၁၀ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Transports Minister Blames Pilots For Landed Crash

ပို့ ဆောင်ရေးဒုဝန်ကြီး ဗိုလ်မှုးကြီး ဥာဏ်ထွန်းအောင် က အင်္ဂါနေ့ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် လေယာဉ်မှုးကြီးများ နှင့် တွေ့ ဆုံရာ ၌ နိုင်ငံ
တော်က လေဆိပ်များ နှင့် လေယာဉ်များ ကို နိုင်ငံခြားငွေ မြောက်များစွာ အကုန်အကျခံ၍ နိုင်ငံတကာ အဆင့်မှီ ဖန်တီးပေးထားသော် လည်း လေယာဉ် ကို ပျက်ကျအောင်မောင်းသည် ဟု အပြစ်ဖို့ ပြောကြားသွား ကြောင်း ထိုအစည်း အဝေးပွဲ သို့ တက်ရောက် သူ တစ်ဦးက Freedom News Group သို့ ပြောသည်။
နှစ် ၆၀ သက်တမ်းရှိပြီ ဖြစ်သော မြန်မာ့လေကြောင်းလိုင်းသည် အတွေ့ အကြုံရှိသော လေယာဉ်မှုး
ကြီးများ ရှိနေသောကြောင့် မပျံသန်းခင် လေယာဉ် ကြံခိုင်မှု နှင့်ပတ် သက် ၍စစ်ဆေး ရန်လိုအပ်
ကြောင်းသူက ညွှန်ကြားသွားခဲ့ သည်။
စနေ့ နေ့ က စစ်တွေတွင် မြန်မာ့ လေကြောင်းပိုင် လေယာဉ်တစ်စီး ပျံသန်းမှု ချို့ ယွင်း၍ လမ်းချော်မှု
ဖြစ်ပြီးကတည်းက မြန်မာ့ လေကြောင်းတွင် နေပြည်တော် မှ စစ်ဆေးရေး အဖွဲ့ များက လာရောက်
စစ်ဆေးနေသည် ဟု သတင်းရရှိ သည် ။
စနေ နေ့ က ရခိုင်ပြည်နယ် စစ်တွေ မြို့ တွင် ဆင်းသက်စဉ် စက်ချို့ ယွင်း၍ လမ်းချော်သွားသော လေ
ယာဉ် တွင် စစ်အစိုးရ အဖွဲ့ ဝင် ဗိုလ်ချုပ် တစ်ဦး ၏ မိသားတစ်စု လည်း ခရီးသည် အဖြစ်လိုက်ပါလာ
သည် ဟု ရန်ကုန် လေဆိပ်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။
လေယာဉ်မှာ များစွာထိခိုက်ပျက် စီးခဲ့ရသော် လည်း လေယာဉ်မှုးများ ၏ ကျွမ်းကျင်မှု ကြောင့် ခရီး
သည်များ အသက် အန္တရာယ် မထိခိုက်သော် လည်း စစ်အစိုးရ တာဝန်ရှိသူ များမှ တစ်စုံတစ်ရာ ဂုဏ်
ပြုစကား မဆို ခဲ့ ဟု သိရသည်။
