၁၉ ဇွန် မန္တလေး၊ ၊ညွန့် သက်ထားဦး
Operation of Plastic Bag Free Zone in Second Largest City

မန္တလေးမြို့ တော်ဝန်က ထုတ်ပြန်ထားသည့် ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း ပလတ်စတစ် အိတ် မ
သုံးစွဲရ စီမံချက်ကြောင့်မြို့ သူ မြို့ သားတို့ မှာ နေ့ စဉ် လူမှု ဘ၀များတွင် အခက်အခဲ များ နှင့် ကြုံတွေ့ 
နေရ ကြောင်းသတင်းရရှိသည်။
ပလတ်စတစ် မသုံးစွဲ ရစီမံ ချက်ကြောင့် အခက်အခဲ တွေ့ နေသောအိမ်ရှင် မတစ်ဦးက “ကန်စွန်း
ရွက် လို ဟာမျိုးကျတော့ ဈေးခြင်းထဲ ထည့် လာလို့ ရတာပေါ့ အသားငါး ၀ယ်ပြီးတဲအခါကျ
တော့ အခုလို ဆိုင်တွေက ကျွတ်ကျွတ် အိတ်ထည့်မပေးတော့ အိမ်က ဗူးတွေ ခွက်တွေ ထည့်လာရတော့ အတော် ဒုက္ခရောက် တာပေါ့ ”ဟု Freedom News Group သို့ ပြောသည်။
လက်ဖက်ရည် ဆိုင်များနှင့် စားသောက် ဆိုင်များတွင် လည်း ပါဆယ် နှင့် စားသောက် ဖွယ်ရာများ ၀ယ် ယူသွားသည့် သူများအတွက် အိမ်မှ ဗူး၊ခွက်၊ဇလုံ စသည့် ထည့်စရာ ပစ္စည်းများ ယူဆောင် လာရန် အသိပေးထားသည်။
မန္တလေးမြို့ တွင်းပလတ်စတစ် အိတ်ကင်းစင်ရေးစီမံချက် အတွင်း ကျွတ်ကျွတ် အိတ် သုံးစွဲခြင်း၊
ရောင်းဝယ် ဖောက်ကားခြင်းတို့ ကို တွေ့ ရှိပါက အရေးယူခံရမည်ဖြစ်သည်။
မန္တလေး စည်ပင်သာယာရေးကော်မတီက ဈေးချိုအနီးရှိ LED ကြော်ငြာ ဆိုင်းဘုတ် တွင် ပလတ်စတစ် အိတ် အစား စက္ကူ၊အင်ဖက်၊ကြာရွက်၊ဗာဒံ ရွက် ၊ငှက်ပျောရွက် များကို သုံးစွဲ သွားရန် တိုက် တွန်း နှိုးဆော်ထားသည်။
ယခုကဲ့သို့  ပလတ်စတစ် အိတ်များကို သုံးစွဲ ခွင့်မပြုခြင်းမှာ မိုးရာသီ တွင် ရေမြောင်းများဉ် ပလတ်စတစ် အိတ် အညစ်အကြေးများ ပိတ်ဆို့ နေသောကြောင့် ဖြစ်သည် ဟု သိရသည်။ ၁၉၉၃ ခုနှစ်ခန့် က ရန်ကုန် တွင် ကွမ်းမရောင်းရ စီမံချက် လုပ်ခဲ့သော် လည်း မအောင် မြင်သော ကြောင့် ယခုမန္တလေး ဂျွတ်ဂျွတ် အိတ် အော်ပရေးမှာ လည်း မကြာခင် နတ္ထိတံ သွား နိုင်ကြောင်း မန္တလေး မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက သုံးသပ်သည်။
