တီဟီရန် ဆန္ဒပြမှုကြောင့် Family Entertainment မှ CNN ရုပ်သံလိုင်းကို ကြည့်ရှုခွင့်ပိတ်

၁ရ ဇွန် နေပြည်တော်၊                  ၊ညွန့်သက်ထားဦး

Junta Cut Off CNN Coverage Iran Cause

မဲဆောက်ရှိ မြန်မာ လက်ဖက်ရည်ဆိုင်များကမူ ဒီဗီဘီ ရုပ်သံလိုင်းကို ပြသခြင်းဖြစ် စားသုံးသူ များပြားလာရန် ဆွဲဆောင်ကြသည်
မဲဆောက်ရှိ မြန်မာ လက်ဖက်ရည်ဆိုင်များကမူ ဒီဗီဘီ ရုပ်သံလိုင်းကို ပြသခြင်းဖြစ် စားသုံးသူ များပြားလာရန် ဆွဲဆောင်ကြသည်

အီရန် ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ် သဖြင့် တီဟီရန် တွင် ကျောင်းသား နှင့် ပြည်သူများ ဆန္ဒပြမှု ဖြစ်ပွားပြီးကတည်းက ထိုသတင်းအစီအစဉ်များကို ထုတ်လွှင့်ပြသနေသည့် အမေရိကန် နိုင်ငံ စီအန်အန် ရုပ်သံအစီအစဉ် ကို ဖမ်မလီ အန်တာတိန်းမန့် Family Entertainment မှာ ထုတ်လွင့်ပြသနေ သည့် နိုင်ငံခြားရုပ်သံလိုင်းများ အစီအစဉ် မှ ရပ်နားထားလိုက်သည်
ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖော်အဲဘားဂရု(ပ်) ကုမ္ပဏီတို့၏ ဖန်မလီ အင်တာ တိန်းမန့်  ဂြိုဟ်တု ရုပ်သံဖမ်းစက်များ ဖြငCNN/ STAR MOVIE/ STAR WORLD / DISCOVERY/ NATIONAL GEOGRAPHIC/ ADVENTUR ONE / MTV/ EURO SPORT/ CHANNEL [V]/ ANIMAL PLANET/ CARTOON NETWORK/ DISCOVERY TRAVEL & LIVING / 5 MOVIE/ 5 CARTOONS / STAR SPORT/ ESPN/ 5 SERIES/ CCTV စသည့်နိုင်ငံတကာ ရုပ်သံ ၁၉လိုင်းနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီက စမ်းသပ်ထုတ်လွှင့် နေသော ရုပ်သံလိုင်းအများအပြားကို ဖမ်းယူနိုင်ကြောင်း သိရသည်။

ဖမ်မလီ အခပေးရုပ်သံလိုင်းမှ စီအန်အန် ရုပ်သံချယ် နယ်ကို ကြည့်ရှု၍ မရတော့သည့် ကုန်သည်
တစ်ဦးက “ကျွန်တော်တို့ က တစ်နှစ်စာ သုံးသိန်း လောက် အခွန်ဆောင် ထားရတာ စီအန်အန် ကိုကြည့်တဲ့သူ အများဆုံးပဲ အခု အဲဒီလို ဖြတ်ချလိုက်တော့ ဘယ်တရားပါ့မလဲ ပိုက်ဆံကျတော့ ယူသေးတယ် လိုင်းကျတော့ အစုံ မပြချင် ဘူး ” ဟု ပြောသည်။

၂၀၀ရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ အတွင်းတွင် လည်း စစ်အစိုးရက နိုင်ငံတကာ ဂြိုလ်တုရုပ်သံလိုင်းဖြစ် သော စီအန်အန် ကို ဖြတ်တောက်ခဲ့သည်။ထိုသို့ စီအန်အန် ရုပ်သံလိုင်း ကို ဖမ်မလီရုပ် သံအစီအစဉ် မှ ကြည့်ရှုခွင့် ဖြတ်တောက်ခြင်းမှာ လက်ရှိ မြန်မာ နိုင်ငံရေး မငြိမ်သက် မှု များဖြစ်နေ ချိန် တွင် အီရန် လူထု အုံကြွမှု မှာ မြန်မာ လူထု အတွက် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်မည် ဆိုးသော ကြောင့် ဟု ပန်းဆိုးတန်း လမ်းရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အခပေးကြည့်ရှုရ သော ဖမ်မလီ အန်တာတိန်း မန့်မှ ရုပ်သံ အစီအစဉ် ကို ကြည့်ရှုသူများမှာ စ
လောင့်း်တပ် ဆင်ခ အခွန် ဈေးကြီးသောကြောင့် ဖြစ်သည် ဟု ဗီဒီယို ဒါရိုက်တာ တစ်ဦးက Freedom News Group  သို့ ပြောသည်။တီဟီရန် တွင် အစိုးရ ဆန့် ကျင်ရေး အုံကြွမှု စတင် ကတည်းက စီအန်အန် ရုပ်သံလိုင်းအစီအစဉ်ကိုဖြတ်တောက် ထားသလို ရပ်ကွက်တွင်းရှိ လက်ဖက်ရည် ဆိုင်များ နှင့် ဘီယာ ဆိုင်များတွင် လည်းဖျော်ဖြေရေး နှင့် ဘောလုံးပွဲ အစီအစဉ် များမှ လွဲ၍ နိုင်ငံတကာ ရုပ်သံ လိုင်းအစီ အစဉ်များကို ပြသခြင်းမပြူရန် အာဏာပိုင် များက လက်ဖက် ရည်ဆိုင် ပိုင်ရှင်များကို ညွှန်ကြားထားသည်။

တီဟီရန် တွင် မူ အီရန် အစိုးရက နိုင်ငံခြားသတင်းထောက်များ အား သတင်းယူခွင့် သာ မပြုသော် လည်းနိုင်ငံခြားရုပ်သံ လိုင်းအစီအစဉ် များအားဖြတ်တောက် ထားခြင်းမရှိချေ။

မြန်မာလူ ထုမှာ အီရန် နိုင်ငံတွင် ဖြစ်ပွာနေသော ပိုမိုအားကောင်းလာသည့် အစိုးရ ဆန့် ကျင်ရေး
အုံကြွမှု သတင်းများကို စိတ်ဝင်စားကြသဖြင့် အင်တာနက် ဆိုင်များ ၊ရေဒီယို အစီအစဉ်များတွင်
လည်းကောင်း ဖမ်းယူကြည့်ရှုမှု ပြုကြသည်။

စစ်အစိုးရသည် ရုပ်သံလိုင်းများ ကြည့်ရှု ခွင့်ကို ပိတ်ပင်ရုံသာမက တစ်ကိုယ်ရည် နားထောင်၍ ရ
သော ရေဒီယို များလိုင်စင် မယူဘဲ နားထောင်ပါက ကြိုးမဲ့ ကြေးနန်း ဥပဒေ နှင့် အရေးယူ ခံရမည်ဟု ကြေညာထားသည်။