အီရန် သမ္မတဟောင်းခါတာမီ ဆန္ဒပြသူများ နှင့် ပူးပေါင်း အတိုက်အခံ ဟူစိန် မူဆာဗီက ဆန္ဒပြသူများကို ဦးဆောင်ရန် လမ်းပေါ်ထွက်၍ စိမ်းလန်းသော တော်လှန်ရေး ကိုဦးဆောင်

၁၅  ဇွန် တီဟီရန်၊                     ၊ရိုက်တာ အယ်(လ)ဂျာဇီးယား နှင့် စီအန်အန် သတင်း

Post-Election Unrest Continues in Iran

ထောက်ခံသူများကို တနင်္လယနေ့ ကတရားဟောနေ သည့် မူဆာဗီ ဓာတ်ပုံ-နယူးယောက်တိုင်း
ထောက်ခံသူများကို တနင်္လယနေ့ ကတရားဟောနေ သည့် မူဆာဗီ ဓာတ်ပုံ-နယူးယောက်တိုင်း

တတိယမြောက်နေ့  တီဟီရန် ဆန္ဒပြပွဲ မှာ ပို၍ အားကောင်းလာပြီး အပြောင်းအလဲ လိုလားသော ကျောင်းသားနှင့် ပြည် သူများ အစိမ်းရောင် မျက်နှာဖုံးများ နှင့် အလံများကို လွှင့်ထူကြပြီး ရွေးကောက်ပွဲ မသာမာမှု ကို ဖေါ်ထုတ်ပေးရန်  နှင့် အာမာဒီနီ ဂျက် သမ္မတ အဖြစ်မှ နှုတ်ထွက်ပေးရန် တို့ ကိုတောင်းဆိုခဲ့ကြပါတယ်

၁၉၇၉ ခုနှစ် အီရန် ရှားဘုရင် စနစ်ဖြုတ်ချခံရပြီးကတည်းက စလို့ လူထောင်ပေါင်းများစွာ ဟာပထမဆုံးအကြိမ် လမ်းပေါ်ထွက်ပြီး အပြောင်းအလဲ အတွက် ဆန္ဒပြကြ ခြင်းဖြစ်တယ် လို့ စီအန်အန် နိုင်ငံတကာ သတင်းအမှု ဆောင်အရာရှိ ချုပ် ခရစ်တီယန်း ကပြေပါတယ်။

၁၉၉ရ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အီရန် နိုင်ငံရဲ့ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ခါတာမီ
ကတော့ နိုင်ငံသားတွေ ဟာ သူတို့ ရဲ့ အခွင့်အရေးတွေ အတွက် ငြိမ်းချမ်းစွာဆန္ဒပြ ခွင့် ရှိရမယ် လို့သူ့ ရဲ့ ကြေညာချက် ထဲ မှာ ဖေါ်ပြ ထားပြီး ပြုပြင်ပြောင်းလဲ ရေးဝါဒီ သမ္မတလောင်း မူဆာဗီ ကိုထောက်ခံ သူတွေ ဘက်ကသူ ရှိနေမယ် လို့ ပြောခဲ့ပါတယ်။

အီရန် ရဲ အဖွဲ့ ဝင်တွေ က အရပ်ဝတ်တွေ ၀တ်ဆင်ပြီး ဆန္ဒပြသူ တွေ ကိုပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့တာကြောင့် ဒီနေ့ ဆန္ဒပြသူ တစ်ရာ ကျော်ခန့် ဒဏ်ရာရ တယ်လို့ အယ်(လ)ဂျာဇီယား သတင်းတစ်ရပ်မှာ ဖေါ်ပြ ထားပါတယ်။

အီရန် အစိုးရ က ထိန်းချုပ် ထားတဲ့ သတင်းမီဒီယာ တွေ မှာ ရွေးကောက်ပွဲ မသမာ မှုကြောင့်ဆန္ဒပြတဲ့ သတင်းတွေ ကို ထည့် သွင်းဖေါ်ပြခြင်းမရှိ ပါဘူး။ နိုင်ငံတကာ သတင်းဌာန တွေ ကို လွတ်လပ်စွာ သတင်းယူခွင့် မပေးတဲ့ အပြင် သတင်းထောက် လေးဦး ကို လည်းဖမ်းဆီးထားပါ တယ်။

စနေ နေ့ က စပြီး အတိုက် အခံ တွေ နဲ့ လူထု လှုပ်ရှားမှု ခေါင်းဆောင် လေးဆယ် ထက် မနည်းကိုဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး တီဟီရန် တက္က သို လ် နားမှ စုဝေးဆန္ဒပြကြ တဲ့ ကျောင်းသား အုပ်စုကို ရဲအဖွဲ့ က မျက်ရည် ယို ဗုံးတွေ သုံးပြီး အကြမ်းဖက် ဖြိုခွဲ ခဲ့ မှု ကြောင့် ကျောင်းသူတစ်ဦး အပြင်းအထန် ဒဏ်ရာရ သွားတယ် လို့ ရိုက်တာ သတင်းတစ်ရပ် မှာ ဖေါ်ပြထားပါတယ်။

တနင်္လာ နေ့ မနက် အစောပိုင်းမှာ တော့ အာမာဒီနီ ဂျက် ကို ထောက်ခံသူတွေ က မော်တော် ဆိုင်
ကယ် တွေ တရကြမ်းစီးပြီး ဆန္ဒပြသူ တွေ ကို တုတ်တွေ နဲ့ ရိုက်နှက်ခဲ့ပါတယ်။

အင်တာနက် တွေ ဆဲလ် ဖုန်းဆက်သွယ်မှု လိုင်းတွေ ကို အစိုးရ က ဖြတ်တောက်ထားပြီး အာရပ်ရုပ်သံလိုင်း အယ် အာရေဗီးယား သတင်းဌာ နကိုပါ ဘာအကြောင်းပြချက်မှ မပေးပဲ ပိတ်ပစ်ခဲ့ပါတယ်။

စီအန်အန် ကင်မရာသမားတစ်ဦးနဲ့  ရိုက်တာ သတင်းထောက် တစ်ဦး တို့ ဟာလည်းရဲ တပ်ဖွဲ့ က ရိုက်နှက်တာ ခံရ မှုကြောင့် စိုးရိမ်ရတဲ့  အခြေအနေ မှာ ရှိပါတယ်။ အီရန်ဘာသာရေးခေါင်း
ဆောင်တစ်ယောက် ဖြစ်တဲ့ အပြင် အီရန် နိုင်ငံ ရဲ့ အာဏာ အရှိဆုံး ခေါင်းဆောက် ခိုမေနီ ဦး
ဆောင်  တဲ့ ဥသျှောင် အဖွဲ့ ကတော့ မဲတွေ ကိုပြန်ရေ တွက် ပေးဖို့ အချိန် ဆယ်ရက် လောက်ယူ
ရမယ် လို့ ပြောပါတယ်။

တီဟီရန် တက္ကသိုလ် ကျောင်းသားကျောင်းသူ နှစ်ရာ ထက် မနည်းအဖမ်းခံရပြီး သူတို့ ရဲ့ ဝဘ်ဆိုက်တွေပါ အပိတ်ခံရပါတယ်။ပြုပြင်ပြောင်းလဲ ရေးဝါဒီ ဟူစိတ် မူဆာဗီက တော့ သူ့ ကိုထောက်ခံ သူတွေကို တီဟီရန် တက္ကသိုလ် နားက အဇာဒီ ရင်ပြင် မှာ တရားဟောကြားခဲ့ပါတယ်။