အမေရိကန် စာနယ်ဇင်းဆရာ တစ်ဦးလာရောက်ပို့ ချဦးမည်

၂၃  ဇွန် ရန်ကုန်၊                  ၊တင်ကျော်ကျော်စိုး

American Journalist  Instructs  in Myanmar

မေလ က တိုင်းပြည်မှ နှင်ထုတ်ခံရသူ စာရေးဆရာမ ကာရင်းကုတ်
မေလ က တိုင်းပြည်မှ နှင်ထုတ်ခံရသူ စာရေးဆရာမ ကာရင်းကုတ်

မြန်မာ နိုင်ငံစာပေ နှင့် စာနယ်ဇင်း မှ သြဂုတ်လဆန်းတွင်စတင်ဖွင့်လှစ်မည့် စာနယ်ဇင်းပညာသင်တန်း အမှတ် ၂ အတွက် ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးမှ ကူညီပေးမှု ဖြင့် အမေရိကန် ကော်လိုရာဒိုတက္ကသို လ် မှ နည်းပြဆရာ တစ်ဦးဖြစ်သူ မစ္စတာ ဒေါက် ကော့ စပါးမှ လာရောက် ပို့ ချပေးမည် ဟုသိရသည်။

နှစ်ပတ်ကြာမြင့်မည့် ထိုသင်တန်းကို ဇွန်လ ၃၀ ရက်နေ့ မှ သြဂုတ် လ ၁၄ ရက်နေ့ ထိ ဖွင့်လှစ်မည်
ဖြစ်ပြီး ရန်ကုန် မြို့ ကုန်သည် လမ်းရှိ စာပေဗိမာန် တွင် ပို့ ချမည် ဖြစ်သည်။အမေရိကန် သတင်းစာဆရာ နှင့် အတူ ဂျာမနီ သတင်းစာ ဆရာ ဗျော့ ရသ်ချတ် ဆိုသူလည်း ပူးတွဲ သင်ကြားမည် ဖြစ်သည်။

ဖေဖေါ်ဝါရီ လက မြန်မာ နိုင်ငံတွင် ဆောင်းပါး နှင့် ဓာတ်ပုံပညာ သင်တန်း လာရောက် ပို့ ချသည့်
အမေရိကန် စာနယ်ဇင်းပညာ ကျွမ်းကျင်သူ ဇနီးမောင် နှံ နှစ်ယောက် ကို တရားဝင် ခွင့်ပြုခဲ့သော်
လည်း မေလတွင် ဒေါ်အောင် ဆန်းစုကြည် ၏ နေအိမ်သို့ အမေရိကန် နိုင်ငံသား ယက်တော ရေကူးဝင်ရောက် သည် ဆို သော ကိစ္စ နှင့် ဆက်စပ် ပတ်သက်သည် ဟု စွပ်ဆွဲပြီး နေအိမ် မှ နှင် ထုတ်ခဲ့သည်။

ဓာတ်ပုံ သတင်းထောက် ဂျယ်ရီရက် ဖန်း နှင့် ဇနီးဖြစ်သူ စာရေးဆရာမ ကာရင်းကုတ် တို့ မှာ မေလက မန္တလေး မြို့ တွင် သင်တန်းပို့ ချနေစဉ် ရဲ အထူးသတင်းတပ်ဖွဲ့ ဖမ်းဆီးပြီး တိုင်းပြည် မှ နှင် ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို စာနယ် ဇင်း ဇနီးမောင် နှံ နှစ်ယောက် မှာ ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံး ရှိ အမေရိကန် စင်တာမှ စီစဉ် ပေးမှု ဖြင့်ရောက် ရှိခဲ့ခြင်းဖြစ်သည်။၎င်း တို့ နှစ်ဦး၏ သင်တန်း များအတွက် ရန်ကုန်မြို့ အမေရိကန် သံရုံးက ဖွင့်လှစ်ထားသော အမေရိကန်စင်တာ၏ အစီအစဉ်ဖြင့်  ပြုလုပ်ခဲ့ခြင်းပင်  ဖြစ်သည်။

ကာရင်း ကုတ်(စ)တို့ ပို့ ချသော သင်တန်းများကို တက်ရောက် ဖူးသူ လူငယ် စာနယ်ဇင်း ဆရာ
တစ်ဦးက “စာပေ နဲ့ စာနယ်ဇင်း သင်တန်းက ဆိုရင် လျှောက် လို့ ရတယ် ဆိုပေမယ့် သူ တို့ နဲ့ နီးစပ်သူတွေ ကိုပဲ ခေါ်တာပါ။လာတဲ့ စာနယ်ဇင်းဆရာ တွေ ဆီကတော့ ပညာရတယ် ဒါပေမယ့် အစိုးရကခု တစ်မျိုး တော်ကြာတစ်မျိုးလုပ်နေ တော့ ဘယ်ကောင်းမလဲ ဟု Freedom News Groupသို့ ပြောသည်။

စာပေ နှင့် စာနယ် ဇင်းမှ ပို့ ချမည့် ထို သင်တန်းကို အမေရိကန် စင်တာ နှင့် ဂျာမန် အကူ အညီပေးရေးအဖွဲ့ အစည်းတစ် ခုဖြစ်သော Fredrich Ebert Stifturge  ဖောင်ဒေးရှင်းမှ ကူညီပံ့ ပိုးပေးခြင်းဖြစ်သည်။