၂၂ ဇွန် ဆိုလ်း ကိုရီးယား၊ ၊Fox News
U.S. Navy Intercepts North Korea Ship Toward Burma

မြောက်ကိုရီးယား နိုင်ငံမှ မြန်မာ နိုင်ငံသို့ ဦးတည် ခုတ်မောင်းလျှက်ရှိသည့် တန်ချိန် နှစ်ထောင်
ကျော် ရှိ ကန်နန် အမည်ရှိသင်္ဘောတစ်စီးကို အမေရိကန် ရေတပ်က ဖျက်သင်္ဘော အုပ်စုက နောက်ယောင်ခံ လိုက်လျှက်ရှိသည် ကို ဖောက်(စ)သတင်းဌာန က ဖေါ်ပြထားသည်။
ထိုသဘောင်္သည် ဗုဒ္ဓဟူးနေ့ က
မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ်မြို့ အနီး နမ်ပို ဆိပ်ကမ်း မှ ထွက်ခွာလာပြီးတရုတ် နိုင်ငံ ကမ်းရိုးတန်းများမှ တစ်ဆင့် စင်္ကပူတွင် ဆီဖြည့်ပြီးနောက် တွင်မြန်မာ နိုင်ငံ သို့ ဦးတည် ခုတ်မောင်းလျှက် ရှိနိုင် ကြောင်းဖေါ်ပြထားသည်။
လွန်ခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက လက်နက်ရောင်းချ မှု အသစ်ပြုလုပ်ပြီးနောက် ပထမဦးဆုံး သံသယဖြစ်စရာ ကောင်းသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည် ဟု ဆိုသည်။သင်္ဘောတွင်မည်သည့် ပစ္စည်းများ တင်ဆောင် ထားသည် ကို အတိအကျ မသိရသော်လည်း တောင်ကိုးရီးယား ရုပ်မြင်သံကြားမှ သတင်းတစ်ရပ် တွင်မူ အထီးကျန် မြောက်ကိုရီးယား နိုင်ငံသည်ထိုကဲ့သို့ သော သင်္ဘော ငါးစီးဖြင့် လက်နက် တင်ပို့ ရောင်းချ မှု များပြုလုပ်သည် ဟု သိရသည်။
စင်္ကာပူတွင် ဆီဖြည့်မည် ဟူ ယူဆရသော ထိုသဘောင်္ သည် တရုတ် ကမ်းရိုးတန်းမှတနင်္လာနေ့ မနက် အစောပိုင်းတွင် ခွာချိန်၌ အမေရိကန် သဘောင်္တို့ က အမိန့် ရလျှင် ကြားဖြတ် ဟန့် တားစစ်ဆေး နိုင်ကြောင်း
ကိုရီးယား သတင်းဧ ဂျင်စီ ယောင်ဟပ် တွင် ဖေါ်ပြထားသည်။
ကန်နန် သင်္ဘောသည် ၂၀၀၆ ခုနှစ်က လက်နက်များ သယ်ဆောင် လာစဉ် ဟောင် ကောင် ဆိပ်ကမ်း၌ ဖမ်းဆီးရမိခဲ့ဖူးသည်။အမေရိကန် ပစိဖိတ် ရေတပ် အုပ်စု ကမူ မြန်မာ နိုင်ငံ သို့ မရောက်ရှိ ခင် ဆီဝင်ဖြည့် မည့် နိုင်ငံများကို ထိုသင်္ဘော အားဆီ မဖြည့်ပေးရန် ပန်ကြားထား
သည်။
မြောက်ကို ရီးယား နိုင်ငံသည် ယဉ်ကျေးသော ကမ္ဘာ့ နိုင်ငံများကို ခြိမ်းခြောက် နေသည့်ရန်လို သည့်နိုင်ငံ ဖြစ်သည်။ယခု လက်နက် များတင် ဆောင်လာသည် ဟု ထင်ရသော ကန်နန် သင်္ဘော
မြောက်ကိုရီးယား နိုင်ငံ၏ အမျိုးသားကာကွယ်ရေးကော်မရှင် ဥက္ကဌ နေရာကို ကင်ဂျုံအီ ၏ အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအ ရာထူးဆက်ခံပြီးချိန် တွင် ပေါ်ပေါက်ခဲ့သော ပထမဦး ဆုံးဖြစ်
ရပ် ဖြစ်သည်။
ကင်ဂျုံအာသည် ဆွစ်ဇာလန် နိုင်ငံတွင် ပညာ သင်ကြားခဲ့ပြီး အသက် ၂၆ နှစ်ရှိပြီဖြစ်သည်။ရီ
ပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းက လည်း စီဘီအက်(စ)သတင်းဌာန
နှင့် တွေ့ ဆုံခန်းတွင် ထို သဘောင်္ကို ကြားဖြတ်စစ်ဆေး၍ လက်နက် ပိတ်ဆို့ မှု ကို ချိုးဖောက်မှု
ရှိမရှိ သိသာ ထင်ရှားအောင် လုပ်သင့်သည် ဟုဆိုသည်။
မြန်မာ နုင်ငံ ၏ ဆိပ်ကမ်းများသည် မြောက်ကို ရီးယားလက်နက် တင်ဆောင်လာသော သင်္ဘော
များအတွက် ခရီးတစ်ထောက် နားရာ နေရာဖြစ်သည်။
