နာဂစ် ဒေသ NGO အချို့ ကို စစ်အစိုးရ က အတိုက်အခံများနှင့် မပတ်သက်ရန် သတိပေး

၁၁ ဇွန် ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Junta Warns INGO in Burma

WFP Helicopter copy၂၀၀၈ ခုနှစ် မေလ က တိုက်ခတ် သွားခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် လူသားချင်းစာနာ မှုဖြင့် အကူအညီပေးနေ သည့် နိုင်ငံတကာ အန်ဂျီအို အချို့ ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် မပတ်သက် ရန် သတိပေးပြောကြားသည် ဟု နိုင်ငံတကာ အန်ဂျီအို တစ်ခု တွင် အကြီးတန်း အရာရှိတစ်ယောက် အဖြစ်တာဝန် ထမ်းဆောင်နေသည့် အမည် မဖော် လိုသော အမေရိကန် နိုင်ငံသားတစ်ဦးက Freedom News Group သို့ ပြောသည်။

နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးချိန် မှ စ၍ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ များ မြန်မာနိုင်ငံတွင်းဝင်ရောက် လုပ်ကိုင်ခဲ့ရာ အချို့ အဖွဲ့ အစည်းများမှာ စစ်အစိုးရ နှင့် ဆက်ဆံမှု မရှိခင် ကတည်းကထိုင်းနိုင်ငံ တွင် အခြေစိုက်ရင်း မြန်မာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် ဆက်စပ် မှုရှိခဲ့သည်။

ပြည်တွင်း ရှိ နိုင်ငံတကာ အန်ဂျီအို များတွင် အလုပ်လုပ် ကိုင်နေသော နိုင်ငံရေးနောက်ခံရှိခဲ့ဖူးသူများမှ တစ်ဆင့် အနောက်နိုင်ငံသား အန်ဂျီအို ၀န်ထမ်းအချို့ သည် မြန်မာနိုင်ငံရေး ကိုစိတ်ဝင်စားလာကြာကာ နိုင်ငံရေး လှုပ်ရှားသူများ နှင့် ထိတွေ့ ဆက်ဆံမှု ပြုလာကြသည် ကို စစ်အစိုးရ အရာရှိများက မနှစ်မြို့ ဟု အဆိုပါ နိုင်ငံခြားသား ကပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်က နေပြည်တော် တွင် ပြုလုပ်သည့် နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့ များကို သက်တမ်းတိုးပေး ရန် အတွက် လျှောက်ထားမှု ကိစ္စတွင် စစ်အစိုးရ အရာရှိ တစ်ချို့ က ထိုင်း-မြန်မာနယ်စပ် ရှိ မြန်မာ အတိုက်အခံများ နှင့် ထိတွေ့ မှုရှိသည့် နိုင်ငံတကာ အန်ဂျီအို များကိုသက်တမ်းတိုးပေးရန် အတွက် စစ်အစိုးရက ပြန်လည် စဉ်းစားလာ နိုင်သည် ဆို သော သတင်းစကားလည်းပေါ် ထွက်ခဲ့သည်။

နာဂစ် မုန်တိုင်းတိုက် ခတ်ပြီးချိန်မှ စ၍ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ရာ နိုင်ငံတကာ တွင် ထင်ရှားသည့် အန်ဂျီအို အဖွဲ့ များလည်း ပြည်တွင်းတွင် ၀င်ရောက် အခြေစိုက်ခဲ့သည်။

ပြည်တွင်းတွင် အခြေစိုက်သည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ များအနေဖြင့် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များပြုလုပ်မည် ဆိုပါက အဆော တလျှင် မပြုလုပ်ရန် အတွက်လည်း စစ်အစိုးရ တာဝန်ရှိသူ များက ညွှန်ကြားထားသည်။