လာရောက်လည်ပတ်သူ နိုင်ငံခြားသားအချို့ကို ထောက်လှမ်းရေး နှင့် ရဲကလိုက်လံစုံစမ်းမှုပြုနေ

၁၀ ဇွန် ရန်ကုန် ၊                ၊ယူကွန်

Junta Monitoring On Foreign Visitors

မြန်မာ နိုင်ငံသို့ ယခုရက် ပိုင်းအတွင်း လာရောက်လည် ပတ်သည့် နိုင်ငံခြားသားများကို အရပ်ဝတ်
စစ်ထောက်လှမ်ရေးများ နှင့် ရဲ သတင်းတပ်ဖွဲ့ ဝင်များ နောက်ယောင်ခံ လိုက်ကြည့် ၍ စုံစမ်းထောက်
လှမ်းမှုများ လုပ်နေကြောင်း ထိုကဲ့သို့ စောင့် ကြည့်ခံခဲ့ရသည့် ဂျာမဏီ မှ လာရောက် လည် ပတ်သူ
တစ်ဦးက Freedom News Group သို့ ပြောသည်။ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားသားများ သွားရောက်လည်ပတ် တတ်သည့် နေရာများတွင် လည်း စောင့်ကြည့် လေ့လာမှုများရှိသည်။

နိုင်ငံခြားသား များ တည်းခို နေ ထိုင်လေ့ရှိသည့် ရန်ကုန် မြို့ ရှိ အင်း၊ဟိုတယ် နှင့် မိုတယ် ပိုင်ရှင်များ
ကိုလည်း နိုင်ငံခြားသား များတည်းခိုနေထိုင် သည့် စာရင်းကို စောင့်ကြည့် သတင်းပို့ ရန် နှင့် သ
တင်းထောက် သို့ မဟုတ် သင်္ကာ မကင်းသည့် နိုင်ငံခြားသားများကို လည်း သတင်းပို့ ရန် သက်ဆိုင်
ရာ အာဏာပိုင်များကတစ်ဆင့် ညွှန်ကြားထားသည် ဟု ဗိုလ်တထောင် မြို့ နယ်ရှိတည်းခိုခန်းပိုင်ရှင်
တစ်ဦးက ပြောသည်။

အင်္ဂါနေ့ က ရန်ကုန်မြို့ အနှံ အပျော်တမ်း ဓာတ်ပုံလိုက်ရိုက်သည့် ဂျာမဏီ နိုင်ငံသား ကမ္ဘာလှည့်ခရီး
သွားတစ်ဦးကို အင်းလျှားကန် ဘောင် အနီး ဓာတ်ပုံရိုက်ကူး နေစဉ် ထောက်လှမ်းရေးဟု ယူဆရ
သောလူသုံး ဦးက အနီးသို့ မယောင်မလည် ရောက်ရှိလာပြီး သူတည်းခိုနေထိုင်သည့် ရန်ကုန် မြို ထဲ
ရှိ ဟိုတယ် အထိပါ နောက်ယောင်ခံ လိုက်ခဲ့သည် ဟု ထိုနိုင်ငံခြားသားက ပြောသည်။

စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည် အားမတရား အမှုဆင် ၍ဖမ်းဆီးတရားစွဲ ဆိုချိန်မှ စ၍ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုကို သေချာစွာစီစစ်
ပြီးမှ ဗီဆာ ထုတ်ပေးသည် ဟု ဘန်ကောက် ရှိ မြန်မာ သံရုံးတွင် အလုပ်လုပ် ကိုင်နေသော ၀န်ထမ်း
တစ်ဦးက ပြောသည်။