ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းမိုးရွာသွန်း၍ မြေပြိုမှုများ ကြောင့်ကုန်စည်တင်ပို့ မှုများအခက်တွေ့ 

၈ ဇွန် မြ၀တီ၊                  ၊စောမူဂေး

Border-Trade Main Road landslides

ရန်ကုန်-မြ၀တီ နယ်စပ်ကုန် သွယ်ရေးလမ်းပိုင်း၏ အရေးပါသော ကော့ကရိတ် -သင်္ကန်းညီနောင်
လမ်းပိုင်း ရှိ ဒေါနတောင်တန်း တောင်တက် လမ်းနေရာများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
မြေပြိုမှုများဖြစ်ပွားသည် ဟု သတင်းရရှိသည်။

သင်္ကန်းညီနောင် လမ်းပိုင်းကားလမ်းဘေးမြေပြိုမှု နှင့်ပတ်သက်၍ ကော့ကရိတ်-မြ၀တီ ယာဉ်လိုင်းတွင် ခရီးသည် တင်ကား ပြေးဆွဲနေသူ တစ်ဦးက “လမ်းမှာ မြေပြိုထားတွေ ရော လမ်းပေါ်ရေကျော်ထားတာတွေ ရော မနည်းဘူး ကုန်တင်ကားကြီးတွေ ဆို သွားလို့ ရမယ်မထင်ဘူး အာရှလမ်းမကြီးကမပြီးသေးတော့ ဒီလမ်းဟောင်းကိုပဲ သုံးနေရတယ် ဟု Freedom News Group သို့ ပြောသည်။

ကော့ကရိတ်-မြ၀တီ လမ်း မှာ ဒေါနတောင်တန်းကို ဖြတ်ကျော် ဖောက်လုပ်ထားသဖြင့် အတက်
အဆင်း အကွေ့ အကောက်များက အချို့ နေရာများတွင် လမ်းကျဉ်း၍ ယာဉ်ကိုအရှိန်လျှော့ ၍မောင်းနှင်ရသည်။

ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းပိုင်းများတွင် ရေကြီးမြေပြိုမှုကြောင့် ယာဉ်များသွားလာရ
ခက်ခဲသဖြင့် ထိုင်းနယ်ငံ မဲဆောက် ဘက်ခြမ်းမှာ ကုန်စည် များ ရန်ကုန်နှင့် အခြားမြို့များသို့ ပို့ ဆောင်ရန် အခက်အခဲ ဖြစ်ကြရသည် ။

ယခုနှစ် မိုးရာသီ အတွင်း တခ်ခရိုင် ကုန်သည် ကြီးများအသင်းက မြန်မာနိုင်ငံသို့ နယ်စပ်ကုန်သွယ်
ရေးမှတစ်ဆင့် စားသုံးဆီ၊အချိုမှုန့် နှင့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများ ဘတ်ငွေ သန်း ၂၀၀ ကျော်
ဖိုးပို့ ရန် အစီအစဉ်ရှိသည် ဟုသိရသည်။

ကော့ကရိတ်-မြ၀တီ လမ်းပိုင်းတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုအတွက် ဆက်ကြေး
ကောက်ခံသည့် တိုးတက်သောကရင် ဗုဒ္ဓဘာသာ အဖွဲ့ (ဒီကေဘီအေ) မှာ ပျက်စီးနေသော မော်
တော် ကားလမ်းနေရာများ ကို ပြန်လည်ပြုပြင်မှု မရှိ ဟုသိရသည်။