၁၇ ဇွန် တီဟီရန်၊ ၊စီအန်အန်
World oil markets on edge as poll protests rock Iran
်
သမ္မတာ မာမွတ် အာမာဒီနီဂျက် ရှရုားနိုင်ငံ ကိုရောက်ရှိ နေတုန်းမှာ အီရန် ဘာသာရေးခေါင်းဆောင်ခိုမေနီက မဲရလဒ် ကို ပြန်လည် ရေတွက် ပေးပါမယ် လို့ ကြေညာခဲ့ပါတယ်။ တနင်္လာနေ့ ညက တီဟီရန် မှာ ဆန္ဒပြသူ ရှစ်ဦးထက် မနည်းကို အီရန် တော်လှန်ရေး အစောင့် တပ်က လေ့ ကျင့်ပေးထားတဲ့ Basij ဆိုတဲ့ လက်မရွှံ တွေက ပစ်သတ်လို့ သေဆုံးမှု တွေ ဖြစ်ခဲ့ပေမယ့် အင်္ဂါ နေ့ မှာ တော့ ဆန္ဒပြပွဲ တွေ ဟာ ပိုအားကောင်း လာခဲ့ပါတယ်။
အီရန် မှာ ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ်ကျတဲ့ ပြည်သူလူထုရဲ့ အုံကြွမှု စတင်တဲ့ လေးရက် မြောက် နေ့ မှာ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းဟာ တစ်စည် ကို ၇၁ ဒေါ်လာထိ ထိုးတက် သွားပါ တယ်။အင်္ဂါေ န့ညနေ မှာ တော့ တီဟီရန် မြို့ လည်မှာ အာမာဒီနီဂျက်ကို ထောက်ခံသူတွေ ကလည်း ဆန္ဒပြချီတက် ကြတာမို့ မြို့ တော် တီဟီရန် ဟာ ဆန္ဒပြမှု တွေ နဲ့ ခြိမ့် ခြိမ့်သဲ ဖြစ်နေတယ် လို့ တီဟီရန် ကလာတဲ့ စီအန်အန် သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။
အီရန် အစိုးရကလည်း နိုင်ငံခြားသတင်းထောက် တွေ ကို လုံးဝဓာတ်ပုံ ရိုက်ခွင့် နဲ့ သတင်းယူခွင့် မပေးတဲ့ကြား ကနေ အီရန် ပြည် သူ လူထုရဲ့  လှုပ်ရှားမှု သတင်း ဓာတ်ပုံတွေ ၊ဗီဒီယို တွေ ဟာနိုင်ငံတကာ သတင်းဌာန ကြီးတွေ ဆီ ရောက်ရှိနေဆဲ ဖြစ်ပါတယ်။
အီရန် အစိုးရက ယခင် ဒုသမ္မတ ဟောင်း အပါအ၀င် မူဆာဗီ ကိုထောက်ခံတဲ့ လူ၅၀၀ ကျော်လောက်နဲ့ ကျောင်းသား ကျောင်းသူ နှစ်ရာ ကျော်လောက် ကို ဖမ်းဆီးထားပေမယ့် ဆန္ဒပြမှု တွေ ပိုအားကောင်းလာတာကြောင့် အီရန် အာဏာပိုင် တွေ အနေ နဲ့ ၎င်း တို့ ရဲ့ အာဏာ ဟာ ခြိမ်းခြောက်ခံနေရပြီလို့  ကိုင်ရို သတင်းစာတစ်စောင် ကရေးသားဖေါ်ပြထားပါတယ်။
အီရန် နိုင်ငံသားတွေ ဟာ သတင်းအမှောင်ချထားခြင်းခံနေရပေမယ့် ဆိုရှယ် နက်ဝခ်တွေ ဖြစ်တဲ့ Twitter ,Face Book တို့ ကနေ အဆက်အသွယ် ပြုလုပ်တာတို့ ပြင်ပကမ္ဘာ ကို သတင်းပို့ တာတို့ ကို ထိထိရောက်ရောက် လုပ် နိုင်ကြပါတယ်။
အစိုးရကတော့ မထင်မှတ်ထားတဲ့ ဆန္ဒပြမှု တွေ ကြောင့် အတော့်ကို အကျပ်ရိုက်နေ ပေမယ့် လူရာပေါင်းများစွာဖမ်းဆီးမှု မှာ သတင်းထောက် ဆယ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံခြားသားသတင်းထောက် တွေ ကိုတော့ သူ တို့ ရဲ့ တည်းခိုရာ ဟိုတယ် တွေ ရုံးတွေကနေ အပြင် ကို ပေမထွက် ပဲ အကျယ်ချုပ် သဘောမျိုးလုပ် ထားတယ် လို့ စီအန်အန် သတင်းမှာ ဖေါ့်ါ
ပြထားပါတယ်။
မြန်မာ နိုင်ငံက ကျပ်ပြေး နေပြည်တော်မှာ တော့ အီရန် ရွေးကောက်ပွဲ ဆန္ဒပြမှု ဂယက် ကြောင့်စစ်ဗိုလ်ချုပ် တွေ ဟာ ၂၀၁၀ရွေး ကောက်ပွဲ နဲ့ ပတ်သက်ပြီး တုံဏှိဘာဝေ ဖြစ်နေ တယ်လို့ သိရပါတယ်။
