စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းက ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုထားမှုသည် မြန်မာပြည်တွင်းရေးသာဖြစ်ဟုပြော

၉ ဇွန် ရန်ကုန်၊               ၊Freedom News Group

SM Goh says Suu Kyi trial should not be allowed to affect Myanmar’s elections   (သတင်းနှင့် သုံးသပ်ချက်)

Myanmar Singaporeစင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် ကမြန်မာနိုင်ငံသို့ လေးရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ် အတွင်း ယနေ့  စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံအပြီးတွင် မန္တလေးမြို့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ဒေါ်အောင်ဆန်းစု ကြည် အားတရားစွဲဆိုထားသည့်  ကိစ္စသည် နောင်နှစ် တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မည်သည့် အကျိုးသက်ရောက်မှုမျိုးမှ ဖြစ်ပေါ်လာနိုင် ဖွယ်မရှိ ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။

ဂိုချုပ်တောင် က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စသည် မြန်မာပြည်တွင်းရေး ကိစ္စသာ ဖြစ်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်မည်သို့ မှ အနှောင့်အယှက် မရှိ နိုင်ဟု ပြောကြားခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆို ထားခြင်းကို နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှု များအား စစ်အစိုးရမှ လစ်လှုရှု ထားသည့် အတွက်လည်း မိမိများစွာစိတ်ပျက် မိကြောင်း ထည့် သွင်းပြောကြားသွားသည်။

စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် နှင့် ဗိုလ်ချုပ်မူးကြီးသန်းရွှေ တို့ ယနေ့ နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြသည် ကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွား သော်လည်း မည် သည့် အကြောင်းအရာများ ဆွေးနွေးသည် ကို မူထုတ်ဖေါ်
ပြောကြားခြင်းမပြုချေ။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် မတွေ့ ဆုံခင် မြန်မာ ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် တွေ့ ဆုံခဲ့သေးသည်။စစ်တပ် ၏  အရေးပါသော အခန်းကဏ္ဍကို လည်း အတိုက်အခံများ ပြန်လည် စဉ်းစားရန် နှင့် ရွေးကောက် ပွဲ တွင် အမျိုးသားဒီ မိုကရေစီ အဖွဲ့ ချုပ် ပါဝင် လာစေနိုင်ရန် လုပ်ဆောင် သင့်ကြောင်း စစ်အစိုးရ အနေဖြင့်လည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း ၁ရ ဖွဲ့  နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ လည်းရှိကြောင်း
သူကပြောကြားသွားသည် ကို Channel News Asia ၏ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

စင်္ကာပူ နိုင်ငံမှာ မြန်မာ နိုင်ငံ နှင့် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံများထဲ တွင် တစ် နိုင်ငံဖြစ်ပြီး ၁၉၈၈ခုနှစ် စစ်တပ် အာဏာ သိမ်းပိုက်လိုက်ပြီး ချိန်မှ စ၍ မြန်မာ စစ်အစိုးရ ကို လက်နက် စတင် ရောင်းချသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

စင်္ကာပူ အဆင့်မြင့်ဝန်ကြီး တစ်ဦး ဖြစ်သည့် ဂိုချောက် တောင် ၏ မြန်မာ နိုင်ငံ လေးရက်ကြာခရီး စဉ် အတွင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသတွင် စင်္ကာ ပူနိုင်ငံက တည်ဆောက် ပေးခဲ့သည့် ဆေးရုံဖွင့်ပွဲ ကိုပါတက်ရောက် မည်ဖြစ်သည်။

စင်္ကာပူ ၀န်ကြီးချုပ်ဟောင်းရဲ့ မြန်မာ နိုင်ငံခရီးစဉ် အတွင်း ပြောကြားချက် နဲ့ ပတ်သက်ပြီး ဘန်ကောက် အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားသူ ကို ကျော်လင်း ဦက အခုလို သုံးသပ်ထားပါတယ်

အယင်စင်္ကာပူ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး အခု ၀ါရင့်ဝန်ကြီးတစ်ဦးဖြစ်နေတဲ့ ဂိုချောက်တောင် ရဲ့ မြန်မာနိုင်ငံခရီးဟာ စင်္ကာပူနိုင်ငံကိုတင် ကိုယ်စားပြုတာမဟုတ်ပဲ အာစီယံတဖွဲ့လုံးကိုယ်စား ဒေသတွင်းနိုင်ငံ တွေရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာစစ်အစိုးရကို သွားပြောတာဖြစ်တယ်။ တကယ်တော့ ဒီခရီးဟာ အာစီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ်က သွားရမှာဖြစ်ပေမယ့် မြန်မာစစ်အစိုးရက သူတို့အပေါ် ထိုင်းနိုင်ငံရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်တွေကြောင့် ဒေါက်တာဆူရင်းရဲ့ ခရီးကို လက်ခံပုံမရဘူး။ ဒါကြောင့် သူ့ကိုယ်စား ဂိုချောက်တောင်က သွားရတာလို့ထင်ပါတယ်။ ဒီခရီးအတွင်းမှာ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို တွေ့ခွင့်ရပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော၊ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပါ အာစီယံနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောခွင့်ရတယ်။ ဒါ့အပြင် နအဖ ဘက်ကလဲ သူတို့အပေါ် အတိုက်အခံတွေရဲ့ အမြင်နဲ့ပတ်သက်ပြီး နိုင်ငံရေးမှာရှိတဲ့ သူတို့ရဲ့ အခန်းကဏ္ဍ ဒီ့ထက်ပိုပြီး အသိအမှတ်ပြုစေချင်ပုံရတယ်၊ နောက်ပြီး အခုလက်ရှိ ငြိမ်ချမ်းရေးအဖွဲ့ တွေနဲ့ပတ်သက်ပြီး သူတို့ တော်တော်လေး ယောက်ယက်ခတ်နေတဲ့ဆိုတာ ထုတ်ပြောခြင်းအားဖြင့် အတည်ပြုလိုက်သလိုလဲဖြစ်တယ်။ ဒါတွေအားလုံးအတွက် နအဖ က အခု လုပ်ရမှာက ဒေါ်စုကို ထောင်ထဲ က ထုတ်ပြီး တွေ့ဆုံဆွေးနွေးပါ။ ပြေလည်မှုရအောင်ယူပါ။ ဒါဆိုယင် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ချေဖျက်ပြီသားဖြစ်သလို အပစ်အခတ်ရပ်အဖွဲ့တွေနဲ့ ပက်သတ်ပြီးတော့လဲ ထပ်ပြီ ဦးဏှောက်ခြောက် စရာ လိုတော့မှာမဟုတ်ဘူး။ အပစ်အခတ်ရပ်အဖွဲ့တွေဘက်က နောက် အစိုးရနဲ့မှ ဆွေးနွေးမယ် ဆိုတဲ့စကားဟာ နအဖ အတွက် ဒီထက် ပိုပြီး ရနိုင်စရာမရှိတော့သလို ဒါဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲ ရေး ပြုလုပ်ခဲ့တုန်းက ကတိက၀တ် ထားခဲ့တဲ့အတိုင်းဖြစ်နေတဲ့အတွက် နအဖ အတွက် ဒေါ်စု နဲ့ အခုပြေလည်မှု ယူဖို့က လွဲလို့ တခြားဘာမှ မလုပ်နိုင်တော့ပါဘူး။