၁၁ ဇွန် နေပြည်တော်၊ ၊ညွှန့် သက်ထားဦး
ဒေါ်အောင်ဆန်းစုကြည် အား မတရားအမှုဆင် တရားစွဲဆိုထားခြင်းအတွက် တပ်တွင်း ခေါင်း
ဆောင်များ တွင် သဘောထားကွဲလွဲ မှုများ ကို အာရုံလွှဲ နိုင်ရန် အလို့ ငှာ မြန်မာစစ် ခေါင်းဆောင်းဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့  နှစ်ဦး ၏ လမ်းညွှန် ချက်ဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကိုအချိန် အခါ မဟုတ်ဘဲ ထိုးစစ်ဆင် ရခြင်းဖြစ်သည် ဟု စစ်အစိုးရ အခြေစိုက်ရာ နေပြည်တော် ရှိ စစ်တပ် အရာရှိ တစ်ဦးက Freedom NewsGroup သို့ သုံးသပ် ပြောကြားသည်။
ထိုအရာရှိက ဆက်လက်၍ “တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ ကို တပ်ချုပ်ကြီးက ကိုင်
တွယ်ပုံ နဲ့ ပတ်သက်ပြီး ဝေဖန်ကျတယ်။ တစ်ချို့ ကတော့ အမျိုးသမီးတစ် ယောက် ကို ဒီလို လုပ်တာ စစ်သားကောင်း တို့ ရဲ့ အပြုအမူ မဟုတ် ဘူး ဆိုပြီး ဝေဖန်ကြတယ်။ဗိုလ်ချုပ်မှုးကြီးက သူ့ ကို တပ်ထဲမှာ မကျေနပ်တာတွေ များနေပြီ ဆိုတာသိတယ်။ ငြိမ်းအဖွဲ့ တွေကို နယ်ခြားစောင့် တပ်လုပ်ဖို့ သွားပြောရတဲ့ ဗိုလ်ချုပ် တွေ ဆို တစ်ယောက်မှ မသွားချင်တော့ ဘူး ၊ဘုရားပြိုတာ နဲ့ ပတ်သက်ပြီး လဲ သူ တို့ မိသားစု အရှက် ရလိုက် သေးတယ် လေ ဒါကြောင့် KNU ကို မဲပြီး ထိုးစစ်ဆင်နေတာ ”ဟု သူသိရသော သတင်းအချက် အလက်များ ပေါ်မူတည်၍ သုံးသပ် ပြောကြားသည်။
မြန်မာ စစ်တပ် မှ မိုးတွင်းကာလ များ အထူးသဖြင့် ယခုကဲ့ သို့ မိုးဦးကာလများတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှား မှုများ ပြီးခဲ့သော ၁၆ နှစ်အတွင်း မရှိခဲ့သ်ာလည်း ယခုလ ဇွန်လ ၂ ရက် နေ့ မှစ၍ KNLA တပ်မဟာ ၇ နယ် မြေကို ကရင်ခွဲထွက် အဖွဲ့ များ၏ အကူအညီ ဖြင့် အကြီးအကျယ်ထိုးစစ်ဆင်နေခဲ့သည်။
တပ်မဟာ ၇ နယ်မြေကို ထိုးစစ်ဆင် တိုက်ခိုက်မှုသည် သဘောထားတင်းမာ သော ငြိမ်းအဖွဲ့ များနယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲလာရန် အတွက် သွယ်ဝိုက်သောဖိအား ပေးမှုတစ်ရပ် လည်း ဖြစ်ပြီး KNLA တပ်စိတ် တစ်ခု ၏ လက်ချက် ဖြင့် အသက်ပျောက် ခဲ့ရသည့် ဗိုလ်မှုးချုပ် ကောင်းမြတ် အတွက် လက်စားချေခြင်းဖြစ်သည် ဟု လည်း နေပြည်တော် ရှိ ဌာန ဆိုင်ရာ အရာရှိများက သုံးသပ်ကြသည်။
ကရင် အမျိုးသားလွတ်မြောက်ရေးတပ် မတော် နှင့် နအဖ စစ်တပ် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က တခ် ခရိုင် အတွင်းရှိ ထာဆောင်ယန်း မြို့ နယ်တွင် လက်နက်ကြီးများ အပါအ၀င် စစ်တပ်အင်အား တိုး မြှင့်ချထားသည်။
မြန်မာစစ်တပ် ဘက်မှ လက်နက်ပစ် ခတ်လိုက်သော လက်နက်ကြီးကျဉ်များလည်း ထိုင်းမြေထဲသို့ ကျသည် ဟု ထိုင်းစစ်တပ် အရရှိ တစ် ဦးက ရုပ်သံ ၇ နှင့် တွေ့ ဆုံမေးမြန်းခန်း တွင် ပြောဆိုခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သော KNLA သည်
အရှေ့တောင် အာရှ တွင် သက်တမ်းအရင့် ဆုံးဖြစ်သည့် တော်လှန်ရေး အဖွဲ့ အစည်းတစ်ခု ဖြစ်
သည်။
ညွန့် သက်ထားဦး ၏ နေပြည်တော်မှ သတင်းပေး ပို့ ချက် ကို Freedom News Group မှဖြည့်စွက်ရေးသား သည်။

သူတု့ ရူးသမျှ ခံ ရတာ ဒီက သိုးငယ်တို့  ပြည်သူတွေပါ..
ဒီဘ၀ ဒီမျှနဲ့ ကြေပါစေတော့ ဗျာ…