အီရန် ဆန္ဒပြသူများကို စစ်တပ် နှင့် ရဲက အကြမ်းဖက် နှိမ်နှင်းသဖြင့် လူ၁၅၀ နီးပါးသေဆုံး

၂၁ ဇွန် တီဟီရန်၊                     ၊စီအန်အန် နှင့် အာရပ်သတင်းဌာန များ

19 people died in unrest Saturday in Tehran, Iran, hospital sources say. Unconfirmed reports put the death toll at 150.Facebook page of Mir Hossein Moussavi says he’s ready for “martyrdom”

လေပေါင်းအားပြင်းသောမီးသတ်ပိုက်ဖြင့် ဆန္ဒပြသူများ ကို နှိမ်နှင်းနေစဉ်
လေပေါင်းအားပြင်းသောမီးသတ်ပိုက်ဖြင့် ဆန္ဒပြသူများ ကို နှိမ်နှင်းနေစဉ်

သောကြာနေ့ က အီရန် နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အယာတိုလာ ခိုမေနီက ဆန္ဒပြ
ပွဲတွေ ကို အဆုံးသတ် ဖို့ ဟူစိန် မူဆာဗီ ကို ထောက်ခံသူတွေ ကို တိုက်တွန်းခဲ့ပါတယ်။ဒါပေမယ့် နောက် တစ်နေ့ စနေနေ့ မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ဟာ တီဟီရန် မြို့ ရဲ့ လမ်းတွေပေါ်မှာ
မနက် ၁၀ နာရီ လောက် ကတည်းက စုရုံးခဲ့ကြပြီး ဆန္ဒပြမှု တွေ ကို စတင်ခဲ့ကြပါတယ်။

နေ့ လည် ပိုင်းလောက်မှာ တော့ ဆန္ဒပြသူတွေ ကို ဆိုင်ကယ် စီးရဲတပ်ဖွဲ့ ဝင်တွေ က တုတ် တွေနဲ့ အတင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မျက်ရည် ယိုဗုံးတွေ မီးသတ် ပိုက်တွေ သုံးကာ ဖြိုခွဲခဲ့ပါတယ်။ရဲ
နဲ့ စစ်တပ်က လေ့ကျင့်ပေးထားတဲ့ လက်နက် ကိုင် အဖွဲ့ တွေရဲ့ အကြမ်းဖက် ဖြိုခွဲ မှုကြောင့် စနေနေ့ က လူ ၁၉ ယောက်သေဆုံးတယ်လို့  အီရန် သတင်းတွေ က အတည် ပြုပြောကြားပြီး နိုင်ငံတကာ စောင့် ကြည့်လေ့လာရေး အဖွဲ့ တွေကတော့ အနည်းဆုံး ၁၅၀ ကျော် သေဆုံးတယ် လို့ ဖေါ်ပြထားတာကို စီအန်အန် သတင်းမှာ ဖေါ်ပြထားပါတယ်။

ဆန္ဒပြကျောင်းသားများက နှိမ်နှင်းသူများကို ခုခံနေကြစဉ်
ဆန္ဒပြကျောင်းသားများက နှိမ်နှင်းသူများကို ခုခံနေကြစဉ်

ပြုပြင်ပြောင်းလဲရေးဝါဒီ ဟူစိန် မူဆာဗီက တော့ ဆန္ဒပြသူတွေကို ဦးဆောင်မှု ပေးရင်းသူ ဟာ အာဇာနည် အဖြင့် သေပွဲ ၀င်မယ် လို သူ့ ရဲ့ ဆိုရှယ် နက်ဝခ် တစ်ခု ဖြစ်တဲ့ Face Book စာမျက်နှာမှာဖေါ်ပြထားပါတယ်။

အီရန် ကိစ္စမှာ ကြားနေလွန်းအားကြီးတယ် လို့ ရီပတ်ဘလစ်ကန် တွေ နဲ့ သတင်းစာဆရာတွေ ကသောသော ညံအောင် ဝေဖန်ခြင်းခံထားရ တယ့် အမေရိကန် သမ္မတ အိုဘားမားက တော့ စနေ နေ့ က အာဏာပိုင် တို့ ရဲ့  အင်းအားသုံးဖြိုခွဲ မှုတွေ ကို ချက်ချင်းရပ် ဆိုင်းဖို့ တောင်းဆိုလိုက်
ပြီး အီရန် အာဏာ ပိုင်တွေ အနေနဲ့ မိမိရဲ့ ပြည်သူတွေကို သတ်ဖြတ်နေမှု အပေါ်ချက် ခြင်းရပ်ဆိုင်းပေးဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဟာ အနက်ရောင် ၀တ်စုံ နဲ့  အစိမ်းရောင် ခေါင်းစီးတွေ ကို ၀တ်ဆင်ထားကြပြီး
ရဲတွေ က ပိတ်ဆို့ ထားတဲ့ အတားအဆီးတွေ ကို ကျော်ဖြတ် ကာ ဆန္ဒပြ အဖွဲ့ တစ်ခု နဲ့ တစ်ခုပူး
ပေါင်းလို့ ရအောင် စီစဉ်ခဲ့ကြပါတယ်။

လုံခြုံရေးအဖွဲ့ ဝင်တွေက ဆန္ဒပြသူတွေကိုရိုက်နှက် ဖမ်းဆီးခဲ့တဲ့ အထဲမှာ ကျောင်းသူတစ် ဦး
ဟာ အတင်းအဓမ္မ ရိုက်နှက်ခဲ့ရမှုကြောင့် နေရာမှာ ပင် သေဆုံးခဲ့ပါတယ်။အီရန်အာဏာ ပိုင်တွေက နှိပ်ကွပ်မှု တွေကိုပို ပြင်းပြင်းထန်ထန် ပြုခဲ့ပေမယ့် လည်း ဆန္ဒပြမှု တွေကတော့စနေနေ့  ညဘက် ထိ ဆက်လက် ဖြစ်ပွားဆဲ လို့ ဆိုပါတယ်။