လူငယ်ခေါင်းဆောင် သမ္မတ ဟောင်းရပ်(ဖ)ဆန်ဂျာနီ သမီး အဖမ်းခံရ တနင်္ဂနွေ ဆန္ဒပြပွဲ ဆယ်ဦးသေ

၂၁ ဇွန် တီဟီရန်၊                ၊CBS NEWS နှင့် အီရန် ဘလောက်သတင်းများ

Riot police tackle Iran protests

ရရာလက်နက် ကိုင်ဆွဲ၍ ခုခံနေသော အီရန် ပြည်သူများ
ရရာလက်နက် ကိုင်ဆွဲ၍ ခုခံနေသော အီရန် ပြည်သူများ

တနင်္ဂနွေ နေ့ က အီရန် ပြုပြင်ပြောင်းလဲရေး လိုလားသူများ၏ ဆန္ဒပြပွဲ တွင် စစ်တပ်ကလေ့ကျင့်ပေး
ထားသည့် Basij ပြည်သူ့ စစ်များက ပစ်ခတ်မှုကြောင့် ဆယ်ဦးသေဆုံးခဲ့ရသည်။ယမန်နေ့ က လူလေးဆယ်ကျော် သေဆုံးပြီး ခြောက်ရာ ကျော် လောက် အဖမ်းခံရတဲ့ ဆန္ဒပြပွဲ မှာ လူငယ်တွေ ကိုဦးဆောင်စည်းရုံးတရားဟောခဲ့တဲ့ သမ္မတ ဟောင်းရဖ်ဆန်ဂျာနီ ရဲ့ သမီးဖြစ်သူ ဖေဇယ်ရပ် ဆန်ဂျာနီ အပါအ၀င် ဆွေမျိုးဆယ်ဦးထက် မနည်းကို ရဲက ဖမ်းဆီးသွားပါတယ်။

ရပ်ဆန်ဂျာနီ ဟာ ၁၉၈၉ ခုနှစ်က နေ ၁၉၉၇ ခုနှစ် အထိ အီရန်နိုင်ငံရဲ့ သမ္မတ တာဝန်ကိုထမ်း
ဆောင်ခဲ့တာဖြစ်ပြီး အခု ရွေးကောက်ပွဲ မှာ မဲလိမ်ခံရ မှုကြောင့် ရှုံးနိမ့် ခဲ့တဲ့ ဟူစိန် မူဆာဗီ ကိုထောက်ခံသူ ဖြစ်ပါတယ်။ ဒီသီတင်းတစ်ပတ် ကျော်ကြာပြီ ဖြစ်တဲ့ ဆန္ဒပြပွဲ တွေ ကြောင့် အီရန် အာဏာ ပိုင် အဖွဲ့ အတွင်း မှာ သဘောထားကွဲ လွဲစတွေ ပြုနေပြီး အက်ရာထင်နေပြီ ဖြစ်ကြောင်း
ကိုင်ရို တက္က သိုလ် က ပါမောက္ခ တစ်ဦးက သုံးသပ် ပါတယ်။

စနေ နေ့ က လူလေး ဆယ်ကျော် သေဆုံးခဲ့ရပေမယ့် ဆန္ဒပြမှု တွေ ဟာ ရပ်ဆိုင်းမသွားဘဲ တနင်္ဂနွေ
နေ့ မှာ ပို အားကောင်းလာခဲ့ပါတယ်။တနင်္လာနေ့ ရုံးဖွင့် ရက် တွေ မှာ တော့ အစိုးရ ၀န်ထမ်းတွေ ဟာ
ရုံးမသွားပဲ ဆန္ဒပြ ကြာမယ်ဆိုရင် အစိုးရ ယန္တယား တွေ အားလုံးရပ် ဆိုင်းသွားမှာ ဖြစ်ကြောင်း အီရန် ဘလောက်ဂါတစ် ဦးက တိုက်တွန်း ထားပါတယ်။

အီရန် ပြုပြင် ပြောင်းလဲရေး လိုလားသူတွေ ကလည်း အာဏာပိုင်တွေ ရဲ့ နှိပ်ကွပ်မှု တွေ ကို ရရာ
လက်နက် ကိုင်စွဲ ပြီးပြန်ခုခံကြ လို့ မြို့ ပြ ပြည်တွင်းစစ် ပုံသဏ္ဍန် မျိုးအသွင်ပြောင်းသွား နိုင်ကြောင်း
စီဘီအက် သတင်းတစ်ရပ် မှာ ဖေါ်ပြ ထားပါတယ်။