ကာတွန်းအော်ပီကျယ် ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပန်းချီကား ပြခန်းမှ ဖြုတ်သိမ်း ခံရ

၅ ဇွန် ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Myanmar Ban Famous Cartoonist’ Art Work  Environmental Day Celebrations

ကမ္ဘာ့သဘာသပတ်ဝန်းကျင် နေ့ အထိမ်းအမှတ် အနုပညာပြပွဲတွင် ဆရာ အော်ပီကျယ် နှင့် အခြားအနုပညာရှင်များကို တွေ့ ရစဉ်
ကမ္ဘာ့သဘာသပတ်ဝန်းကျင် နေ့ အထိမ်းအမှတ် အနုပညာပြပွဲတွင် ဆရာ အော်ပီကျယ် နှင့် အခြားအနုပညာရှင်များကို တွေ့ ရစဉ်

ကမ္ဘာ့ သဘာသပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environmental Day)အထိမ်းအမှတ် ကာတွန်း ပြပွဲ တွင်ဆီဆေးဖြင့်သရုပ်ဖော်ထားသည့် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ် ၏
ကာတွန်းလက်ရာတစ် ခုကို စိစစ်ရေးကပန်းချီပြခန်းမှ ဖြုတ်ယူသွားသည် ဟုသတင်းရရှိသည်။

ကမ္ဘာ့ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး နေ့  အထိမ်းအမှတ် ကာတွန်းပြပွဲကို ယနေ့ ဇွန်လ ၅ရက်နေ့ မှ ဇွန်လ ၇ ရက်နေ့ ထိ ရန်ကုန်မြို့  Myanmar Art Center တွင်ကျင်းပမည် ဖြစ်ပြီးယနေဖွင့်ပွဲနေ့ တွင် ဆရာ ကာတွန်းအော်ပီကျယ်၏ လက်ရာမှာ ပြခန်းမှ အသိမ်းခံရခြင်းဖြစ်သည်။

ပြပွဲတွင် ပန်းချီဆရာ၊ကာတွန်းဆရာ၊ဓာတ်ပုံဆရာ၊ကဗျာဆရာ၊ဂရဖ်ဖစ် ဒီဇိုင်နာ အယောက် ၅၀
ကျော်ပါဝင် ပြီးဒါရိုက်တာ မောင်မျိုးမင်း ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ကားတစ်ကား ကိုလည်းပြသခဲ့သည်။

ထိုပွဲကို ဆရာစိုးဝင်းငြိမ်း၏ Green Hearts အမည်ရှိ သဘာဝပတ်0န်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ အစည်းတစ်ခုမှ စီစဉ်ခြင်းဖြစ်သည်။

စာပေစီစစ် ရေးမှ ပန်းချီ နှင့် အနူပညာပြပွဲများတွင် ပန်းချီ နှင့် အနုပညာများကို လိုက်လံစီစစ်ပြီးစစ်အစိုးရမှ ချမှတ်ထားသော ပေါ်လစီ နှင့် မကိုက် ညီသော လက်ရာများကို ပြပွဲအတွင်းမှဖြုတ်ခိုင်းခြင်းလိုက်လံသိမ်းဆည်းခြင်းများ ပြုလုပ်သည်။

နှစ်စဉ် ဇွန်လ ၅ရက်နေ့ ကို ကမ္ဘာ့ သဘာဝပတ်သန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ်သတ်မှတ်
ထားသည်။ ဆရာ အော်ပီ ကျယ် သည် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး နှင့် ပတ်သက်၍ပြည်သူများ သတိရှိ လာအောင် သူ၏ ကာတွန်းလက်ရာများဖြင့် ဆော်သြနေသူ
တစ်ယောက်ဖြစ်သည်။သစ်ထုတ်လုပ် ခြင်း နှင့် ပတ်သက်၍ စိတ်ကူးကွန့် မြူးထားသော ဆီဆေး
ကာတွန်းလက်ရာ တစ်ခုကို စီစစ်ရေးအဖွဲ့ က သိမ်းဆည်းသွားခြင်းဖြစ်သည်။

ဲ့

One thought on “ကာတွန်းအော်ပီကျယ် ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပန်းချီကား ပြခန်းမှ ဖြုတ်သိမ်း ခံရ

Comments are closed.