ကာတွန်း ဦးဖေသိန်း အသက် ၈၆ နှစ် အရွယ်တွင် ကွယ်လွန်

၁၉ ဇွန် ရန်ကုန် ၊                  ၊တင်ကျော်ကျော်စိုး

Cartoonist U Pe Thein Passes Away

သက်ကြီး ကာတွန်းဆရာကြီးများ ကန် တော့ပွဲတွင် တွေ့ ရသည့် ကာတွန်းဦးအောင် ရှိန် နှင့် ကာတွန်း ဦးဖေသိန်း
သက်ကြီး ကာတွန်းဆရာကြီးများ ကန် တော့ပွဲတွင် တွေ့ ရသည့် ကာတွန်းဦးအောင် ရှိန် နှင့် ကာတွန်း ဦးဖေသိန်း

မြန်မာ နိုင်ငံ ၏ နာမည်ကျော် ကာတွန်း ဆရာတစ်ဦး ဖြစ်သည့် ဦးဖေသိန်းမှာ ယနေ့ မနက် အာရုံတက် အချိန် တွင် မရမ်းကုန်း မြို့ နယ် ၆ မိုင်ဓမ္မာ ရုံ လမ်း မာလကာ ခြံ နေအိမ် တွင် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့သည်။ကွယ်လွန် ချိန် တွင် ဆရာကြီး ဦးဖေသိန်းမှာ အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

တစ်ကျပ် တန် ကာတွန်း(၁၉၇၅ )ခောတ်တွင် ပုံပမာ ဟူ သော ကာတွန်း ဇာတ်လမ်းများဖြင့် ပရိသတ်ရင် ထဲသို့ ထိုးဖောက်ရောက်ရှိခဲ့သော ကာတွန်းဆရာကြီး ဦးဖေသိန်းမှာ ကာတွန်းဇာတ်လမ်းအတွဲ များအပြင် လူငယ်များ အတွက် နိုင်ငံတကာ ပုံပြင် ဇာတ်လမ်း များကိုလည်း သရုပ်ဖေါ်ရေးဆွဲ ခဲ့သည်။ဦးဖေသိန်းသည် ကြေးမုံ သတင်းစာ ၏ ခေါင်းစည်း စာလုံးကို ရေးဆွဲ ခဲ့သူ လည်းဖြစ်သည်။

လတ်တလော ဖြစ်ပေါ်နေသည့် သတင်းများကို ဟာသ ဖြစ်စရာ ထိထိ မိမိရေး ဆွဲ နိုင်သော သတင်းကာတွန်း ဆရာတစ် ဦးဖြစ် သည် ဟု ကာတွန်းဆရာ သောကြာကြယ် က Freedom News Group သို့ ပြောသည်။

ဆရာကြီး ဦးဖေသိန်း ကွယ်လွန် ချိန်တွင် ဇနီး ဒေါ်ခင်လေး နွယ် နှင့် သားသမီး ၆ ဦးကျန်ရှိခဲ့သည်။

ဆရာကြီး ဦးဖေသိန်း ၏ ကိုယ်ရေး အကျဉ်း ဂျူနီယာဝင်း ဘလောက်မှ ကူးယူ ဖေါ်ပြသည်

ကာတွန်းဖေသိန်း ၏ နာမည်ကျော်ကာတွန်းဇာတ်ကောင် ဘကြီးပြုံး
ကာတွန်းဖေသိန်း ၏ နာမည်ကျော်ကာတွန်းဇာတ်ကောင် ဘကြီးပြုံး

၁၉၄၆ တွင်ရန်ကုန်တက္ကသိုလ်ရောက်ရှိပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

မှထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင်အမူဆောင်လုပ်ရင်းပန်းချီ ကာတွန်းများရေးဆွဲခဲ့သည်။

၁၉၄၇ တွင်ဆရာကြီးဦးဘဂျမ်း၏မြေတောင်မြှောက်ပေးမူဖြင့်ဆရာကြီးဦးညိုမြ၏ဖိတ်

ခေါ်မူတို့ကြောင့်စာပေအနုပညာလောကထဲသို့လုံးလုံးလျားလျားရောက်ရှိခဲ့သည်။

၁၉၄၈ တွင်ရန်ကုန်တက္ကသိုလ်မြန်မာစာအသင်းကြီးနှင့်မြန်မာနိုင်ငံလူငယ်များအစည်း

အရူံးမှကျင်းပသောမြန်မာလွတ်လပ်ရေးအထိမ်းအမှတ်ကာတွန်းပြိုင်ပွဲတွင်ပထမဆု၊

၁၉၅၁ တွင်ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်ကာတွန်းပြိင်ပွဲတွင်ပထမဆု၊

ရွှေတိဂုံအနောက်မုဒ်စက်မူလက်မူကာတွန်းပြိုင်ပွဲတွင်ပထမဆု၊သောင်းကျန်းမူနှိမ်နင်း

ရေးကာတွန်းပြိုင်ပွဲတွင်ပထမဆု၊လာပ်ပေးလာပ်ယူတို့ရန်သူကာတွန်းပြိုင်ပွဲတွင်

တတိယဆုများရရှိခဲ့သည်။

၁၉၃၄ခုနှစ်ကတည်းကစတင်ပြုလုပ်ခဲ့သောတန်ဆောင်တိုင်ကာတွန်းမီးထွန်းပွဲတော်

ကိုစစ်ဖြစ်၍ရပ်နားခဲ့ရသောလည် ၁၉၄၂ တွင်ပြန်လည်ကျင်းပနိုင်ခဲ့သည်။ဦးဘဂျမ်းနှင့်

ဦးဖေသိန်းတို့ပျော်ပျော်ပါးပါးရေးဆွဲခဲ့ကြရပါသည်။

၁၉၆၀ မှစ၍တန်ဆောင်တိုင်ကာတွန်းမီးထွန်းပွဲတော်မှစ၍ကာတွန်းပြိုင်ပွဲများကျင်းပခဲ့

ကြသည်။

၁၉၅၇ တွင်မြန်မာကာတွန်းဆရာများအသင်းကိုဖွဲ့စည်းခဲ့သည်။ဥက္ကဌအဖြစ်တာဝန်ယူခဲ့

သည်။ကာတွန်းဆရာအသင်း၏ဖွဲကစည်းပုံစည်းမျဉ်းများ၊အဖွဲ့တံဆိပ်များကိုကိုယ်တိုင်

ရေးခဲ့သည်။

ကြေးမုံသတင်းစာပေါ်ပေါက်လာသောအခါလခစားကာတွန်းဆရာဘ၀သို့ရောက်ရှိခဲ့

သည်။ဦးဖေသိန်းသည်ကြေးမုံသတင်းစာပြည်သူပိုင်ဖြစ်လာသည်အထိလခစားလုပ်ခဲ့

သည်။ကြေးမုံဟူဟောခေါင်းစည်းစာလုံးကိုဦးဖေသိန်းရေးဆွဲခြင်းဖြစ်သည်။

ကာတွန်းဦးဖေသိန်းသည်ဖဆပလခေတ်တွင်မြန်မာ့အလင်းသတင်းစာ၌

ပြောင်မြောက်သောနိုင်ငံရေးကာတွန်းဆွဲခဲ့ခြင်းကြောင့်ဖဆပလအစိုးရအဖွဲ့မှ

ဝန်ကြီးတစ်ဦးဖြစ်သူဆမားဒူးဝါးဆင်ဝါးနောင်(ကချင်မျိုးသားခေါင်းဆောင်)

က၎င်းနိုင်ငံရေးကာတွန်းကိုနှစ်သက်သဘောကျခြင်းကြောင့်ကာတွန်းဦးဖေသိန်း

အားကျပ်ငွေတစ်ရာဆုချခဲ့ပါသည်။၃-၁၁-၅၂နေ့ထုတ်မြန်မာ့အလင်းသတင်းစာ

တွင်၎င်းကာတွန်းဖော်ပြခဲ့သည်။

အိုးဝေသတင်းစာ၊ဟံသာဝတီသတင်းစာ၊ဗမာ့ခေတ်သတင်းစာ၊မြန်မာ့အလင်းသတင်းစာ

နှင့်ကြေးမုံ၊အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောBurman Nationသတင်းစာများတွင်လတ်

တလောဖြစ်ပေါ်နေသောသတင်းCurrent Newsများကိုရေးသားခဲ့သည်။ဘောလုံးအားက

စားသတင်းများကိုလည်းကြိုတင်၍အနိုင်၊အရှူံးဟူ၍ကာတွန်း၂မျိုးကိုရေးဆွဲထားကာ

နိုင်လျှင်သည်ပုံ၊ရှူံးလျှင်သည်ကာတွန်း စသည်ဖြင့်စီစဉ်ကြိုလုပ်ထားရသည်ဟုဆိုပါသည်။

ဆရာကြီးဘ၀တွင်လတ်တလောဖြစ်ပေါ်နေသောသတင်း၊လူတိုင်းစိတ်ဝင်စားနေသော

သတင်း၊ကာတွန်းများကိုထိထိမိမိရှိလှသောတစ်ကွက်ကာတွန်းရေးဆွဲခဲ့ရသော

အချိန်အခါတိုင်းဝမ်းသာပီတိဖြစ်ရပါကြောင်းဆရာကြီးကဆိုခဲ့ဖူးတာကိုအမှတ်ရမိပါသည်။

“သတင်းကာတွန်းဆရာမို့ပါ“တဲ့။

ဆရာကြီးအသက်ရာကျော်ရှည်၍ကျမ်းမာချမ်းသာစွာဖြင့်မြန်မာ့ကာတွန်းလောကကြီးကို

မြန်မာကာတွန်းဆရာများဖြင့်အတူတကွလက်တွဲကာဖြတ်သန်းနိုင်ပါစေ……