၃ ဇွန် ရန်ကုန်၊ ၊FNG
Photo of Unforgettable
၂၀၀၅ ခုနှစ်ဇန်န၀ါရီလက ၃၄ လမ်းအထက်လမ်းရှိ AZDA ပန်းချီပြခန်းတွင် ယခုထောင်သွင်းအကျဉ်းချခြင်းခံထားရသူ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် တယောကိုတင်ရီတို့ ကိုအတူတွေ့ ရစဉ်
၁၉၈၉ ခုနှစ် ဇွန်လတိန့်အန်မင် ရင်ပြင် ကျောင်းသားအရေးတော်ပုံတွင် တရုတ်အစိုးရက ပစ်သတ်ခြင်း၊တင့်ကားဖြင့် တက်ကြိတ် ခြင်းတို့ ကြောင့် အနည်းဆုံးကျောင်းသား၊ပြည်သူ လေးထောင်ခန့် သေကြေခဲ့ရသည်။ပုံမှာ တိန့်အန်မင် ရင်ပြင်သို့ မောင်းဝင်လာသောတင့်ကားတန်းကို ကျောင်းသားတစ်ဦးက ရပ်တန့် ခိုင်းပုံဖြစ်သည်။ သို့သော်တင့်ကားတန်းက မရပ်ပဲ ထိုသူကို တက်ကြိတ်သွားခဲ့သည်။တိန့်အန်မင် ရင်ပြင်အရေးအခင်းနှင့် ပတ်သက်၍ ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံဖြစ်သည်။ အေပီသတင်းဌာနမှ ဓာတ်ပုံဆရာ Jeff Widener က ထိုနေရာနှင့် မိုင်ဝက် အကွာအဝေးတွင် ရှိသောဘီဂျင်း ဟိုတယ် ခြောက်ထပ်မြောက်မှာ ၄၀၀ မီလီမီတာ မှန်ဘီလူး တပ်ထားသောကင်မရာဖြင့် ဆွဲယူရိုက်ကူးထားခြင်းဖြစ်သည်။
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်
Related
အဲဒီတင့်ကားရှေ့ က လူက တင်ကားနဲ့ အကြိတ်မခံခဲရပါဘူး ..ဘေးက အရပ်ဝတ်တွေနဲ လူတချို့ကအတင်းဆွဲခေါ်သွားတာကို ခံခဲရတာပါ။ ဖမ်းသွားတာဖြစ်ဖို့ များပါတယ်။ ယခုထိလည်းအဲဒီသူကဘယ်သူလည်းဆိုတာ မသိနိုင်သေးပါဘူး။ အစအနကိုပျောက်သွားခဲ့ပါတယ်။တိန့်အန်မင် ရင်ပြင်သို့ နောက်ဆုံးတင်ကားများ မရောက်ခင်မှာ ဆန္ဒပြကျောင်းသားများ(မြိုမိမြိုဖများကြားဝင်ဖျောင်းဖျခမြငြေ့ကာင့်)ဆုတ်ခွာပေးခဲ့ပါတယ်။ အဓီက အသေအဆုံးများခဲ့ရတာက အဲဒီကိုသွားဖို့ ဘေကျင်းမြို ထဲကိုdirectionပေါင်းစုံ က၀င်လာတဲ့စစ်တပ်တွေကိုမြိုနေလူထုကနည်းမျိုးစုံနဲ့ တားဆီးတဲ့အခါမှာ တပ်ကအတင်းပြစ်ခတ်ပြီးဝင်ခဲ့မှုမှာသေကျေဒဏ်ရာရကြတာဖြစ်ပါတယ်။ လူထုတချို့ ကမီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ သံချပ်ကာကားနဲ့ယာဉ်တန်းတချို့ မီးလောင်ပျက်ဆီးခဲ့ပြီးစစ်သားတချို့ သေကျေဒဏ်ရာရခဲ့တာလည်းရှိပါတယ်။ ၂၀ကျော်ခဲ့ပြီဖြစ်လို့ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ စာအုပ်တွေ documentary တွေလည်းအများကြီးပါ။ အနောက်နိုင်ငံတွေမှာကျောင်းတက်နေသူတွေ စာကြည်တိုက်တွေမှာရှာဖတ်ကြည့်လို့ ရပါတယ်။ ပြည့်စုံတဲ့သမိုင်းကိုသိနိုင်အောင် ကျောက်ကျီယန် (ကျောင်းသားတွေကိုအခုလိုအကြမ်းဖက်နှိပ်နှင်းခဲ့တာကိုကန့် ကွက်ခဲ့လို့ သေတဲ့အထိအိမ်အျကယ်ချုပ်ချခံခဲ့ရတဲ့ CCP ခေါင်းဆောင်) အိမ်အကျယ်ချုပ်ကခိုးထုပ်လာတဲ့တိပ်ခွေကိုလည်းနားထောင်ကြည်စေချင်ပါတယ်။ အဲဒီလိုပစ်ခတ်ဖို့ အမိန့် ကို လီပင်း ကပေးခဲ့ပြီ တိန်ရှောင်ဖင်ထောက်ခံခဲ့ပါတယ်။