ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆန္ဒပြပွဲများအား ထိုင်း ပီအေဒီ များကပါ ပူးပေါင်း

၇ ဇွန် မဲဆောက်၊                    ၊စောမူဂေး

Thai Yellow Shirts Collaborates Burmese Protests

မြန်မာ အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည့် ထိုင်းပီအေဒီ အဖွဲ့ ဝင်တစ်ဦး ဓာတ်ပုံ-Collective Action Committee
မြန်မာ အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည့် ထိုင်းပီအေဒီ အဖွဲ့ ဝင်တစ်ဦး ဓာတ်ပုံ-Collective Action Committee

သက်ဆင် အစိုးရ အပြင် ဆမတ် နှင့် ဆုန်ချိုင်း အစိုးရများကို ပါ ဖြုတ်ချခဲ့ဖူးသည့်အတွေ့ အကြုံရှိ
သည့်  ထိုင်း ပီအေဒီ(Peoples Alliance For Democracy) အဖွဲ့ ဝင်များက ယနေ့ နံနက် တွင်
မဲဆောက် ရှိ မြန်မာဘက်ကမ်း နှင့် အလွန် နီးကပ်သော ချစ်ကြည်ရေးတံတားအနီး ကျင်းပသည့်
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆန္ဒပြပွဲတွင် ပါဝင်ပူး
ပေါင်း၍ ကူညီမှုပေးသည် ဟု ထိုဆန္ဒပြပွဲ တွင် ပါဝင်ဦး ဆောင်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းကိုအောင်ခိုင်က  Freedom News Group သို့ ပြောသည်။

ယနေ့ မဲဆောက်တွင် ကျင်းပသော ဆန္ဒပြပွဲကို Joint Action Committee မှဦးစီးပြုလုပ်ခြင်း
ဖြစ်ပြီး လူတစ်ရာကျော် ချီတက် ဆန္ဒပြကာ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးတို့ ကို တောင်းဆိုခဲ့သည်။

ယနေ့ တတိယအကြိမ်မြောက် မဲဆောက်တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် နိုင်ငံရေးအကျဉ်းသား
များ နှင့်တက်ကြွ လှုပ်ရှား သူများသာမက မဲဆောက်ရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ
လည်းပါဝင် ဆန္ဒပြသည် ဟု တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုထက်အောင်ကပြောသည်။

တခ် ခရိုင် အခြေစိုက် ပီအေဒီ အဖွဲ့ ဝင်များက မဲဆောက် ဆန္ဒပြသူများကို ပံ့ပိုးကူညီ ခဲ့သဖြင့် အာဏာပိုင်များက လုံးဝ နှောင့်ယှက် ခြင်းမရှိပဲ အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ မတရား အမှုဆင်ဖမ်းဆီး၍ အင်းစိန်ထောင်တွင်းဖမ်းဆီးထားကာ တရားစွဲ ဆိုထားခြင်းအပေါ် နိုင်ငံတကာ ရောက် မြန်မာများကလည်း ကန့် ကွက်ဆန္ဒပြကြသည်။

ပြည့်သူ့ ဒီမိုကရေစီ မဟာမိတ် အဖွဲ့ ပီအေဒီ သည် ယခု ရက်သတ္တပတ် အတွင်း ထိုင်းနိုင်ငံ ၏ နိုင်ငံရေး ပါတီ တစ်ရပ် အဖြစ် အသွင် ပြောင်းလဲဖွဲ့ စည်းခဲ့သည်။