၂ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Unrest In Army

- ရန်ကုန်တိုင်းတိုင်းမှုး ဗိုလ်မှုးချုပ်ဝင်းမြင့်
ရန်ကုန်တိုင်းအတွင်း ရဲများအကြောင်းမဲ့ ကြီးစိုးနေသည်ကို မကျေနပ်သဖြင့် လေးလပတ်အစည်းအဝေးတစ်ခု တွင် ထုတ်ပြောမိသော ရန်ကုန်တိုင်းတိုင်းမှုးဗိုလ်မှုးချုပ်ဝင်းမြင့် အား လက်ရှိရာထူးနေရာမှဗိုလ် သန်းရွှေ အမိန့့်ဖြင့်အနားပေးတော့မည်ဟုသတင်းထွက်ပေါ်နေသည်။စစ်ဖက်သတင်းရပ်ကွက်များ
နှင့်နီးစပ်သူများ ၏ အဆိုအရ အနားပေးရန် စီစဉ်ခြင်းမှာ ဒေါ်ကြိုင်ကြိုင် တည်ထားသည့် ဓနုတ် စေတီတော် ပြိုကျမှု တွင် တာဝန်ရှိသောကြောင့် ဟုဆိုသည်။
ထိုသတင်းရပ်ကွက်များနှင့် နီးစပ်သူများ၏ အဆိုအရ ရန်ကုန်မြို့ တော်ဝန် နှင့် ရဲချုပ်ခင်ရီတို့  နှစ်ဦးရန်ကုန် တွင်တစ်ဗိုလ်တစ်မင်း ဖြစ်နေမှု ကို သူကမကျေနပ် ဟုဆိုသည်။ ရန်ကုန်တိုင်းအတွင်း နေရာအနှံ မိုးရွာရေကြီးမှုများတွင် စည်ပင်က တာဝန်ရှိ သော်လည်း ရေကြီးသည့် အခါတိုင်း တိုင်းလက်အောက်ခံတပ်မှ တပ်သားများက လုပ်အားပေးနေရသည့် အတွက် ရန်ကုန် တိုင်းအတွင်းရှိ တပ်မှုး၊တပ်ရင်းမှုးများကလည်း စည်ပင်ကို အပြစ်ဖို့ ကြသည် ဟုဆိုသည်။
စစ်တိုင်းမှုးနှင့် ၀န်ကြီးအချို့ ကိုအနားပေးတော့မည် ဟု သတင်းထွက်ပေါ်နေသည်မှာဒေါ်အောင်
ဆန်းစုကြည် အားမတရားဖမ်းဆီးတရားစွဲ ဆိုထားခြင်း၏ ကျယ်ပြန့် လာသောဂယက် တစ်ခုဖြစ်
သည်ဟု သုံးသပ်သူများက ပြောသည်။
အနားပေးခံရတော့မည် ဟုသတင်းထွက်ပေါ်နေသော သူများတွင် တောင်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်မှုးချုပ်လှမင်း နှင့် ဟိုတယ်/ခရီး မှ ဒုဝန်ကြီး ဗိုလ်မှုးချုပ် အေးမြင့်ကြူလည်း ပါဝင်သည် ဟု သတင်းထွက်ပေါ်နေသည်။ရန်ကုန် တိုင်း ဒုတိုင်းမှုး ဗိုလ်မှုးချုပ်ကျော်ကျော်ထွန်း မှာ မူ စစ်ခေါင်း
ဆောင် ဗိုလ်သန်းရွှေ ၏ မိသားစု နှင့် ရင်းနှီးသူ တစ်ယောက်ဖြစ်သည်။
စစ်တပ် ထိပ်တန်း အသိုင်းအ၀ိုင်းများနှင့် နီးစပ်သူများ၏အဆိုအရ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ၏အာဏာတည်မြဲမှု မှာလည်းခြိမ်းခြောက်ခံနေရသည် ဟု အမည် မဖေါ်လိုသော စစ်တပ်အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။ရန်ကုန် တိုင်းစစ်ဌာနချုပ် နှင့် မြို့ တော်ဝန်တို့ ၏အာဏာပြိုင် ဆိုင်မှု မှာလည်း တနေ့ တခြားကြီးထွားလာသည် ဟုသိရသည်။
ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စတွင် ဗိုလ် သန်းရွှေက ရဲ
များအား လက်နက်တပ်ဆင်ပေးပြီးအား ကိုးလွန်းသည် ကို စစ်ဗိုလ် ချုပ်များအသိုင်းအ၀ိုင်းတွင်
မကျေနပ် ဟု သိရသည်။ဓနုတ် စေတီတော် ပြိုကျရာတွင် ရေတပ်သား နှစ်ဦးထက် မနည်းသေ
ဆုံးပြီး အပျက် အစည်းများကို ရှင်းလင်းရန် ရန်ကုန်တိုင်း လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ မှ စစ်သားများက ပင် တာဝန်ယူဆောင်ရွက်ရသည်။
