နအဖ စစ်တပ် နှင့် KNLA တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင် စစ်ရေးပြင်ဆင်မှုများပြုလုပ်

၇ ဇွန် သာဆောင်ယမ်၊                 ၊နေးရှင်းသတင်းစာ  ၊ Freedom News Group

Army braced for more fighting at Burma border

ထိုင်းမြန်မာနယ်စပ်နှင့် ပေ ၅၀ မျှပင်မဝေးသော သာဆောင်ယန် နယ်စပ်လမ်းတွင် ထိုင်း စစ်တပ်က လက်နက်ကြီးများ တပ်ဆင်လေ့ကျင့်နေစဉ် ဓာတ်ပုံ-နေးရှင်းသတင်းစာ
ထိုင်းမြန်မာနယ်စပ်နှင့် ပေ ၅၀ မျှပင်မဝေးသော သာဆောင်ယန် နယ်စပ်လမ်းတွင် ထိုင်း စစ်တပ်က လက်နက်ကြီးများ တပ်ဆင်လေ့ကျင့်နေစဉ် ဓာတ်ပုံ-နေးရှင်းသတင်းစာ

ဆယ်စုနှစ် တစ်ခုအတွင်းပထမ ဆုံးအကြိမ်အဖြစ် ကရင် ဒုက္ခသည်များထိုင်း မြန်မာနယ်စပ် သို့ အလုံးအရင်းဖြစ်ထွက် ရှိလာပြီးနောက် ပိုင်းတွင် ထိုင်းအမှတ် ၃ စစ်ဒေသ တိုင်း တိုင်းမှုး ဒုတိယဗိုလ်
ချုပ်ကြီး ထနောင်ဆက် အပီယာကြိုသင် က မြန်မာ နယ်စပ် နှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ တခ် ခရိုင် ရှိ သာဆောင်ယန် ဒေသတွင် လက်နက်ကြီး နှင့် မော်တာ များအပါ အ၀င် စစ်အင်တိုးချဲ့ ချထားရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည် ဟု သတင်းရရှိသည်။

စနေနေ့ က သာဆောင်ယန်သို့ ရောက်ရှိ လာသည့် ထိုင်းစစ်တပ် ဒုတိယ ဗိုလ်ချုပ်ကြီးက မြန်မာဘက်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များအား ကူညီ စောင့်ရှောင့်ရန် နှင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုထိပါးလာပါက အလျှင်အမြန်ပြန်လည် တုံ့ ပြန်ရန် ညွှန်ကြားသွားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုဖြစ်သည့် KNLAအပေါ်နအဖ စစ်တပ် နှင့် ဒီကေဘီအေ တပ်သားများက ယခုရက် ပိုင်းအတွင်းထိုးစစ်ဆင် တိုက်ခိုက် နေမှုများကြောင့် ကရင်လူမျိုး သုံးထောင် ထက်မနည်း နေရင်းဒေသများကို စွန့် ခွာကာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင် လာရသည် ဟု သိရှိရသည်။

ဆယ် နှစ်အတွင်း ကရင်ဒုက္ခသည် များအစုလိုက်အပြုံလိုက် ထွက်ပြေးလာရမှုသည် နအဖ စစ်တပ်နှင့် ဒီကေဘီအေ ပူးပေါင်း အဖွဲ့ များက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် ကို ထိုးစစ်ဆင်နေစဉ် ဒေသခံ များကိုဖမ်းဆီးသတ်ဖြတ်ခြင်း၊အဓမ္မစေခိုင် ခြင်းနှင့် ကျေးရွာများနှင့် လယ်ယာများ ကိုမြေလှန် စနစ်ဖြစ် ဖျက်ဆီးခြင်းတို့ ကြောင့် ဟု လှိုင်းဘွဲ့ မြို့ နယ် ကျေးရွာတစ်ခုမှ ထွက်ပြေးတိမ်းရှောင် ၍ ယခု TBBC ၏ စောင့်ရှောက်မှု အောက် တွင် ရောက်ရှိနေသော ကရင် အမျိုးသမီးတစ်ဦးဖြစ်သူ နော်နီကီး က Freedom News Group သို့ သူမ၏ အတွေ့ အကြုံကို ပြောသည်။

ယခု ကဲ့သို့ မြန်မာစစ်တပ် က KNLA တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင် ကိုထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် မေလဆန်းပိုင်းက KNLA တပ်ဖွဲ့ တစ်ခု၏ လက်ချက် ဖြစ် အသက်ပျောက်သွားခဲ့ရသည့် နအဖစစ်တပ် မှ ဗိုလ်မှုးချုပ် ကောင်းမြတ် အတွက် ပြန်လည် လက်စားချေခြင်းဖြစ်သည် ဟုအကဲခတ်များက သုံးသပ်သည်။

ဧပြီလ အတွင်းက နအဖစစ်တပ် ၏ ကျောထောက်နောက်ခံပေးမှု ဖြင့် ဒီကေဘီအေမှ KNLA တပ်မဟာ ၆ တပ်ရင်း ၂၀၁ ၏ ဝေါလေခီးစခန်းကို တစ်လနီးပါးကြာထိုးစစ်ဆင်စဉ် မြန်မာစစ်တပ် မှ ပစ်ခတ်သည့် အမြှောက် လက်နက်ကြောင့် ထိုင်းစစ်သား သုံးဦးဒဏ်ရာရရှိပြီး ထိုင်းဘက်ခြမ်းရှိ ဘန်ဖဒီးရွာမှာ လည်း ထိခိုက်ပျက်စီးခဲ့သည်။