၈ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
Interview With Leader of Student’s Union
မြန်မာ နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကနေ အမြဲဦးဆောင် ပါဝင်ဆောင်ရွက်လေ့ရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ်ကြီးကို ယခုလ ၅ ရက်နေ့ မှာ ရန်ကုန်မြို့ တစ်နေရာမှာ အောင်မြင်စွာ ပြန်လည် ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့ စည်းခြင်းဟာ နှစ်နှစ် အတွင်းဒုတိယ အကြိမ်မြောက်ပြန်လည် ဖွဲ့ စည်းခြင်းဖြစ်ပါတယ်။
၂၀၀ရ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအကြိုကာလမှာ တစ်ခါပြန်ဖွဲ့ စည်းခဲ့ပြီး စီးပွားရေးတက္ကသိုလ်က မဟာတန်းတက်ရောက်နေတဲ့ ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုကျော်ကိုကို ကို ဥက္ကဌ အဖြစ်ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။
စက်တင်ဘာ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကို အပါအ၀င် အဖွဲ့ ဝင်တွေကို ဖမ်းဆီးထောင်ချပြီးတဲ့ နောက် ကျန်ရှိတဲ့ အဖွဲ့ ဝင်တွေ က ဒေါ်အောင်ဆန်းစုကြည် အားမတရားဖမ်းဆီးတရားစွဲဆို ထားမှု အပါအ၀င် အစတဲ့ နိုင်ငံရေူလှုပ်ရှားမှုတွေ ကို ဦးဆောင် ပြုလုပ်ခဲ့ကြပါတယ်။
အခုယာယီ ပြန်လည် ဖွဲ့ စည်းထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ ချုပ်မှာ ထောင်တွင်းအကျဉ်းချထားခြင်းခံရတဲ့ ကို ကျော်ကိုကို ဥက္ကဌ အဖြစ်ပြန်လည်ရွေးကောက် တင်မြှောက်ထားပြီး ဒုဥက္ကဌ အဖြစ် ကိုစောဂျွန်မြင့် အထွေထွေ အတွင်းရေးမှုးအဖြစ် ကို ထွန်းထွန်း နဲ့ ကိုတေဇာမောင် ၊ကိုစိုင်းသီဟမောင်၊ကိုရဲ နိုင် ၊ကိုပြည့် အစရှိ တဲ့ နိုင်ငံတစ်ဝှမ်းက ကျောင်းသားလူငယ်တွေကိုကိုယ်စားပြုတဲ့ ကျောင်းသားခေါင်းဆောင် တွေ နဲ့ ပြန်လည် ဖွဲ့ စည်းခဲ့ပါတယ်။
ယခုပြန်လည် ဖွဲ့ စည်းခဲ့တဲ့ကျောင်းသား သမဂ္ဂ ရဲ့  အထွေထွေ အတွင်းရေးမှုးတစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းနဲ့ Feedom News Group ကရန်ကုန် မြို့ တစ်နေရာမှာ တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။
နှစ်ဆယ်ကျော် အသက်အရွယ် အသားဖြူဖြူ ပိန်ပိန်ပါးပါး နဲ့ တိကျပြတ်သားမယ့် မျက်နှာ ပုံသဏ္ဍန်မျိုးပိုင်ရှင် ကိုထွန်းထွန်းက အင်္ကျီ အဖြုရောင် နဲ့  ခမ်းနွမ်းနွမ်း ယောပုဆိုးတစ်ထည် နဲ့ Freedom News Group ရဲ့ မေးခွန်းတွေ ကို ခုလို ဖြေကြားခဲ့ပါတယ်။
FNG။ ။ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ လိုက်ပြီဆိုတော့ ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလို့  ဖွဲ့တာလဲ
ကိုထွန်းထွန်း။ ။ကျွန်တော်တိုကြေညာချက်မှာပါခဲ့တဲ့အတိုင်းဒုတိယစက်တင်ဘာ အရေးတော် ကြီးတစ်ခု ပေါ်ပေါက်လာ ဖို့ နဲ့ စစ်အာဏာရှင် စနစ်ကို မြေမြုပ် သဂြိုဟ် ပစ်နိုင်ဖို့ အဓိက ပဲ ။ပြန့် ကျဲနေတဲ့ လူငယ် နက်ဝခ်တွေ နဲ့ မျိုးဆက်သစ် တွေ ကို ပြန်စုစည်းပြီးရင် ကျောင်းသားလှုပ်ရှားမှုတွေ ကနေ တစ်ဆင့် နိုင်ငံရေး အုံကြွမှု တွေ ဆက်ဖြစ်လာ နိုင်စေဖို့ ပြင်ဆင်ထားတယ်။
FNG။ ။တက်ကြွလှုပ်ရှားသူ အတော်များများက ထောင်တွေထဲ မှ အဖမ်းခံထားရ
တယ်ဆိုတော့ လှုပ်ရှားမှု တွေ က ကျယ်ကျယ် ပြန့် ပြန့် ဖြစ်လာပါအုံးမလား။
ကိုထွန်းထွန်း။ ။၂၀၀ရ စက်တင်ဘာ မှာ လူတွေ သိန်းချီ လမ်းမပေါ်ထွက်တယ်။အဲဒီထဲက
ခေါင်းဆောင်တွေကတော့ထောင်သွင်းအကျဉ်းချခြင်းခံလိုက်ရတယ်။ကျောင်းသား၊ပြည်သူတွေ ဟာ သူတို့ ကို ဦးဆောင်မှုပေးနိုင်မယ့် အဖွဲ့ အစည်းကို ပြန်လည် မျှော်လင့်ကြတယ်။ကျွန်တော်တို့ တွေလှုပ်ရှား မှုတွေ အဆက် မပြတ်လုပ်နေရင်း အဲဒီထဲက မှ ခေါင်းဆောင် သစ်တွေ ပြန်မွေးဖွား
လာမှာပဲ။အဒီ ခေါင်းဆောင် တွေ ကနေ ပြည်သူကို ပြန်ဦးဆောင် ဒီလိုမျိုးချီတက်ရမှာပဲ။
FNG။ ။လူထုရဲ့ နိုင်ငံရေးနိုးကြားမှု အခြေအနေ ကဘယ်လိုရှိလဲ
ကိုထွန်းထွန်း။ ။လူထုက စစ်အာဏာရှင် စနစ် ကို အခါးသီးဆုံး အခြေအနေကိုရောက်လာနေပြီ
FNG။ ။လတ်တလော ခင်ဗျား တို့ ရဲ့ လှုပ်ရှားမှုတွေ ကကော
ကိုထွန်းထွန်း။ ။လှုပ်ရှားမှု အားလုံးကို လှို့ ဝှက် လုပ်ဆောင်နေရတယ်။အဓိက ပြန့် ကျဲနေတဲ့
အင်အားစု တွေ ကို စုစည်းနိုင်ဖို့ ကို အထူးဦးစားပေးပြီးလုပ်ဆောင်နေပါတယ်။ပြည်တွင်း မှရှိ တဲ့ တခြားနိုင်ငံရေးလှုပ်ရှားမှု အဖွဲ့ အစည်းတွေ နဲ့ လည်းပူးပေါင်း လုပ်ဆောင် သွားမယ်။
ဒါကတော့ လက်ရှိ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် ရဲ့ အထွေထွေ အတွင်း
ရေးမှုး တစ်ယောက် ဖြစ်တဲ့ ကိုထွန်းထွန်း ကို တွေ့ ဆုံမေး မြန်းထားတာ ဖြစ်ပါတယ်။
ကိုထွန်းထွန်း ဟာ ၂၀၀ရ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော် လှန်ရေးကာလ မှာ အထက်ဗမာ
ပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်ကျောင်းသားတစ်ယောက် အဖြစ်ပါဝင် လှုပ်ရှားခဲ့ပြီး သူ့ ရဲ့ ရဲ”
ဘော် ရဲဘက် တစ်ဦးဖြစ်တဲ့ အထက် ဗကသ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကို ဗိုလ်မင်းယု
ကို ကတော့ ထောင် ဒဏ် ၁၀၄ နှစ် ပြစ်ဒဏ် ပေးခြင်းခံခဲ့ရပါတယ်။
၂၀၀၈ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော် လှန်ရေး တစ်နှစ်ပြည့် နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ကို
မန္တလေး မြို့ မှာ ပြုလုပ်ရန်စီစဉ် နေစဉ် အာဏာပိုင် တွေ ၀င်ရောက် ဖမ်းဆီးစဉ် သူ့ ကို မတွေ့ တာနဲ့ ဇနီးဖြစ်သူ မကေသီအောင် ကို ဖမ်းဆီးခေါ်ဆောင်သွာပြီး ထောင်ဒဏ် အနှစ် နှစ်ဆယ်ချ
မှတ်ခဲ့ပါတယ်။သူ့ ဇနီး ဖြစ်သူဟာ ထောင်တွင်းမှာ ပဲ ကိုယ်ဝန်ပျက်ကျ ခဲ့ပြီး ယခု ဇာတိမွေးရပ်မြေ
ကနေ ဝေးကွာတဲ့ နယ်အဝေးထောင် တစ်ခု ကို ပို့ ဆောင်ခြင်းခံရပါတယ်။
