သံရုံးရှေ့ ဆန္ဒပြမှုကြောင့် အဖမ်းခံရသူများမှာ ဗိုလ်ကြီးဇော်ညွန့်၏ မိသားစုဝင်များ မဟုတ်

၆ ဇွန် ရန်ကုန်၊                  ၊ယူကွန်

ဇွန်လ ၄ ရက်နေ့ မနက် ၁၀ နာရီခန့် က ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့ဆန္ဒပြသည့်မိသားစုများမှာ မေလ ၂၈ရက်နေ့ က အင်းစိန်ထောင် ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်တစ်ကိုယ် တော် ဆန္ဒပြ မှု ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လေတပ်အရာရှိ ဟောင်းဗိုလ်ကြီးဇော်ညွန့် ၏မိသားစုဝင်များ မဟုတ်ကြောင်းသိရှိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းဗိုလ်ကြီး ဇော်ညွန့် ၏ မိသားစုဝင်များ မှာ ၎င်းတို့ ၏ နေအိမ်တွင်ရှိနေ
ဆဲဖြစ်ပြီး ဖခင်ဖြစ်သူ ဗိုလ်ကြီးဇော်ညွန့် အားတွေ့ ဆုံခွင့်ရရေးအတွက် ကြိုးစားနေဆဲဖြစ်သည်။ထို
နေ့ က သံရုံးအရှေ့ ဆန္ဒပြသည့် မိသားစု မှာ မေလ ၁၈ ရက်နေ့ ကအင်းစိန်ထောင်အနီးတွင်
ဖဲကြိုးနက် ဝေငှမှုဖြင့် အဖမ်းခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် ကိုထွေးသိန်း၏ မိသားစုဝင်များလည်း မဟုတ်ဟုစုံစမ်းသိရှိရသည်။