၂ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Spray-Painted Demands” Free Aung San Suu Kyi”

“မနက်မိုးလင်းတော့ အိမ်ရှေ့က ရုံးတံခါးမှာ Free Aung San Suu Kyi ဆိုတဲ့ အင်္ဂလိပ်စာလုံးကို
မှုတ်ဆေးအ၀ါ တွေ နဲ့ သုတ်သွားတာတွေ့ တယ် ဟုပြောသူမှာ ရန်ကုန်မြို့ ကျောက်တံတား မြို့ နယ်မှ
အိမ်ရှင်မတစ်ယောက်ဖြစ်သည် ။သူမက ဆက်ပြီး ခဏနေ တော့ အဲဒီစာသားကို ရဲ နဲ့ ထောက်လှမ်း
ရေးက ဓာတ်ပုံရိုက်ပြီးလာဖျက်သွား တယ် ။အစိုးရရုံးက အရာရှိနော် သူ့ ကိုလည်း ရုံးတံခါးမှာ ဒီဆေး
မှုတ်သွား လားဆိုတာ မသိရကောင်းမှန်း ဆို ပြီး ထောက်လှမ်းရေးက ကော သွားတယ် ။ညဦးပိုင်းကမရှိသေးဘူး ညနက် မှ လုပ် သွားကြတာ ထင်တယ် ဟု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရန်ကုန် မြို့ တွင် လူငယ်များ လှုပ်ရှားပုံ နှင့် ပတ်သက်၍ သူကFreedom News Group သို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ် မြောက်ရေးအတွက် ပြည်သူများ စစ်အစိုးရ၏ ဖိနှိပ်မှုများမှာ တင်း
ကျပ်လွန်းလှသ ဖြင့် လမ်းပေါ်ထွက်၍ ဆန္ဒမပြ နိုင်သေးသော် လည်း မိမိ တို့ တတ် နိုင်ရာတစ်နိုင်
တစ်ပိုင်ကို အစုအဖွဲ့ ငယ်များဖြင့် ဆောင်ရွက် နေကြသည်။
ပုဇွန်တောင် ဈေးအနီးတွင် မူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့် ပတ်သက်၍ လှုပ်ရှားမှု တစ်ခုကမူ နအဖ သတင်းစာများကို ပလစ်စတစ် အိတ်များတွင် ထည့်၍ အီးကုန်းစက္ကူလိုသလောက်ရမည် ဟု ရေးထားခြင်းပင် ဖြစ်သည်။
ထိုသို့ အာဏာဖီဆန်သည့် လုပ်ဆောင်ချက်များတွေ့ရှိလျှင် ရဲက ရပ်ကွက် အတွင်းရှိ ရဲ နှင့် ကြံ့ဖွတ်များကို ချက်ခြင်းအကြောင်းကြားရမည် ဟု မှာကြားထားသော် လည်း ၂၅ နှင့် အနော်ရထာလမ်းထောင့်ရှိ ရ၀တ ရုံးတွင် စတစ်ကာ ဖြင့် ကပ်ထားသော ဒေါ်စု ပုံကို ရ၀တ ဥက္ကဌက ချဲလောင်းကြေးငွေများ လိုက်လံသိမ်းဆည်း ရသဖြင့် ခရီးသွားတို့ ဝိုင်းအုံ ကြည့်ရှုကာမှ သိ၍ ဖြုတ်လိုက်ရသည်ဟုဆိုသည်။
ကုန်းဈေးတန်းလမ်း အတွင်းရှိ ပန်းဘဲတမ်းမြို့ နယ်ရဲစခန်းမှ ရဲသားတစ်ဦးက မူ “တစ်ယောက်ခြင်းဒါမှမဟုတ် အဖွဲ နဲ့ လုပ်ကြတာထင်တယ် ကျွန်တော်ကတော့ ချဲမပေါက်လို့ ဒီနေ့  ညစ်နေတာ စခန်းထဲမှာတော့ ဒေါ်စု ပိုစတာ ငါးခုလောက်တွေ့ လို့ သိမ်းထားတာရှိတယ်”ဟုပြောသည်။
