၎ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Lone Protester ‘s Family Members Arrest Outside U.S. Embassy in Burma
မေလ ၂၈ ရက်နေ့ က အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့်လေတပ် အရာရှိ ဟောင်းတစ်ဦးဖြစ်သူ
ဗိုလ်ကြီး ဇော်ညွန့် ၏ မိသားစု ၀င်များကို ယနေ့ နံနက် က ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ မှုကြောင့် လုံခြုံရေးအဖွဲ့ ဝင်များက ဖမ်းဆီးလိုက်သည်။
အနည်းဆုံး ဆန္ဒပြသူလေးဦးပါဝင်သော အဖွဲ့ သည် ဗိုလ်ကြီးဇော်ညွန့် ၏ ဇနီး နှင့် သားသမီးများဖြစ်
ပြီး ၎င်းတို့ ၏ဖခင့် ပြန်လည် လွှတ်ပေးရန် အတွက်တောင်းဆို ဆန္ဒပြခဲ့ ခြင်းသာဖြစ်သည်။ဆန္ဒပြသူ
လေးဦး အပါအ၀င် အခြားနှစ် ဦးကို လုံခြုံရေးအဖွဲ့ ဝင်များကချက်ချင်းပြီးဖမ်းဆီးသွားခဲ့သည် ဟုမျက်မြင်တွေ့ ရှိ သူများကပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သူဦးဇော်ညွန့် မှာ မေ လ၂၈ ရက်နေ့ က အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြရာချက်ချင်းပင် ဖမ်းဆီးခံ
ရသည်။
