၁၀ ဇွန် ဘန်ကောက်၊ ၊Freedom News Group
Thailand to consider Malaysian pipeline proposal
မလေးရှား နိုင်ငံက အဆိုပြုထားသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရေး ကိစ္စကို ထိုင်းနိုင်ငံက ပြန်လည်စဉ်းစားတော့မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သို့ အလည်အပတ်ရောက်ရှိ နေသော ထိုင်းဝန်ကြီးချုပ် အဘီဆစ် က မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ ဒါဂျစ် တွန် ရာဇတ် နှင့် တွေ့ ဆုံအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
ထိုင်းနိုင်ငံသို့ မလေးရှားက သဘာဝ ဓာတ်ငွေ့ များရောင်းချမည့် အစီအစဉ်ကို မလေးရှားနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောခ်တာ အယ် ဘူခါရီ ပိုင်သည့် SKS ကုမ္ပဏီမှ အဆိုပြုလွှာတင် သွင်းခြင်းဖြစ်သည်။
သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည့် ကိစ္စ နှင့် ပတ်သက်၍ အမျိုးသားစွမ်းအင် ကော်မတီမှ ခွင့်ပြုချက် ရရှိပြီးပါ က ဆက်လက် အကောင်အထည် ဖေါ်နိုင်မည် ဖြစ်သည်။
ရေနံ ပိုက်လိုင်းကို မလေးရှား နိုင်ငံ ကိုတာ ပါဒါနာ မှ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ ထိသွယ်တန်း
မည်ဖြစ်သည်။
မလေးရှား နိုင်ငံ၏ ၀န်ကြီးချုပ်အဆက်ဆက် အဆိုပြုခဲ့သော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း
သွယ်တန်း မည့် ကိစ္စကို ထိုင်းနိုင်ငံ မှ ယခု မှပြန်လည်စဉ်းစားရခြင်းမှာ မြန်မာနိုင်ငံ ၏ သဘာဝ ဓာတ်ငွေ့ ကို အားထားနေရခြင်းအပေါ်လျှော့ ချရန်ဖြစ်နိုင်ကြောင်း ထိုင်းနိုင် ငံရေး ကျွမ်းကျင်သူ
ချုလာလောင်ကွန် တက္ကသိုလ်မှ မြန်မာ ကျောင်းသားတစ်ဦးက Freedom News Group သို့ ပြော
သည်။
