ဆယ်တန်းစာမေးပွဲအောင်စာရင်းများ ယနေ့ ထုတ်ပြန်

၇ ဇွန် ရန်ကုန်၊                ၊ယူကွန်

Students Failed in High School Final Exam

မတ်လ အတွင်းက နိုင်ငံတ၀ှမ်းရှိကျောင်းများတွင် စာမေးပွဲဖြေဆို ထားသော ဆယ်တန်းကျောင်းသူ  ကျောင်းသားများ၏ အောင်စာရင်းကို ယနေ့ ဇွန်လ ၇ ရက် တနင်္ဂနွေနေ့ တွင် အခြေခံပညာဦးစီးဌာန မှထုတ်ပြန် လိုက်သည် ။ဆယ်တန်းအောင်စာရင်းများ ကပ်ထားသော ကျောင်းတိုင်း၌ ရဲလုံခြုံရေး ဆယ်ဦးထက် မနည်းချထားသည် ကိုတွေ့ ရသည်။
နိုင်ငံတ၀ှမ်းရှိ ကျောင်းများတွင် ယနေ့ မနက် အာရုံတက်ချိန်ကတည်းက အောင်စာရင်းများကို ကပ်
ထားပြီး အထက ၆ ဗိုလ်တစ်ထောင် နှင့် အထက ၁ ရန်ကင်းတို့ တွင်မူ တစ်နိုင်ငံလုံးရှိ ဆယ်တန်းစာ
မေးပွဲဖြေဆို အောင်မြင်သူများ စာရင်းကို ကပ်ထားရာ ကျောင်းသားကျောင်းသူအများစု လာ
ရောက် ကြည့်ရှုကြသည်။

မတ်လက ကျင်းပခဲ့သော စာမေးပွဲဖြေဆိုချိန် မတိုင်ခင် လျှပ်စစ်မီး မရရှိမှုကြောင့်ကျောင်းသား ကျောင်းသူများ စာကျက်၍ မရသော ကြောင့် မငြိမ်မသက်ဖြစ်ခဲ့ကြသည်။

ယခု နှစ်ဆယ်တန်းစာမေးပွဲအောင်စာရင်းကို ယခင်နှစ်များထက် အချိန်စော၍ ထုတ်ပြန်သည် ဟုသိရသည် ။စာမေပွဲ ဖြေဆိုသူ အားလုံး ၏ ၂၄ ရာခိုင် နှုန်းခန့် သာအောင်ကြောင်း အထက ၂ ဒဂုံမှ ဆရာမတစ်ဦးက Freedom News Group သို့ ပြောသည်။