၂၅ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
Burma:No Information On Tracked North Korea Ship

ယနေ့ ည စစ်အစိုးရ အာဘော် မြန်မာ့ရုပ်မြင်သံကြားသတင်းအစီအစဉ် တွင် ယခုရက်ပိုင်းအတွင်း ရန်ကုန် သီလ၀ါ ဆိပ်ကမ်းသို့ လာရောက်၍ အိန္ဒိယ မှ ဆန်များသယ်ဆောင်လာ ရန် ရှိသည့် မြောက်ကိုရီးယားကုန် တင်သင်္ဘော ၀င်ရောက်ရန် ရှိသော်လည်း အမေရိကန် ဖျက်သင်္ဘော U.S. S.John Mccain မှနောက် ယောက်ခံ လိုက်နေ သည့် ကန်နန် ၁ နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆိပ် ကမ်း များသို့ ဝင်ရောက် ဆိုက်ကပ်ရပ်နား မည့် သတင်းတစ်စုံ တစ်ရာ မရရှိ ကြောင်း ကြေညာသွားခဲ့သည်။
နိုင်ငံ တကာသတင်းဌာန များမှ စစ်လက်နက် ပစ္စည်းများသယ်ဆောင် လာသော မြောက်ကိုရီးယားသင်္ဘော ကန်နန် မှာ မြန်မာ နိုင်ငံသို့ ဦးတည် နေသည် ဟု သတင်းရေးသားကြသော် လည်း မြန်မာဆိပ်ကမ်းသို့  အိန္ဒိယ နိုင်ငံ ကာလကတ္တားမှ ဆန်တန် ချိန် ၈၀၀၀ ကျော် တင်ဆောင် လာသည့် အမ်ဗွီ ဒူမန်ကန် သင်္ဘော သာလျှင် ဇွန်လ ၂၇ ရက် တွင် ဆိုက်ကပ် ရန် အစီအစဉ် ရှိကြောင်း ကြေညာသွားသည်။
ဇွန်လ ၁၇ ရက်နေ့ က မြောက်ကိုရီးယား နိုင်ငံ နမ်ပို ဆိပ်ကမ်းမှ ထွက် ခွာခဲ့သော တန်ချိန် နှစ်ထောင်ကျော်ရှိ ကန်နန် သင်္ဘော မှာ ကြာသပတေး နေ့ မနက် အစောပိုင်းတွင် ဗီယက် နမ်နိုင် နှင့် အနီးဆုံးတောင် တရုတ်ပင်လယ် နိုင်ငံတကာ ရေပိုင်နက် တွင် ရှိနေပြီး အမေရိကန် ဖျက် သင်္ဘော က ထပ်ချပ်မကွာ လိုက်လံ စောင့် ကြမ် လျှက်ရှိသည်။
လက်နက် များသယ်ဆောင် လာသည် ဆိုသော ထို သင်္ဘောအား အမေရိကန် အစိုးရမှ တစ်ဆင့်
ပင်တဂွန် စစ်ဌာနချုပ်မှ အမိန့် ရမှ တက်ရောက် ရှာဖွေ နိုင်မည် ဖြစ်သည်။
မြန်မာ စစ်အစိုးရ သည် မြောက်ကိုရီးယား နှင့် သံတမန် ပြန်လည် ဆက်သွယ်ချိန် မှစပြီး အကြီးစား စစ်လက်နက်ပစ္စည်း များ ၀ယ်ယူ မှု ရှိခဲ့သည် ဟု အပတ် စဉ် ထုတ် ဂျိမ်း ကာကွယ်ရေးစာစောင် တွင်ဖေါ်ပြထားသည်။
