလမြို့နယ်ဓနုတ် ကျေးရွာစုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်
လောက်ကတည်းက တည်ထားခဲ့တဲ့ ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ပါတယ်။ဓနုတ် စေတီတော်ရဲ့  သမိုင်း တစ်လျှောက်မှာ ဒီတစ်ခါ ပြိုကျပျက်စီးမှုဟာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့ စေတီ တော် အနီးက ကျေးရွာတွေ မှာနေကြတဲ့ ရှေးမှီ နောက်မှီ လူကြီးတွေ က ပြောပြပါတယ်။

စေတီတော် ဟာလွတ်လပ်ရေးရပြီးကတည်းက ဆယ်ကြိမ်ထက် မနည်းပြိုကျခဲ့ပေမယ့် အခုတစ်
ခါ ပြိုကျမှု လောက် လူအသေအပျောက်မများပါဘူး၊အင်္ဂါနေ့ မနက်ထိ ဘုရားပရ၀ုဏ်
အပျက်အစီးတွေကြားကနေ သေဆုံးနေသူ တွေ ခုနှစ်ယောက် လောက် ထပ်တွေ့ တယ်ဆိုတာ
ကြောင့် သေဆုံး သူ အယောက် နှစ်ဆယ်လောက် အနည်းဆုံးရှိ မယ် လို့ ခန့် မှန်းလို့ ရပါတယ်။

ဓနုတ်စေတီတော် ပြိုကျတဲ့ သတင်းကို ကလန်သံဗျင်တို့ ပြည်တွင်းက သတင်းဂျာနယ်တွေ မှာ လုံးဝဖေါ်ပြခွင့်မရှိပါဘူး ဒါကြောင့် စာမျက်နှာတွေ အပိုင်စားရထားတဲ့ ကလန်သံဗျင်တို့ လို အယ်ဒီတာရင့်မကြီးတွေ တောင် ဘလောက်ဆရာ တွေကို မျက်နှာချိုပြန်သွေးရပါတယ်။ ဓနုတ်စေတီ တော်ပြိုကျတဲ့သတင်းကို ပြည်တွင်းမှာရေးလို့ မရတဲ့ အဓိက အချက်ကတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ မိသားစု ကိုယ်တိုင်တည်ထားပြီး ပူပူနွေးနွေး ထီးတော်တင် ဌာပနာ ပိတ်ပွဲ ကျင်းပထားတဲ့ ဘုရားဖြစ်နေလို့ ပါ၊

ဓနုတ်စေတီ ပြိုကျတာနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။တချို့ကတော့ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်အစိုးရ ကျဆုံးမယ့် ရှေးပြေးနိမိတ် တစ်ခု အဖြစ် ယူဆကြပါတယ်။

ကလန်သံဗျင်ကတော့ သမိုင်းဘာသာရပ် နဲ့ မဟာဝိဇ္ဖာဘွဲ့ ရထား(ကြုံတုန်း ထည့်ကြွားတာ)သူပီပီ
ကမ္ဘာ့ ရာဇ၀င် နဲ့ မြန်မာ့ရာဇ၀င်တွေ မှာ ဘုရားပြိုကျ မှုဟာဘယ်လို နိမိတ်တွေကို ဆောင်သလဲ ဘယ်လို အပြောင်းအလဲ တွေဖြစ်သလဲ ဆိုတာ သိရှိမှတ်သိမသလောက် စာဖတ်သူကို မျှဝေသွား
မှာပါ။

သွားလေသူ ဆရာကြီး မင်းသိင်္ခရဲ့  ရှေးမြန်မာမင်း ၁၂၂ ပါးတို့ရဲ့ကံကြမ္မကျမ်း မှာဆိုရင် တိုင်းပြည်
အုပ်ချုပ်တဲ့ ဘုရင်တွေရဲ့ ကံကုန်နိမိတ် နန်းကျနိမိတ် အဖြစ် ဘုရားစေတီပြိုကျတာ ဟာတစ်ခု အပါအ၀င် ဖြစ်ကြောင်းဖေါ်ပြထားပါတယ်။အင်းဝခောတ်က ဒုတိယ မင်းခေါင် ကံကုန်ခါနီးမှာ
နိုင်ငံတွင်းက ဘုရားစေတီတွေ အတော်များများပြိုပျက်ခဲ့ပါတယ်။အဲဒီနောက် အင်းဝ မင်းခေါင်
လည်း မိုးညှင်းစလုံကြောင့် အင်းဝဆုတ်ခွာရပြီး သက္ကရာဇ် ၈၈၈ မှာ အင်းဝနန်းဆက်လည်းပြတ်
ကံတော် လည်းကုန်ဖြစ်ခဲ့ရပါတယ်။

မြန်မာ့သမိုင်းမှာ နန်းစံသက်အရှည်ကြာဆုံးအဖြစ်နှစ်ပေါင်းလေးဆယ်ပျော်ပျော်ကြီးနန်းစံ
သွားတဲ့ ဘိုးတော်မင်းတရားကြီး ကံကုန်ခါနီးမှာ ရွှေစည်းခုံ စေတီရဲ့ ထီးတော်မြေခခဲ့ပါတယ်။ဘိုး
တော်ဘုရား ဟာ အင်းဝနေပြည် တော်ကို အမရပူရ သို့ ပြောင်းရွှေခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။
ဘိုးတော်ဘုရားကံတော် ကုန်ခါနီး တိုင်းပြည်မှာ အမျိုးသော နိမိတ်တွေပြပါတယ်။ဒါကို ဘိုးတော်
မင်းက သူ့ခေတ်က အတိတ်နိမိတ်ကောက်ရာ မှာနာမည်ကြီးလှတဲ့ အယူတော် မင်္ဂလာဦးနိုး ကိုမေးမြန်းတဲ့အခါ ဦးနိုးက ဒါမသာပေါ်တဲ့ မယ့်နိမိတ်ဆိုတာသိပါတယ်။ဒါပေမယ့် သူဒီလို ပြော
လိုက်ရင် မင်းပြစ်မင်းဒဏ်ထိမယ်ဆိုတာ ကိုတွက်မိလို့  “ဒီနိမိတ်တွေက အရှင်မင်းတရားကြီးရဲ့ 
နန်းတော်သစ် အမရပူရ တိုးတက်စည်ပင် မယ့် နိမိတ် ”လို့ လှီးလွှဲပြောလိုက်ပါတယ်။

ဒါကို ဘိုးတော်မင်းက သဘောကျလို့ ဆုတော်လာဘ်တော်တောင်ချီးမြှင့် လိုက်ပါသေးတယ်။ဒါ
ပေမယ့် နောက် တစ်နှစ်လောက် အကြာမှာတော့ ကံကုန်တော့ တာပါပဲ။သူ့ နောက်မှာဆက်ခံတဲ့
ဘကြီးတော် မင်းကျတော့ အမရပူရ ကနေ နန်းတော်ကို အင်းဝ ကို ပြန်ရွှေပြန်ပါရော။သူလဲ ကံကုန် ခါနီး မှာ အထက်အညာက ဘုရားစေတီတွေ ပြိုကျတဲ့ နိမိတ် ဘုရားတန်းခိုး ပြဋိဟာ ပြတဲ့
နိမိတ်တွေ ကြုံရပါတယ်။

ဟံသာသတီ မင်းဆက်(မဂဒူး မင်းဆက်)ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ သုရှင် ဒကာ ရွတ်ပိ
တောင်ငူက ကျော်ထင်နော်ရထာ(အဲဒီအချိန်က ဘုရင့်နောင် မဖြစ်သေးပါ)နဲ့ နောင်ရိုးမှာ တွေ့ ပြီး စစ်လည်း ရှုံး နန်းဆက်လည်းပျက်ခါ နီးမှာ ဒုံဝန်း စေတီပုထိုးတွေ မှာ အရောင်အ၀ါတွေ လွှတ်
တာတို့ ၊အမှောင်တိုင်ဖြစ်တာ တို့ စတဲ့ နိမိတ်တွေ ပေါ်လာပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလက တော့ လနဲ့ ကြယ် နေ၀င်ရီတရောမှ ပြုံးနေတဲ့ ပုံစံပေါ်လာ ပြီးနောက်
တစ်နေ့မှာပဲ ထိုင်းအာဏာရပါတီ ပီပီပီ ရဲ့  ဆွန်ချိုင်းအစိုးရ အဖွဲ့ ဟာနှုတ်ထွက်သွားခဲ့ရပါတယ်။
၂၀၀၆ခုနှစ် မတ်လ မှာ တော့ ရုးနှမ်းနေသူတစ်ယောက် က ဘန်ကောက်မြို့ ထဲမှာရှိတဲ့ ဧရာဝဏ်
နတ်ကွန်းတစ်ခု ကိုဖျက်ဆီးဖို့ ကြိုးစားပြီးမကြာခင်မှာပဲ သက်ဆင်လည်း အာဏာသိမ်းခံလိုက်ရ
ပြီးအခုဆို ၀ရမ်းပြေးဘ၀နဲ့ ပြည်ပမှာ အရိုးထုတ်ရတော့ မလို ဖြစ်နေပါပြီ။

မြန်မာ နိုင်ငံမှာတော့ ၁၉၈၇ခုနှစ် ဟေလီကြယ်တံခွန် ဖြတ်သွားပြီးမကြာခင်မှာ ဦးနေ၀င်းအစိုးရ
ပြုတ်ကျသွားခဲ့ရပါတယ်။

မြန်မာပြည်မှာတော့ ဓနုတ်စေတီတော်ကြီး ပြိုကျတာဟာ တိုင်းပြည်မှာ တစ်ခုခုဖြစ်ပေါ်တော့မယ့်
နိမိတ် လို့ ပြည်သူတွေက ယုံကြည်ကျပါတယ်။ဒီနှစ် အတွင်းမှာ ပဲနေကြတ်တာတို့  အလောင်း
တော်ကဿပလှိုဏ် ဂူတော်ပွင့် တယ့်နိမိတ်တွေ ကြုံခဲ့ရပါတယ်။

ပြည်သူတွေကတော့ စစ်ဖိနပ်အောက်က လွတ်မြောက်ရတော့မယ့် နိမိတ်တွေလို့ ယုံကြည်နေပါ
တယ်။ ဒါပေမယ့် ကလန်သံဗျင်ကတော့ ကုသိုလ်ရချင်လို့ ဘုရားပြိုကျ တာ လုပ်အားပေးမယ်ဆို
ပြီးသွားကာမှ စစ်တပ်က မောင်းထုတ်လို့ ပြန်ပြေးလာခဲ့ရပါတယ်။

One thought on “တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ

  1. အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်

Comments are closed.