အီရန် အစိုးရခါးပိုက်ဆောင် လက်မရွံ့ အဖွဲ့ က ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးသေဆုံး

၁၆ ဇွန် တီဟီရန်၊                    ၊အယ်(လ)ဂျာဇီးယား နှင့် ရိုက်တာ သတင်း

7 killed in attack on military post as Iran braces for fresh protests

အီရန် လက်မရွံ့ စွမ်းအားရှင်များလက်ချက်ကြောင့် တီဟီရန် တက္ကသိုလ်ကျောင်းသား တစ်ဦးလမ်းမထက် လဲကျသေဆုံးနေစဉ်
အီရန် လက်မရွံ့ စွမ်းအားရှင်များလက်ချက်ကြောင့် တီဟီရန် တက္ကသိုလ်ကျောင်းသား တစ်ဦးလမ်းမထက် လဲကျသေဆုံးနေစဉ်

အင်္ဂါ နေ့ မနက် အာရုံတက်ချိန်က အီရန် တော်လှန်ရေးအစောင့် တပ်မှ လေ့ကျင့်ပေးထားသည့် အစိုးရ ခါးပိုက်ဆောင် ပြည်သူ့ စစ်များက ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးထက် မနည်းသေဆုံး
သည် ဟု အီရန် အစိုးရမှ ငွေကြေး ထောက်ပံ့ ပေးထားသည့် တီဟီရန် ရုပ်မြင်သံကြားအစီအစဉ်
က ကြေညာသွားသည်။

တီဟီရန်မြို့ လည်ရှိ အာဇာဒီ ရင်ပြင် အနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တွင် အာမာဒီနီဂျက် လိုလားသူများ နှင့် အစိုးရ မှ လေ့ကျင့်ပေးထားသည့် ရာဇ၀တ်မှုခင်းမှတ်တမ်းဟောင်းရှိ သူများပါဝင်သည်ဟု တီဟီရန် တက္ကသိုလ် ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာ နသို့ ပြောသည်။

မှန်တွေကိုရိုက်မခွဲ ကြနဲ့ မင်းဆိုးမင်းညစ်ကိုရိုက်ခွဲကြ ဟုပြောနေ သည့်  ဟူစိန်မူဆာဗီ
မှန်တွေကိုရိုက်မခွဲ ကြနဲ့ မင်းဆိုးမင်းညစ်ကိုရိုက်ခွဲကြ ဟုပြောနေ သည့်  ဟူစိန်မူဆာဗီ

ထိုပစ်ခတ်မှု တွင် အနည်းဆုံး ခုနှစ်ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရ သည် ဟု အယ်(လ)ဂျာဇီး
ယား သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။တနင်္လာ နေ့ ကစပြီး အစိုးရ ၀န်ထမ်းများကလည်း ရုံး
မတက်ပဲ ဆန္ဒပြမှုထဲ တွင် ပါဝင်နေသဖြင့် ရုံးများ ကျောင်းများ ပိတ်ထားရသည် ဟု တီဟီရန် ဗျူရို
သတင်းတွင် ဖေါ်ပြထားသည်။

ပြုပြင် ပြောင်းလဲရေးဝါဒီ မူဆာဗီက မှန်များကို ရိုက်မခွဲ ပဲ အာဏာရှင်စနစ် ကိုရိုက်ခွဲ ပစ်ရန် ပြော
ကြားပြီး ဆန္ဒပြမှု အရှိန် မြှင့်ရန် ဆော်သြခဲ့သည်။

အစိုးရ ခါးပိုက်ဆောင် ပြည်သူ့ စစ်များက မူ အများပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးပြီး တန်ပြန်တော် လှန်ရေးဆင်နွှဲ နေကြသည်။ဆန္ဒပြ မှု မှာ တစ်နိုင်ငံလုံးကို ကူးစက် သွားပြီး အင်္ဂါနေ့ တွင်ပို၍ အားကောင်းလာသည်။

အစိုးရက တစ်နိုင်ငံလုံးရှိ ဆက်သွယ်ရေး စနစ်များကို အကုန်ဖြတ်တောက်ထားသည်။