၁၆ ဇွန် ရန်ကုန်၊ ၊ယူကွန်
Myanmar Mobile Phone Sex Video Widespread
မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူလူများကြားထဲတွင် Home Made ဆိုသော စကားတစ်ရပ်ရေပန်းစားလာ သည်မှာ မေလဆန်းပိုင်းကတည်းကဖြစ်သော် လည်း တစ်လခန့် အကြာတွင် ထိုဝေါဟာရ မှာ အင်တာနက် ကဖေးဆိုင် တို့ အား အသုံးပြုသူများပြားစေရန် ပိုမို ဆွဲဆောင်စေ နိုင်သော ဝေါ ဟာရ တစ်ရပ်ဖြစ်ခဲ့သည်။
လူငယ်များကြားတွင် Home Made အဖြစ်ရေပန်းစားနေသော ဝေါဟာရ ၏ အဓိပ္ပါယ်မှာ သမီး
ရည်းစားသို့ မဟုတ် လူငယ် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက် သို့ မဟုတ် ထို့ ထက်မက ပို
သော စုံတွဲ များလိင်ဆက်ဆံ နေသည့် ပုံ ကို လက်ကိုင်ဖုန်း မှ ဗီဒီယို ၊ဒစ်ဂျစ်တယ် ကင်မရာ ငယ်
များဖြင့် မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်သည်။အဆိုပါ ဗီဒီယိုအများစု မှာ ယခင်အခါများက
ပေါ်ထွက်ခဲ့သလို နာမည်ကျော် မြန်မာ သရုပ်ဆောင်များ မဟုတ်ပဲ သာမန်လူငယ်များသာ ဖြစ်သည်။
ထို Home Made ဗီဒီယို မှတ်တမ်းဖိုင်များမှ ယခုနှစ်ဆန်းပိုင်းတွင် စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ကနဦးက အီးမေးများမှ စတင် ပျံ့ နှံ့ခဲ့ခြင်းဖြစ်သော် လည်းနောက်ပိုင်းတွင် အချို့ အင်တာနက် ဆိုင်များရှိ ကွန်ပျူတာ များထဲ၌ သီးသန့် ဖိုင်တစ်ခု ဖွင့်လှစ်ထားကာ
အင်တာနက်ဆိုင် လာသော လူငယ်များ ကြည့်ရှုနိုင်ရန် အတွက် စီစဉ် ပေးထားသည် ဟု သိရသည်။
Home Made (ဟုမ်းမိတ်) ဟု ခေါ်သော ဗီဒီယိုဖိုင် များ မြန်မာ နိုင်ငံတွင် ပေါ်ပြုလာ ဖြစ်လာခြင်း
နှင့် ပတ်သက်၍ အင်တာနက် ဆိုင်များသို့ နေ့ စဉ် သွားလေ့ရှိသည့် လူငယ် တစ်ဦးက “သမီး
ရည်းစားနဲ့ အတွဲတွေ ဟိုတယ်ခန်းတွေ ထဲမှာ ရှိနေ တုန်း လက်ကိုင်ဖုန်းကင်မရာ တွေ နဲ့ နောက်
ပြောင်ပြီး ရိုက်ထားတဲ့ပုံတွေ နာမည် အကြီးဆုံးဗီဒီယို မှာတော့ စုံတွဲ နှစ်တွဲ တစ်တွဲ ကို တစ်တွဲ
က ရိုက်ထားတာ ဘေးက နေ ရိုက်တဲ့စုံတွဲ က နောက်တစ်တွဲ ကို ဘယ်လိုလုပ် လေ ၊ဘယ် လို
နေလေ ဆိုပြီးတော့ တောင် ပြောနေသေးတယ် အသက်က ၂၀ လောက်ပဲ ရှိအုံးမယ် လူငယ်တွေ
ပဲ ” Freedom News Group သို့ ပြောသည်။
ယခင်ကလည်းမြန်မာ နိုင်ငံတွင် နာမည်ကျော် အနုပညာရှင် တို့ ၏ လက်ကိုင်ဖုန်း ဖြင့်ရိုက်ကူးထားသော ဗီဒီယို များပေါ်ပေါက်ခဲ့ဖူးသည်။ အင်တာနက် ကဖေးများတွင် ထိုကဲ့သို ဗီဒီယို ဖိုင်များ ရှိနေခြင်းမှာ အသုံးပြုသူများ က ၎င်းတို့ ၏ အီးမေးများမှာ ဗီဒီဖိုင်များကို Download သွားခြင်းမှ ကျန်ရှိ နေခြင်းဖြစ်ကြောင်း ကျောက်မြောင်းရှိ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက မူထို Home Made ဗီဒီယို များမှာ သတိထားစောင့် ကြည့်ရမည့် ကိစ္စ တစ်ရပ် ဖြစ်သည် ဟု သုံးသပ်သည်။သူက “ဖွံ့ ဖြိုးပြီးနိုင်ငံတွေ
မှာတော့ ဒါ ဘာမှ မဟုတ်တဲ့ကိစ္စ တစ်ခုပဲ လူမှုရေး နဲ့ နည်းပညာ ပေါက်ကွဲ မှု တွေရဲ့ ရလာဒ် ပေါ့
မြန်မာ နိုင်ငံလိုမျိုးကျတော့ ဒါ ကိစ္စက လူငယ် တွေ ကို အစိုးရက လမ်းမှားတွန်းပို့ တဲ့ နည်းတစ်
မျိုးလို့ဆို ရမယ် လက်ရှိ နိုင်ငံရေး အခြေအနေ တွေ မှာ လူငယ်တွေ က အင်တာနက် ကနေ ပြည်
တွင်းသတင်း တွေ ကို သိအောင် လုပ်ကြတယ် ၊ဒါကို အာရုံလွှဲ တဲ့ အနေ နဲ့ အစိုးရ က ကြံစည်တာ
လဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ”ဟုပြောသည်။
အင်တာနက် ဆိုင်များတွင် အခမဲ့ ကြည့်ရှု နိုင်သော Home Made ဗီဒီယို များမှာ တစ်ဦးတစ်ယောက် တည်းက ပြုလုပ်ကြောင်း မပေါ်လွင်ပဲ သမီးရည်းစား စုံတွဲများက မှတ်တမ်းတင် ရိုက်ကူးကြရာမှ ကာယကံရှင် ကိုယ်တိုင် မသိလိုက်ရပဲ အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ ခြင်းဖြစ်သည်။
အင်တာနက် ဆိုင်တွင် အမြဲတမ်းထိုင် ဖြစ်သော လူငယ်စာရေးဆရာ တစ်ယောက် ကမူ “အတွဲတွေ အဆင်ပြေနေတုန်းက ဘာမှ မဖြစ်ဘူး အဆင်မပြေတော့ ဒီဖိုင်ကို ဘယ်ပို့ လိုက်မယ်
တို့ နောက်ရည်းစားဆီ ပို့ လိုက်မယ် တို့ ဖြစ်လာကြတယ်လေ အဲ လိုက နေ ပတ်ဘလစ် ရှိုး ဖြစ်
လာတာပေါ့ ”ဟု ဆိုသည်။
ယခင် က မိုဘိုင်းဖုန်းများမှာ ဈေးကြီးသဖြင့် လူတိုင်း ကိုင်ဆောင် နိုင် ခြင်းမရှိသော် လည်းနောက်ပိုင်းတွင် Prepaid SIM Card များကြောင့် လူတိုင်းနီးပါးကိုင် နိုင်ရာမှာ ထိုကဲ့ သို့
မိုဘိုင်းမှတ်တမ်း အခွေများလည်း တွင်ကျယ် လာရခြင်းဖြစ်သည်။
အင်တာနက် ကော်နက်ရှင်နှေးကွေးခြင်းနှင့် လျှပ်စစ်မီးပုံမှန် မရရှိခြင်းတို့ ကြောင့်အင်တာနက်ကဖေးဆိုင်ပိုင် ရှင်များမှာ လည်းထိုနည်း လမ်းကို သုံး၍ ဆွဲဆောင်ရသည် ဟု ဆိုသည်။မြန်မာ နိုင်ငံတွင် အင်တာနက် ကဖေးဆိုင်များ ခောတ်ဦးက တည်းက စတင်ဖွင့်လှစ်
ခဲ့သူတစ်ဦးက “ကော်နက်ရှင် ကမကောင်းရင် လာကြည့် တဲ့သူတွေ နဲ သွားတယ်လေ ဒါကြောင့်
တစ်ချို့ ဆိုင်ရှင် တွေ ဒီအခွေတွေ ထားပြီး ဆွဲဆောင် နေရတာပေါ့ အင်္ဂလိပ် အခွေ တွေ ရှိတဲ့ ဆိုင်
တွေ လဲရှိ တယ် ”ဟုပြောသည်။
အင်တာနက် ဆိုင်အချို့ တွင် လွယ်လွင့်တကူ ကြည့်ရှုနိုင်သော Home Made ဗီဒီယို တစ်ရာနီး
ပါးခန့် ရှိသော် လည်း ထိုဗီဒီယို ဖိုင်များ အကြောင်းသိထားသူ Gamer တစ်ဦးက မူ အနည်းဆုံး
နှစ်ရာခန့် ရှိမည် ဟု ပြောသည်။
ဗီဒီယို ကြည့်် ရှုချိန် ကြာမြင့်မှု မှာ တစ်မိနစ် ကနေ တစ်နာရီ နည်းပါး ထိ ရှိ ကြောင်း နှင့် လူငယ်များကြားထဲ တွင် အပျံ နှံ ဆုံး ဗီဒီယို ဖိုင်မှာ မိနစ်နှစ်ဆယ် နီးပါးခန့် ကြာမြင့်ပြီး လူငယ်နှစ်
ဦး နှင့် ကောင်မလေး တစ်ယောက် တို့ ၏ ချစ်ဇာတ်လမ်းဖြစ်သည်။
Home Made များတွင် ပါဝင်သော ကာယကံရှင် အချို့ မှာ ရန်ကုန် တွင် အနည်းအကျဉ်းလူသိ
များသော သူများလည်းပါဝင်ပြီး တစ်ချို့ မှာ ထိုကဲ့သို့ သူတို့ ဗီဒီယို မှတ်တမ်းခွေ များပျံ့ နှံ့သွားခြင်း
နှင့် ပတ်သက်၍ ဂရုစိုက် ပုံမပေါ် ဟုသိရသည်။
Home Made ဗီဒီယို များနှင့် ပတ်သက်၍ မိုဘိုင်းဖုန်း အရောင်းဆိုင်ပိုင်ရှင် လူငယ်တစ် ဦးက
“ကျွန်တော် တို့ လည်း ကိုယ် တိုင် သရုပ်ဆောင် ထားတဲ့ home made တစ်ခွေ မှ မထုတ် နိုင်
ရင် ခောတ်မမှီ တော့ ဘူးထင် တယ်” ဟုပြောသည်။
Freedom News Group မှာ သတင်းထောက် ယူကွန် ရေးသော ဤဆောင်းပါး ပါ အချက်အလက် အချို့ ကို စခရင်းနေကြာ (Screenager Online Group) မှာ ကူညီသည်။

မကြည့်ဘဲနေကြပေါ့ဟယ်..။ ဘာအစိုးရတွေလာပြောနေတာတုန်း..။ ဒုက္ခပဲနော်..
“လက်ရှိ နိုင်ငံရေး အခြေအနေ တွေ မှာ လူငယ်တွေ က အင်တာနက် ကနေ ပြည်တွင်းသတင်းတွေ ကို သိအောင် လုပ်ကြတယ် ၊ဒါကို အာရုံလွှဲ တဲ့ အနေ နဲ့ အစိုးရ က ကြံစည်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် လို့ရေးထားတာတော့ဟုတ်မယ်မထင်ဘူးဗျ။”
ဒါဆိုရင် ဘာလို့ အဲဒီဆိုဒ်တွေကို ဒီအစိုးရ ဘာလို့ မပိတ်သလဲ တွေးကြည့်ပါလား။ ရိုးရိုးလေးပါဗျာ။ ရှင်းပါတယ်။
i want to see
aa
အင်တာနက်ဆိုင်တွေမှာတော့ တစ်ခါမှမကြည့်ဖူးသေးဘူး
ဒါပေမယ့် သူငယ်ချင်းတွေဆီကတဆင့် bluetooth ကနေရထားတာတွေတော့ အများကြီး ကြည့်ဖူးတယ်…
တချို့ကလဲ ကိုယ်တိုင်သေချာကိုရိုက်ထားတာ
တချို့ကြတော့ ချောင်းပြီးခိုးအရိုက်ခံရတာ
ခုရေးထားတဲ့ဆောင်းပါးမှာ
လက်ရှိ နိုင်ငံရေး အခြေအနေ တွေ မှာ လူငယ်တွေ က အင်တာနက် ကနေ ပြည်တွင်းသတင်းတွေ ကို သိအောင် လုပ်ကြတယ် ၊ဒါကို အာရုံလွှဲ တဲ့ အနေ နဲ့ အစိုးရ က ကြံစည်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် လို့ရေးထားတာတော့ဟုတ်မယ်မထင်ဘူးဗျ။
တဏှာရူးတဲ့ကောင်တွေကတော့တင်ပေးထားမှာဘဲ
ဒီလိုဘဲ တဏှာကြီးတဲ့ကောင်တွေကောင်မတွေကလည်း
ရှာကြည့်နေကြဦးမှာဘဲဗျို့။
ဒါပေမယ့်ကြည့်ရအောင် Link လေးဘာလေးတော့ချိတ်ပေးဦးမှပေါ့ဟ ကောင်တို့ရ။
ဒီလင့် မှာတော့ သင်္ကြန်ကဲ နေတဲ့ ပုံတွေရယ် ကောင်မလေးတွေပါတယ် ရှာဖွေလေ တွေ့ ရှိလေ Heဲ Heဲ
ဟုတ်လား.. လင့်မထည့်ပေးထားတော့ ဘယ်လိုကြည့်ရမှလဲကွာ… မင်းတို့က လည်း .. ပို့မယ့် ပို့တော့ ကတို့ ရောက်အောင်ပို့လေကွာ..
မကြည့်ဖူးဘူးဘယ်မှာ ရှိလဲပြော
လေးယောက် တစ်ယောက်အခွေတောင်ရှိသေးတယ်။
ကြည့်ဖူးလား
ဟုတ်ပါတယ်.. အရမ်းကို ဆိုးရွားနေတာပါ.. အဲဒါတွေ တင်တဲ့ ဆိုဒ်တွေကို မပိတ်ထားပါဘူး.. ခု ဆို.. လူငယ်တွေ က အင်တာနက် ဆိုင်ရောက် ရင် အဲဒီ ဆိုဒ်တွေ အရင် ကြည့်တာပါ.. အရင်က မှ.. chatting အတွက်ဘဲ သုံးတာ ကနေ.. ခု အဲဒီလို ကိစ္စတွေအတွက်.. အင်တာနက် သုံးတော့.. ဘာမှ ကောင်းမလာနိုင်တော့ပါဘူး.