၁၉ ဇွန် တီဟီရန်၊ ၊စီအန်အန် နှင့်အာရပ်ရုပ်သံ သတင်းများ
Iranian Protests Step-Up

တီဟီရန် ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ မကျေနပ်ကြ တဲ့ အီရန်ကျောင်းသားလူငယ်နဲ့ ပြည်သူလူထုတွေ ရဲ့ ဆန္ဒပြပွဲ တွေ မှာ အီရန် စစ်တပ် လို့ ဆိုရမယ့် အီရန် တော်လှန်ရေး အစောင့်တပ် က လေ့ကျင့် ပေးထားတဲ့ Basilj ဆိုတဲ့ လက်မရွံ့ အဖွဲ့ တွေက ပစ်သတ်လို့ သေဆုံးသွားကြရတဲ့ ကျောင်းသားပြည် သူ ရှစ်ဦး အတွက် ၀မ်းနည်းကြေကွဲ ခြင်းအထိမ်းအမှတ် နေ့ အခမ်းအနားကို ကြာသပတေး နေ့ က တီဟီရန် မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို တီဟီရန် မြို့ သူမြို့ သား ထက်ဝက်ကျော် ပါဝင်ဆင်နွှဲ ခဲ့ပြီး ကျဆုံးသွားတဲ့သူတွေ အတွက် ၀မ်းနည်း ကြေကွဲ တဲ့ အထိမ်းအမှတ် အနေ နဲ့  အနက်ရောင်ဝတ်စုံတွေ ၀တ်ပြီး၊အစိမ်းရောင်လက်ပတ် တွေ ကိုယ်စီ ဆင်မြန်း ကာ တီဟီရန် မြို့ လယ်က အာလမ် ခိုမေနီ ရင်ပြင်မှာ ပန်းတွေ လာရောက် ချထားကြသလို ည ပိုင်းမှာတော့ ဖယောင်းတိုင် တွေ ကိုယ်စီ ထွန်းကာ ဆုတောင်း ခဲ့ကြပါတယ်။
ကျဆုံးသွားသူ များအတွက် ၀မ်းနည်းခြင်းအမှတ်တရ ဆုတောင်းပွဲ ကို ဒီနေ့ မှာ ပြုလုပ် ဖို့ အီရန် ပြုပြင်ပြောင်းလဲရေးဝါဒီ ဟူစိန် မူဆာဗီကပဲ ပြည်သူတွေ ကို တောင်းဆို တိုက်တွန်း ခဲ့တာဖြစ်ပြီး ဒီနေ့ အခမ်းအနားမှာ သူက ပြည်သူတွေ ကို အဆုံးသတ်ထိ တောင်းဆို တိုက်ပွဲ ၀င်ဖို့ နှိုးဆော်ခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုဘာ မားကတော့ အာမာဒီနီဂျက် ပဲ အာဏာရရ မူဆာဗီပဲ အာဏာရရ အီရန် နိုင်ငံရဲ့ပေါ်လစီ ဟာ အပြောင်းအလဲ ရှိမှာ မဟုတ်တဲ့ အတွက် သူဟာ အီရန် အရေးမှ စိတ်လိုလက်ရသိပ် မရှိပုံ နဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းစာတွေ ကတော့ တာဝန် မဲ့တဲ့ အပြုအမူ လို့ သူ့ ကိုဝိုင်းဝန်းဝေဖန် ခဲ့ကြပါတယ်။
အီရန် ပြည်သူ လူထု ရဲ့ တောင်းဆို ဆန္ဒပြ မှု တွေ ဟာ တစ်နေ့ ထက် တစ်နေ့ ပို အားကောင်း လာပြီးတစ်နေ့ ကို ရှစ်ဆ မက တိုးတိုးလာတဲ့ အတွက် အီရန် အာဏာရှင် ခိုမေနီ အတွက် ခေါင်းခဲစရာ ဖြစ်နေတယ် လို့ အယ်အာရေးဗီးယား သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။
ဆန္ဒပြသူတွေ ပိုမိုအားကောင်းလာတဲ့ အတွက် အစိုးရ လိုလားတဲ့ စစ်သွေးကြွ အုပ်စု တွေ ငြိမ်သက်နေတယ် လို့ တီဟီရန် ဘလောက်ဂါ တစ်ဦးက စီအန်အန် သတင်းဌာန ကိုပြောပါတယ်။နိုင်ငံ ရဲ့ အခြား နေ ရာတွေ မှာ ပေါ်ပေါက် နေတဲ့ ဆန္ဒပြပွဲ တွေ မှာတော့ အစိုးရ နှုတ်ထွက်ပေး ဖို့ ထိတောင်းဆိုကြတယ် လို့ သိရပါတယ်။
ဘေးကျပ် နံကျပ် ဖြစ်နေ တဲ့ အီရန် ထိပ်တန်းကောင်စီ ကတော့ စနေ နေ့ မှာ သမ္မတလောင်း သုံးဦးနဲ့ တွေ့ ဆုံးဆွေးနွေး မယ် လို့ ကြေညာခဲ့ပေမယ့် အီရန် အာဏာပိုင် တွေ ဟာ ဒီအုံကြွမှုကြီးကို ပါးနပ်စွာဖြေရှင်းမှု မပြုလုပ် နိုင်ခဲ့ ဖူးဆိုရင် အီရန် အာဏာရှင် စနစ် ဟာ နောက်ဆုံး ထွက်သက် ဖြစ်သွားမယ် လို့  နိုင်ငံတကာ လေ့လာရေးဌာန ရဲ့ သတင်း ထုတ်ပြန် ချက်မှာ ဖေါ်ပြထားပါတယ်။
ဆန္ဒပြပြည် သူတွေ ဟာ ပိုပြီးစနစ် တကျရှိလာတာရယ် ဆက်သွယ်ရေးနည်းပညာတွေ ကိုပိုပြီး
ထိထိရောက်ရောက် သုံးတတ်လာတာရယ် တို့ ကြောင့် အာဏာပိုင်တွေ ဟာ နှိပ်ကွပ်ရ ပိုခက်လာ
ပါတယ်။
အီရန် အစိုးရ ကတော့ ထုံးစံအတိုင်း အမေရိကန် က ဆန္ဒပြ သူ တွေ နဲ့ ဘလောက်ဂါတွေ ကို ငွေ
ကြေးထောက်ပံ့မှု ပေးတယ် လို့ စွပ်စွဲထားပါတယ်။

နမူနာ ယူထားကြ…