ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်
၁၈ ဇွန် မဲဆောက်၊                    ၊Freedom News Group
Myanmar’s Karen rebels to abandon stronghold
တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်
တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်
ယခု လဆန်းပိုင်းကတည်းက စတင်ခဲ့သော မြန်မာ စစ်တပ်၏ နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) တို့ မှ အပြင်းအထန် ထိုးစစ်ဆင်နေ မှုကြောင့် ၎င်း တို့ ၏ အခိုင်အမာ ခြေကုပ်စခန်းများကို စွန့် လွှတ်ခဲ့ရကြောင်း အမည် မဖေါ်လိုသော တခ် ခရိုင် အခြေစိုက် စစ်တပ် အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။
မြန်မာစစ်အစိုးရက လက်နက်ကြီးများဖြင့် ပစ်ကူ ပေး ပြီး ဒီကေဘီအေ တပ်သားအချို့ က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် ၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခု ဖြစ်သည့် တပ်မဟာ ရ နယ်မြေရှိ အခြေခံစခန်း အချို့ ကို ယနေ့ မနက် တွင် စွ န့် လွှတ်ခဲ့ရသည်။
ကရင် အမျိုးသား အစည်းအရုံး၏ ဒု ဥက္ကဌ ဖြစ်သူ စော ဒေးဗစ်တာက ပေါက “တပ်မဟာ ၇ မှ တပ်စခန်း များကို စွန့် ခွာ နေပြီး ထိုသို့ စွန့် ခွာရ ခြင်း၏ အဓိက ရည်ရွယ် ချက် မှာ မိမိလူများ အထိအခိုက် အကျ အဆုံးမများစေလို ခြင်းနှင့် ကရင် အမျိုးသား အချင်းချင်း သတ်ဖြတ်မှု ကို ရှောင်ရှားလို၍ ဖြစ်သည် ဟု ပြောသည်။
ကရင် အမျိုးသားလွတ် မြောက်ရေး တပ်မတော် အနေဖြင့် ပြောက်ကျားနည်း ဖြင့် ပြန်လည် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
ကရင် အမျိုးသားလွတ် မြောက်ရေးတပ် မတော်သည် အရှေ့တောင် အာရှ တွင် သက်တမ်းအရှည်ဆုံး လူမျိုးစုလက်နက် ကိုင် အဖွဲ့ အစည်း တစ်ခုဖြစ်ပြီး၎င်း တို့ ၏ ကိုယ်ပိုင် ပြဌာန်းခွင့်များ အတွက် နှစ်ပေါင်း ၆၀ ကျော် ကြာ မြန်မာ အစိုးရ အဆက်ဆက် ကို တော်လှန် တိုက် ခိုက် နေသည့် အဖွဲ့ အစည်းတစ် ခုဖြစ်သည်။
ယနေ့ ထုတ် စစ်အစိုးရ အာဘော် မြန်မာ သတင်းစာများတွင် မူ ယခု ဖြစ်ပွာနေ သော စစ်ပွဲ များတွင်စစ်တပ် မှ ပါဝင် ပတ်သက်ခြင်းမရှိပဲ ဒီကေဘီ အေ နှင့် ကေအန်ယူ တို့ ၏တိုက်ပွဲ များသာ ဖြစ်စသည်ဟု ဆိုသည်။
ထိုစစ်ပွဲ များကြောင့် လှိုင်းဘွဲ့ နှင့် လပေါ်ဟဲ ပြည်တွင်း ဒုက္ခသည် စခန်းရှိ ကရင်လူမျိုးခြောက်ထောင်ခန့် ထိုင်းဘက် ခြမ်း ထာဆောင်ရမ်း နှင့် အခြား မြို့ နယ်များသို့ လာရောက် ခို လှုံရသော် လည်း စစ်အစိုးရ သတင်းစာများတွင် မူ KNLA မှ လက်နက် ကိုင်တပ်ဖွဲ့ များ ၏ ဆွေ မျိုးသားချင်းများ သာဖြစ်သည် ဟု ဖေါ်ပြထားသည်။
ထိုသို့ ကရင် လူမျိုးအများစု စစ်ဘေးကြောင့်  ထွက်ပြေးလာရခြင်းသည် ဆယ်စု နှစ် တစ် ခုအတွင်းအများဆုံးဖြစ်သည် Free Burma Rangers အဖွဲ့ မှ အဖွဲ့ ဝင် တစ်ဦးက ပြောသည်။
တိုက်ပွဲ များအတွင်း နအဖ စစ်တပ် နှင့် ဒီကေ ဘီအေ ပူးပေါင်း အဖွဲ့ ဝင် ၁၈၀ ကျော် ထိခိုက် ဒဏ်
ရာရရှိပြီး ကရင် အမျိုးသား အစည်းအရုံးမှ၈ ဦးသာ ထိခိုက် ဒဏ်ရာရသည် ဟု သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေ သ အတွက် တာဝန်ခံရသည့် ထိုင်စစ်တပ် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်
ဆပ် အပီယာ ကျိုထင် က “တခြားမလို လားအပ် တာတွေ မဖြစ် စေဖို့  KNLA တပ်သားတွေ သူ
ကရင် အမျိုးသား အစည်းအရုံး KNU သည် မြန်မာ စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးမယူဘဲ လက်
နက်ကိုင် တိုက်ခိုက် နေသော အဖွဲ့ အစည်း တစ်ခုဖြစ်သည်။
One thought on “ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်
  1. ကြားရတာရင်ထဲမှာလုံးဝရင်ထဲမှာနေလို့မကောင်းဘူး….
    ကရင်ပြည်နယ်ကြီးမြန်မြန်ငြိမ်းချမ်းပါစေ…….
    လုပ်နိုင်စွမ်းသာရှိရင်….အခုလိုcomment မထားပဲချက်ချင်းပြေးပြီးလာကူချင်ပါတယ်…….
    ကရင်သွေးတွေကိုမြေမခစေချင်ပါဘူး……
Comments are closed.