
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ ပွဲ အတွက်
ရန်ကုန်မြို့ တွင် စစ်အစိုးရ က လုံခြုံရေး အထူး
တင်းကျပ် ထားသော် လည်း ဒေါ်အောင် ဆန်းစု
ကြည်အားထောက်ခံသူများက ယနေ့ မနက် အစော
ပိုင်းကတည်းက စတင်၍ ရွှေတိဂုံ စေတီ တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှင့်
ကျန်းမာရေး တို့ အတွက် ပန်း၊ရေချမ်းဆီမီး တို့ 
ကို ကပ်လှု ပူဇော် ကြကြောင်းသတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရွှေတိဂုံ ဘုရားပေါ်တွင် တက်ရောက် ဆုတောင်းပေးခဲ့သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် အမျိုးသမီးတစ် ဦးက “ဘုရားပေါ်မှာ တောင် သေနတ်နဲ့ စောင့်နေကြတာ အင်ဖေါ်မာ တွေ ထောက်လှမ်းရေးတွေ ကလည်း အများကြီးပဲ အမေ ကတော့ အင်္ဂါထောင့် မှာ အမ အတွက် ဆုတောင်းပေးတယ် ၊တချို့ ကတာ့ ဒေါ်အောင် အောင် ဆန်းစုကြည် အမြန် ဆုံးလွတ်မြောက် ပါစေ ၊ကျန်းမာပါစေ ဆိုပြီး ခပ်ကျယ်ကျယ် ဆုတောင်းပေးသူ တွေလည်းရှိ တယ် သူ တို့ ဆိုရင် အနားကိုထောက်လှမ်းရေး က ရောက်လာ ရော အခုထိ တော့ ဘာအန္တရာယ် မှ မပေးသေး ဘူး ငှက် မရောင်းရ တော့ ငှက် မလွှတ်ရ ဘူး နောက် ပန်း လှုပြီးရင် လှုပြီးတဲ့ ပန်းတွေ ကို ဂေါပက တွေက ချက်ခြင်းပြန် သိမ်းတယ်၊ နို့ မို့ ဆိုရင် ပန်းတွေ ဘုရားပေါ်မှာ အပြည့်ဖြစ်နေမှာ ” ဟု ဘုရားပေါ်တွင် သူ ကြုံတွေ့ ခဲ့သည့် အခြေအနေ များကို Freedom News Groupသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ အထိမ်းအမှတ် အား အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင်
လည်းကျင်းပပြီးနိုင်ငံ တကာ ရောက် မြန်မာ မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူ နိုင်ငံခြားသားတို့ ကလည်း ကျင်းပသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ်မေလတွင် နေအိမ် အကျယ်ချုပ် သက်တမ်းပြည့် ပြီးသော်လည်း စစ်အစိုးရက မတရား အမှု ဆင် ဖမ်းဆီးတရားစွဲ ဆိုကာ အင်းစိန် ထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားသည်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင့် သူမ လွတ်မြောက်ရေး အတွက် မြန်မာ လူငယ်များက Face Book နှင့် Twitter အစရှိသည့် Social Networking ဆိုက်များတွင် အွန်လိုင်းလှုပ်ရှားမှု များပြုခဲ့ကြသည်။
ဒေါ်အောင် ဆန်းစုကြည်သည် ကမ္ဘာ့ ပထမ ဦးဆုံးသော အကျဉ်းထောင် တွင်း မွေးနေ့ ပွဲဆင် နွှဲရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သည်။

“မွေးနေ့တိုင်းမှာ ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေ၊ ဒီလို လူများနဲ့ ဘ၀ တက်တိုင်း ဝေးပါစေ”
ဒီသတင်းကိုဖက်ပြီး ကျွန်တော်တို.လည်း စိတ်မကောင်းပါဘူး။ ထက်တူထက်မျှ ခံစားရပါတယ် ။