ဆန္ဒပြမှုများတွင် အာဏာပိုင်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သဖြင့် အီရန် အစိုးရအဖွဲ့ အတွင်းပြိုကွဲစပြုလာ

၂၅ ဇွန် တီဟီရန်၊                    ၊စီအန်အန်။လော့(စ်)ဂျလိစ် တိုင်း နှင့် အီရန်ဘလောက်သတင်းများ

Women in Iran’s protests: head scarves and rocks

မငြိမ်သက် မှု များ၏ နောက် တော်လှန်ရေး နှင့် အစိုးရဖြုတ်ချရေးက ကျွဲကူးရေပါ ဆိုသကဲ့သို့ ပါလာမည် ကို မသိပဲ ဘယ်အစိုးရတက်တက် အတူတူပဲ ဟူသော မှတ်ချက်ဖြင့် ကနဦး ဆန္ဒပြပွဲများ ကို ထောက်ခံမှု မပေးခဲ့သည့် အိုဘားမားမှာ ရွေးကောက်ပွဲ မတိုင်ခင်က အီရန် ခေါင်းဆောင် စီ ပေးပို့ ခဲ့သည့် ဆက်ဆံရေးတိုးမြှင့် ကြရအောင် ဟူသော စာကြောင့် ပြည်တွင်း ပြည်ပတွင် ဝေဖန်မှု များ နှင့် ကြုံတွေ့ နေ
မငြိမ်သက် မှု များ၏ နောက်တွင် တော်လှန်ရေး နှင့် အစိုးရဖြုတ်ချရေးက ကျွဲကူးရေပါ ဆိုသကဲ့သို့ ပါလာမည် ကို မသိပဲ ဘယ်အစိုးရတက်တက် အတူတူပဲ ဟူသော မှတ်ချက်ဖြင့် ကနဦး ဆန္ဒပြပွဲများ ကို ထောက်ခံမှု မပေးခဲ့သည့် အိုဘားမားမှာ ရွေးကောက်ပွဲ မတိုင်ခင်က အီရန် ခေါင်းဆောင် ဆီသို့  ပေးပို့ ခဲ့သည့် ဆက်ဆံရေးတိုးမြှင့် ကြရအောင် ဟူသော စာကြောင့် ပြည်တွင်း ပြည်ပတွင် ဝေဖန်မှု များ နှင့် ကြုံတွေ့ နေ

ဗုဒ္ဓဟူးနေ့ က အီရန် ဆန္ဒပြ သူ တွေ ဟာ ပါလီမန် ရှေ့မှာ စုဝေးခဲ့ပြီးအစိုးရ နှုတ်ထွက်ပေးရေးလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး စတဲ့ ကြွေးကျော် သံတွေ အော်ဟစ်ပြီး ဆန္ဒပြ တောင်းဆို ခဲ့ပါတယ်။အီရန် စစ်တပ် နဲ့ ရဲ အဖွဲ့ ကလည်း ဒီဆန္ဒပြမှု တွေ ကို မျက်ရည် ယို ဗုံးတွေ ၊နံပါတ် တုတ်တွေသုံးပြီး ဖြိုခွဲ ပေမယ့် အီရန် ကျောင်းသာပြည်သူ တွေ ဟာ ဖြိုခွဲ ခံရ လို့  မိနစ် လေးဆယ် ကြာမြင့်တိုင်းအခြား တစ်နေ ရာ မှာ ပြန်စုနိုင်ခဲ့ လို့ ဆန္ဒပြ မှုတွေ ကို နှိမ် နှင်း ဖို့ အလွန် ခက် နေကြောင်း တီဟီရန်ကလာတဲ့ လော့(စ်) အိန် ဂျလိစ် တိုင်း သတင်းတစ်ပုဒ် မှာ ဖေါ်ပြထားပါတယ်။

အီရန် တော်လှန် ရေးအစောင့်တပ်က လေ့ကျင့်ပေးထားတဲ့ ဘဆဂျစ်(Basisji) လို့ ခေါ်တဲ့ပြည်သူ့ စစ်တွေ နဲ့  ရဲ အစောင့် အဖွဲ့ တွေ ဟာ တီဟီရန်မြို့ ရဲ့ လမ်းတိုင်းမှာ စောင့်ကြပ်နေ ပေမယ့် ဆန္ဒပြသူတွေ ဟာ အီရန် အစိုးရ အဖွဲ့ တွင်းက ရာထူးကြီးမားစွာ ရယူထားတဲ့ သူတွေ ရဲ့ အကူအညီ ကိုရတာကြောင့် သူတို့ တွေဟာ အာဏာရှင် အစိုးရ တစ်ရပ် ကို ဖြုတ်ချဖို့ အဆင်သင့် ဖြစ်နေကြပြီ လို့ ဆိုပါတယ်။

စီအန်အန် သတင်းဌာနက ရထားတဲ့ အီရန် ဆန္ဒပြပွဲ ဓာတ်ပုံ တစ်ပုံမှာ တော့ အီရန် နိုင်ငံရဲ့ အာဏာရှိ အဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ ဥသျှောင်အဖွဲ့ အစည်းက မူလာ လို့ ခေါ်တဲ့ ဘာသာရေး ဆရာတစ်ယောက်ကတောင် ဆန္ဒပြပွဲ တွေ မှာ ဦးဆောင် ပါဝင်ပါတယ်။

တီဟီရန် ပြည်သူ လူထုရဲ့ ဆန္ဒပြပွဲတွေ ကို ထောက်ခံတဲ့ အနေနဲ့  တောင်ကိုရီးယား မှာ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အတွက် ကစားနေတဲ့ အီရန်ကစားသမားလေး ဦးဟာ ဆန္ဒပြပွဲ မှာ သေဆုံးခဲ့တဲ့ ပြည်သူတွေ ကို စာနာကြောင်း ပြတဲ့ အနေနဲ့ ပြိုင်ပွဲ ကနေ နှုတ်ထွက် သွားခဲ့ကြပါတယ်။

ယခင်အပတ်က ခြေစစ်ပွဲ တစ်ခုမှာလည်းသူ တို့ ဟာ ပြုပြင်ပြောင်း လဲရေးဝါဒီ မူဆာဗီ ကို ထောက်ခံတဲ့ အနေနဲ့  ပြိုင်ပွဲ ကျင်းပနေစဉ် မှာ အစိမ်းရောင် လက်ပတ်တွေ ကို ချဉ်နှောင်ထားခဲ့ပါတယ်။အီရန် အစိုးရက တော့ ဒီကစားသမားလေးဦးကို ရာသက်ပန် ကစားခွင့်
ပိတ်ပင် ခဲ့ပါတယ်။

ကစားသမားလေးဦး နှုတ်ထွက်ခဲ့သည့် အီရန် ဘောလုံးအသင်း
ကစားသမားလေးဦး နှုတ်ထွက်ခဲ့သည့် အီရန် ဘောလုံးအသင်း

ဆန္ဒပြပွဲ အတွင်းမှ ဖမ်းဆီးထိန်းသိမ်းခံထားရသူ တွေ အတွက် လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်း
သာရေး အဖွဲ့ ကြီး က စိုးရိမ်မကင်းဖြစ် မိတယ် လို့ သူ တို့ ရဲ့ ကြေငြာချက် ထဲ မှ ထုတ်ပြန် ထားပါ
တယ်။

သီတင်း နှစ်ပတ် နီးပါးကြာမြင့်ပြီ ဖြစ်တဲ့ အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲ တွေ ကြောင့် အီရန် အစိုး
ရ အဖွဲ့ အတွင်း မှာ အကွဲ အပြဲ တွေ ဖြစ်လာခဲ့ပြီး ယခု လက်ရှိ ဥသျှောင် အဖွဲ့ က သမ္မ တဟောင်း
ရပ်(ဖ)ဆန်ဂျာနီ ကတော့ပြည် သူတွေ ဘက်ကသာ သူရပ်တည် မယ်ဆိုတဲ့ အကြောင်း တရား
ဝင် ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

အီရန် ဘာသာရေးခေါင်းဆောင် အယာ တိုလာ အလီ ခိုမေနီ က တော့ အမေရိကန်က ပဲ ဖိအား
ပေးပေး ပြည်သူတွေက ပဲ ဖိအားပေးပေး အဖ အီရန် နိုင်ငံတော် ကြီး အတွက် သူဟာ ဦးညွတ်မှာ
မဟုတ်ဘူး လို့ ဗုဒ္ဓဟူးနေ့ ကတီဟီရန် ရေဒီယို ကို ပြောပါတယ်။

အီရန် နိုင်ငံရေး ကျွမ်းကျင် သူ အမေရိကန် အထက် လွှတ်တော် အမတ် တစ်ဦးက အီရန် နိုင်ငံ
ဟာ ဆုံးဖြတ်ရမယ့်အချိန် ရောက်နေပြီ ရွေးကောက်ပွဲ ရလာဒ် ကို ပြန်စဉ်းစားပေးလို့ လဲ လက်ရှိ
ဘာသာ ရေးခေါင်းဆောင် တွေ မှာ ဘာ ဆုံးရှုံးစရာ မှ ရှိမှာ မဟုတ် ဘူး လို့ ဆိုပါတယ်။

အီရန် အမျိုးသမီးများက လည်း သူ တို့ ၏ခေါင်းခြုံဝတ်ရုံများကို ဖြုတ်ပြီး ဆန္ဒပြကြပြီ
အီရန် အမျိုးသမီးများက လည်း သူ တို့ ၏ခေါင်းခြုံဝတ်ရုံများကို ဖြုတ်ပြီး ဆန္ဒပြကြပြီ

အီရန် ရဲ အဖွဲ့ တွေ က ဆန္ဒပြသူတွေ ကို တရိစ္ဆာန် လိုရိုက် နှက်ပြီး လူစု ခွဲနေတာတောင် အမျိုး
သမီးတွေ က သူတို့ ရဲ့  တောင်းဆို မှု တွေ ကို အရှိန် လျှော့ချဖို့ အစီအစဉ် မရှိဘူး လို့ ဆိုပါတယ်။

အီရန် ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ သမ္မတ ခိုမေနီ ကို စာတစ်စောင် ပို့ ခဲ့ဖူးပြီး အီရန် နဲ့ အမေရိကန် ဆွေးနွေးကြရအောင် လို့  ရေးသားခဲ့တဲ့ သမ္မတ အိုဘားမား ဟာ လည်း အကြီးအကျယ်ဝေဖန် ခံရမှု တွေ နဲ့ ကြုံတွေ့ ခဲ့ပါတယ်။