ဝက်တုပ်ကွေး ရောဂါကို ၂၁ ရာစု၏ ပထမ ဦးဆုံးကပ်ရောဂါအဖြစ် WHO ကြေညာ

၁၂ ဇွန် ဘန်ကောက်၊                  ၊Freedom News Group

Swine flu is a pandemic, WHO says

ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အတွက်လိုအပ်သော အသုံးအဆောင် ဆေးဝါးများ
ဝက်တုပ်ကွေးရောဂါကာကွယ်ရေး အတွက်လိုအပ်သော အသုံးအဆောင် ဆေးဝါးများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ၀က်တုပ်ကွေးကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေကို  အဆင့် (၆) သို့ ယနေ့ တိုးမြှင့်သတ်မှတ်ကြောင်းကြေညာလိုက်ခြင်းဖြစ် ၂၁ ရာစု တွင် အဆိုးရွားဆုံးသော ကူးစက်စေတတ်သည့် ကပ်ရောဂါ  တစ်မျိုးဖြစ်လာခဲ့သည်။

ဧပြီလ နှောင်းပိုင်းက မက္ကဆီကို တွင် စတင်ဖြစ်ပွားခဲ့သော ၀က်တုပ်ကွေး ဗိုင်းရပ်(စ)ပိုးမှာ နှစ်လပြည့်သေးခင် အချိန်အတွင်း နိုင်ငံပေါင်း ၇၄ နိုင်ငံ၌ လူပေါင်း ၂၉၀၀၀ ကို ကူးစက်ပြီးဖြစ်ကာ ၁၄၄ယောက် သေဆုံးဖြစ်ပြီးဖြစ်သည်။

လွန်ခဲ့သော ၄၁ နှစ် အတွင်း လူပေါင်းများစွာကိုကူးစက်စေတတ်သည့်အဆိုးရွားဆုံး
ကူးစက်ကပ်ရောဂါအဆင့် ကိုရောက်ရှိ သွားပြီဖြစ်ကြောင်း ဂျနီဗာတွင် ပြုလုပ်သော ၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ အသိပေးပွဲ တွင် WHO အကြီးအကဲ မာဂရက် ချန်းက ပြောသည်။

၁၉၆၈ ခုနှစ် က ဟောင်ကောင် တုပ်ကွေးရောဂါ ကြောင့် လူပေါင်း တစ်သန်း ကျော် သေကြေပျက်စီးခဲ့ရသည်။၁၉၁၈ ခုနှစ်က စပိန် တုပ်ကွေးကြောင့် လူသန်း ၅၀ ကျော်သေ ဆုံးခဲ့ရသည်။

လူမှ လူသို့ ကူးစက် စေတတ်သည့် အဆင့် သို့ ရောက်နေပြီ ဖြစ်သော ၀က်တုပ်ကွေးရောဂါ မှာ တတိယ ကမ္ဘာ နိုင်ငံများသို့ ရောက်ရှိပါက လိုအပ်သော ဆေးဝါးအခက်အခဲ ကြောင့် ပိုမိုဆိုးဝါး လာနိုင်သည် ဟု မာဂရက် ချန်းက ပြောသည်။

မြန်မာ နိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ တွင် ၀က်တုပ်ကွေးရော ဂါ ပိုး တွေ့ ရှိသူ သုံးဦးထိရှိလာပြီး ဒေသတွင်း နိုင်ငံများဖြစ်သော စင်္ကာပူ နှင့် မလေးရှား တို့ တွင် ထိုရောဂါပိုးရှိ သူ များတွေ့ရှိထားပြီ ဟု ဆိုသည်။

မြန်မာ စစ်အစိုးရ ကမူ နိုင်ငံတွင်း ၌ ၀က်တုပ်ကွေးရောဂါ ပိုး ကူးစက် ထားခြင်းခံရသူ မရှိသေး ဟုသတင်း ထုတ်ပြန်ထားသည်။