အီရန် နိုင်ငံရေးအန်တုမှု များတွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်လာ

၂၄ ဇွန် တီဟီရန်၊                      ၊စီအန်အန်

Iranian women stand up in defiance, flout rules

ဆန္ဒပြပွဲ တွင် ပစ်သတ်ခံရမှု ကြောင့်သေဆုံးသွားခဲ့သည့် အီရန် တက္ကသိုလ်ကျောင်းသူ နီဒါ ဆူတန်
ဆန္ဒပြပွဲ တွင် ပစ်သတ်ခံရမှု ကြောင့်သေဆုံးသွားခဲ့သည့် အီရန် တက္ကသိုလ်ကျောင်းသူ နီဒါ ဆူလ်တန်

စနေ နေ့ က ဖြစ်ပွားခဲ့သော တီဟီရန် ဒီမိုကရေစီ ရေး တောင်းဆို ဆန္ဒပြပွဲ များတွင် အစိုးရ တပ်က ပစ်ခတ် နှိမ်နှင်းခဲ့သဖြင့် သေဆုံးရသူ များတွင် အသက် ၂၆ နှစ် အရွယ်ရှိ တက္ကသိုလ် ကျောင်းသူ နီဒါ အီဟန် ဆူလ်တန် နီ မှာ အီရန် အမျိုးသမီး တို့ ၏ စံပြ ဖြစ်ခဲ့ပြီး သူသေဆုံးရမှု ကြောင့် အီရန် အမျိုးသမီးများ ၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ပို၍ အားကောင်းလာခဲ့သည်။

“နီဒါ ဆိုတာ ပါရှား ဘာသာ နဲ့ အသံ လို့ အဓိပ္ပာယ်ရတယ်။သူဟာ အီရန် ပြည်သူလူ ထုရဲ့ အသံဖြစ်တယ်။ဒီမိုကရေစီ လိုလားတဲ့ အီရန် ပြည်သူလူထု တွေ ရဲ့ သင်္ကေတ လည်းဖြစ်တယ် ”လို့ တီဟီရန် အာဇတ် တက္က သိုလ် မှာ သူနဲ့ အတူ ဒဿနိက ဗေဒ ပညာရပ် သင်ကြားခဲ့ဖူးသူ တစ်ဦးက စီအန်အန် သတင်းဌာန ကို ပြောသည်။

ရဲတပ်ဖွဲ့ ကပစ်ခတ်ခဲ့သဖြင့် သူမလမ်းပေါ်လဲကျပြီး သေဆုံးရပုံကို လက်ကိုင်ဖုန်း ကင်မရာဖြင့် မှတ်တမ်းတင်ထားသော သူမ၏ နောက်ဆုံးထွက် သက် ဗီဒီယိုသည် ယူကျုဘ် ၀ဘ်ဆိုတ် တွင် တင်ထားရာမှ ကမ္ဘာ ကျော် သွားခဲ့သည်။

နီဒါသည် ဂီတ ပညာရှင် တစ်ဦးဖြစ်ရန် လေ့လာနေသော သူတစ်ဦးလည်း ဖြစ်ပြီး ကမ္ဘာ လှည့်ခရီးသွားလမ်းညွှန် တစ်ယောက် အဖြစ် ဒူဘိုင်း၊တူရကီ နှင့် ထိုင်း နိုင်ငံ များသို့ ရောက်ဖူးသူ ဖြစ်သည်။ဇွန်လ တွင် ကျင်းပခဲ့သည့် အီရန် ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ မသာမာ မှု ကြောင့် ရှုံး နိမ့်ခဲ့သော ပြုပြင်ပြောင်းလဲ ရေးဝါဒီ ဟူစိန် မူဆာဗီ အားထောက်ခံ ဆန္ဒပြပွဲ များတွင် အမျိုးသမီးအဖွဲ့အားဦးဆောင် ခဲ့သူ တစ်ယောက် ဖြစ်သည်။

တီဟီရန် တွင် မငြိမ်မသက် မှု များစတင် ဖြစ်ပွားကတည်းက အီရန် အစိုးရကဖမ်းဆီးထားသူ များတွင် အနည်းဆုံး အမျိုးသမီး ခုနှစ်ရာ ခန့် ပါဝင်မည် ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ များက ခန့်မှန်းထားသည်။

စနေနေ့ က အက်ဇဒါ ရင်ပြင် တွင် သေနတ်မှန်ပြီးနောက် မိနစ် အနည်းငယ် အတွင်း သေဆုံးခဲ့သည့်နီဒါ အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရန် စီစဉ် ထားသည် ကို အီရန် အစိုးရ က ခွင့်မပြုကြောင်း တီဟီရန် ဘလောက် တစ်ခု တွင် ဖေါ်ပြထားသည်။

တီဟီရန် ရဲချုပ် အက်ဇစ်ဇိုလာ ရာဂျာဆာဒဘ် က ဆန္ဒပြပွဲတွင် သေဆုံးရသူများအတွက် ကရုဏာကြေး ပေါင် ၁၈၀၀ ထောက်ပံ့သည်။

နီဒါ သေဆုံးပြီးနောက် ၀ါရှင်တန် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ၌ ၁၉၇၉ခု နှစ်က ဖြုတ်ချခံခဲ့ရသည့် ဘုရင် မိုဟာမက် ဖာလာဗီ ၏ သားဖြစ်သူ ရီဇာ ဖာလာဗီက နီဒါကို ရည် ညွှန်း၍ “သူဟာအီရန် နိုင်ငံရဲ့  ဂျုံးအော့ အတ် ပဲ ”ဟု ပြောဆိုခဲ့သည်။

ဆန္ဒပြပွဲ များကို ဦးဆောင်သည့် သမ္မတဟောင်း ရဖ်ဆန်ဂျာနီ ၏ သမီးဖြစ်သူ အား အီရန် အာဏာ
ပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်။အီရန် ပြူပြင် ပြောင်းလဲရေးဝါဒီ ဟူစိန် မူဆာဗီ ၏ ဇနီး
ဖြစ်သူ ဇာဟာရာ က အမျိုးသမီး များကို ဆက်လက် ဦးဆောင် ရာ အီရန် နိုင်ငံ ၏ နိုင်ငံရေး အန်
တု မှု များတွင် အမျိုးသမီးများ ပိုမို ရှေ့ တန်းရောက်လာကြသည်။